ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ကိုဗစ်ပိုးနောက်ထပ် ၃ ယောက်တွေ့ရှိခဲ့တယ်လို့ မန်စီးတီးအတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းကတော့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် စကော့တ်ကာဆန် ၊ ပယ်လ်မာ နဲ့ ဝန်ထမ်းတစ်ဦးထံမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး လက်ရှိအချိန်အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၇ ဦးအထိ ရှိလာခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ ကိုဗစ်ပိုးတွေ့ရှိသူတွေများပြားနေပြီး လက်ရှိ ၃ ယောက်အပြင် စီးတီးကစားသမား ၆ ဦး ၊ ဝန်ထမ်း ၃ ဦး ၊ အကယ်ဒမီကစားသမား ၁ ဦး နဲ့ စီးတီးအမျိုးသမီးကစားသမား ၄ ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိထားတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့စီးတီးအသင်းဟာ ဒီနေ့ညမှာ ယူနိုက်တက်အသင်းနဲ့ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင်နွှဲရမှာဖြစ်ပြီး အင်္ဂါနေ့တုန်းကလည်း ပရီးမီးယားလိဂ်က စံချိန်တင်ပိုးတွေ့ရှိမှုအဖြစ် ၄၀ ဦးအထိ ရှိလာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့ ကာဆန် ၊ ပယ်လ်မာ နဲ့ ဝန်ထမ်းတစ်ဦးတို့ဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ အားလုံးကို ယူကေအစိုးရရဲ့စည်းမျည်းတွေအတိုင်း သီးခြားထားရှိသွားမှာပါ။

၃ ဦးစလုံး အမြန်ဆုံးပြန်လည်သက်သာပြီး အလုပ်ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါကြောင်း”လို့ စီးတီးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။စီးတီးအသင်းဟာ ပွဲကျပ်ကာလအတွင်း ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့တာကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကစားမယ့် အဲဗာတန်နဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

နယူးကာဆယ်ကိုအနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ကိုင်လီဝေါ်ကာ နဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး အဲ့နောက် နောက်ထပ် ၃ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် အဲဗာတန်ပွဲကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်ခင်မှာလည်း နောက်ခံလူ ဂါစီယာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပေမယ့် စပိန်သားက အသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ ဝေါ်ကာ နဲ့ ဂျီးဆပ်စ်တို့ကတော့ ဒီနေ့ညမှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲကို ပါဝင်နိုင်ဖွယ်မရှိသေးတာဖြစ်ပါတယ်။ ဒူဘိုင်းကိုသွားရောက်ခဲ့ပြီးနောက် မန်စီးတီးအမျိုးသမီးအသင်းကစားသမား ၄ ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာလည်း ကိုဗစ်ပိုးတွေ့ရှိမှုတွေများလာတာကြောင့် ၄ ပွဲလောက်ကို ရွှေ့ဆိုင်းခဲ့ရပြီး နယူးကာဆယ် နဲ့ ဗီလာအသင်းပွဲကလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲ့နောက် မန်စီးတီးပွဲက ဒုတိယ ၊ ဖူလ်ဟမ်ပွဲက တတိယ နဲ့ ဘန်လေပွဲက စတုတ္ထမြောက်ဖြစ်လာခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် အသင်းလူစာရင်းမှာ ပိုးတွေ့ရှိသူတွေများနေတာကြောင့် လူစာရင်းကို သတိထားကိုင်တွယ်နေရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္နဲ႔ပြဲမတိုင္ခင္ ကိုဗစ္ပိုးေနာက္ထပ္ ၃ ေယာက္ေတြ႕ရွိခဲ့တယ္လို႔ မန္စီးတီးအတည္ျပဳ

