ယူနိုက်တက်နဲ့ပွဲမှာ တိုက်စစ်အသားပေးနည်းဗျူဟာကို စွန့်လွှတ်ဖို့ အကြောင်းမရှိဘူးလို့ ဘီယဲလ်ဆာ ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိဒ်ယူနိုက်တက်အသင်းနည်းပြ မာဆယ်လိုဘီယဲလ်ဆာက ယနေ့ညကစားရမယ့် ယူနိုက်တက်နဲ့အဝေးကွင်းပွဲမှာ တိုက်စစ်အသားပေးနည်းဗျူဟာကို စွန့်လွှတ်သွားမှာမဟုတ်ကြောင်း အခိုင်အမာပြောပါတယ်။


ဘီယဲလ်ဆာက ယူနိုက်တက်အသင်းရဲ့တန်ပြန်တိုက်စစ်ကောင်းမွန်မှုကို သိနားလည်ထားပေမယ့် ပုံမှန်ကစားနေကြနည်းဗျူဟာကနေ ခွဲထွက်သွားမှာမဟုတ်ကြောင်း ပြောခဲ့တာပါ။
ယူနိုက်တက်ဟာ ကြာသပတေးညက ရှက်ဖီးယူနိုက်တက်ကို ၂-၃ ဂိုးနဲ့အနိုင်ယူကာ ယခုရာသီလိဂ်အဝေးကွင်းပွဲတိုင်းအနိုင်ရထားပေမယ့် အိမ်ကွင်းမှာတော့ ၆ပွဲအနက် ၁ပွဲသာအနိုင်ရထားပြီး တိုက်စစ်ကလည်း ၃ဂိုးသာသွင်းယူထားနိုင်ပါတယ်။

အိုးထရက်ဖို့ဒ်ကို ရောက်လာတဲ့နည်းပြတွေက ယူနိုက်တက်ကို နေရာလွတ်တွေမပေးမိအောင် အထူးသတိထားခဲ့ပြီး စီးတီးနည်းပြဂွါဒီယိုလာတောင် ပြီးခဲ့တဲ့အပတ်က အဲဒီနည်းဗျူဟာအတိုင်း ချဉ်းကပ်ခဲ့ကာ မန်ချက်စတာဒါဘီပွဲကလည်း ဂိုးမရှိသရေကျသွားပါတယ်။


ဒါပေမဲ့ အင်္ဂလန်မြောက်ပိုင်းက အားပြိုင်မှုပြန်လည်စတင်လာမှုနဲ့အတူ ၂၀၀၄ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်တွေ့ဆုံမှုမှာ ဘီယဲလ်ဆာက ခံစစ်ပိတ်ကစားသွားမှာမဟုတ်ကြောင်း အခိုင်အမာပြောပါတယ်။
”ကစားမယ့် နှစ်သင်းစလုံးက ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ပဲ ကစားချင်နေမယ်ဆိုရင် ပွဲလို့တောင် သတ်မှတ်လို့မရလောက်ပါဘူး။ တန်ပြန်တိုက်စစ်ကစားမယ်ဆိုရင် အရာနှစ်ခုက အရေးကြီးပါတယ်”


”ကိုယ်ရင်ဆိုင်ရမယ့်အသင်းက ကွင်းတစ်ဝက်လောက်အထိ တက်ဖိအားပေးမယ့်အသင်းဖြစ်ရမယ်၊ ပြီးတော့ အဲဒီလိုကစားရင်း ဘောလုံးဆုံးရှုံးသွားဖို့လည်း လိုပါတယ်။ ဒါပေမဲ့ နှစ်သင်းစလုံးက အတူတူပဲဖြစ်နေရင် ဘာမှအလုပ်ဖြစ်မှာမဟုတ်ပါဘူး”

”ကျွန်တော်တို့ကတော့ ကိုယ်ကစားနေကြပုံစံအတိုင်းကစားသွားမှာဖြစ်ပြီး ယူနိုက်တက်ရဲ့တန်ပြန်တိုက်စစ်နဲ့ တည်ကန်ဘောတွေကနေ ခြိမ်းခြောက်မှုတွေကို တားဆီးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဘီယဲလ်ဆာက ပြောပါတယ်။


ယခုရာသီမှာ လိဒ်ယူနိုက်တက်ရဲ့ပွဲတွေက ပရိသတ်တွေကို ဆွဲဆောင်နေပြီး ၁၃ပွဲကစားပြီးချိန်မှာ လိဒ်ရဲ့ပွဲတွေမှာ အပြန်အလှန်သွင်းဂိုး ၄၄ဂိုးအထိ ရှိကာ သူတို့ထက်ပိုများတဲ့အသင်းဆိုလို့ လက်ရှိချန်ပီယံ လီဗာပူးတစ်သင်းတည်းရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္နဲ႔ပြဲမွာ တုိက္စစ္အသားေပးနည္းဗ်ဴဟာကို စြန္႔လႊတ္ဖို႔ အေၾကာင္းမရွိဘူးလုိ႔ ဘီယဲလ္ဆာ ေျပာ
လိဒ္ယူႏုိက္တက္အသင္းနည္းျပ မာဆယ္လုိဘီယဲလ္ဆာက ယေန႔ညကစားရမယ့္ ယူႏုိက္တက္နဲ႔အေ၀းကြင္းပြဲမွာ တုိက္စစ္အသားေပးနည္းဗ်ဴဟာကို စြန္႔လႊတ္သြားမွာမဟုတ္ေၾကာင္း အခုိင္အမာေျပာပါတယ္။
ဘီယဲလ္ဆာက ယူႏုိက္တက္အသင္းရဲ႕တန္ျပန္တိုက္စစ္ေကာင္းမြန္မႈကို သိနားလည္ထားေပမယ့္ ပုံမွန္ကစားေနၾကနည္းဗ်ဴဟာကေန ခြဲထြက္သြားမွာမဟုတ္