မန္စီးတီးအသင္းကေတာ့ ယူႏုိက္တက္နဲ႔ပြဲမတိုင္ခင္ စေကာ့တ္ကာဆန္ ၊ ပယ္လ္မာ နဲ႔ ၀န္ထမ္းတစ္ဦးထံမွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့တယ္လို႔ အတည္ျပဳခဲ့ျပီး လက္ရွိအခ်ိန္အထိ ကိုဗစ္ပိုးေတြ႕ရွိသူ ၁၇ ဦးအထိ ရွိလာခဲ့ပါတယ္။ မန္စီးတီးအသင္းမွာ ကိုဗစ္ပိုးေတြ႕ရွိသူေတြမ်ားျပားေနျပီး လက္ရွိ ၃ ေယာက္အျပင္ စီးတီးကစားသမား ၆ ဦး ၊ ၀န္ထမ္း ၃ ဦး ၊ အကယ္ဒမီကစားသမား ၁ ဦး နဲ႔ စီးတီးအမ်ိဳးသမီးကစားသမား ၄ ဦးတို႔မွာ ကိုဗစ္ပိုးေတြ႕ရွိထားတာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕စီးတီးအသင္းဟာ ဒီေန႔ညမွာ ယူႏုိက္တက္အသင္းနဲ႔ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ကို ဆင္ႏႊဲရမွာျဖစ္ျပီး အဂၤါေန႔တုန္းကလည္း ပရီးမီးယားလိဂ္က စံခ်ိန္တင္ပိုးေတြ႕ရွိမႈအျဖစ္ ၄၀ ဦးအထိ ရွိလာခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ “ကြ်န္ေတာ္တို႔ ကာဆန္ ၊ ပယ္လ္မာ နဲ႔ ၀န္ထမ္းတစ္ဦးတို႔ဆီမွာ ကိုဗစ္ပုိးေတြ႕ရွိခဲ့ပါတယ္။ အားလံုးကို ယူေကအစိုးရရဲ႕စည္းမ်ည္းေတြအတိုင္း သီးျခားထားရွိသြားမွာပါ။ ၃ ဦးစလံုး အျမန္ဆံုးျပန္လည္သက္သာျပီး အလုပ္ျပန္လုပ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါေၾကာင္း”လို႔ စီးတီးအသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

စီးတီးအသင္းဟာ ပြဲက်ပ္ကာလအတြင္း ကိုဗစ္ပိုးစတင္ေတြ႕ရွိခဲ့တာေၾကာင့္ ဒီဇင္ဘာ ၂၈ ရက္ေန႔မွာ ကစားမယ့္ အဲဗာတန္နဲ႔ပြဲကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။ နယူးကာဆယ္ကိုအႏုိင္ရရွိခဲ့တဲ့ပြဲအျပီးမွာ ကိုင္လီေ၀ၚကာ နဲ႔ ဂါဘရီရယ္ဂ်ီးဆပ္စ္တို႔မွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့ျပီး အဲ့ေနာက္ ေနာက္ထပ္ ၃ ဦးမွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့တာေၾကာင့္ အဲဗာတန္ပြဲကို ေရႊ႕ဆိုင္းခဲ့ရတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲမတိုင္ခင္မွာလည္း ေနာက္ခံလူ ဂါစီယာမွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့ေပမယ့္ စပိန္သားက အသင္းလူစာရင္းမွာ မပါ၀င္လာခဲ့ပါဘူး။

ေ၀ၚကာ နဲ႔ ဂ်ီးဆပ္စ္တို႔ကေတာ့ ဒီေန႔ညမွာ ကစားမယ့္ ယူႏုိက္တက္နဲ႔ပြဲကို ပါ၀င္ႏုိင္ဖြယ္မရွိေသးတာျဖစ္ပါတယ္။ ဒူဘိုင္းကိုသြားေရာက္ခဲ့ျပီးေနာက္ မန္စီးတီးအမ်ိဳးသမီးအသင္းကစားသမား ၄ ဦးမွာလည္း ကိုဗစ္ပိုးေတြ႕ရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာလည္း ကိုဗစ္ပိုးေတြ႕ရွိမႈေတြမ်ားလာတာေၾကာင့္ ၄ ပြဲေလာက္ကို ေရႊ႕ဆိုင္းခဲ့ရျပီး နယူးကာဆယ္ နဲ႔ ဗီလာအသင္းပြဲကလည္း ေရႊ႕ဆိုင္းခဲ့ရပါတယ္။ အဲ့ေနာက္ မန္စီးတီးပြဲက ဒုတိယ ၊ ဖူလ္ဟမ္ပြဲက တတိယ နဲ႔ ဘန္ေလပြဲက စတုတၳေျမာက္ျဖစ္လာခဲ့ပါတယ္။ ဂြါဒီယုိလာကေတာ့ ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ အသင္းလူစာရင္းမွာ ပိုးေတြ႕ရွိသူေတြမ်ားေနတာေၾကာင့္ လူစာရင္းကို သတိထားကိုင္တြယ္ေနရတယ္လို႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။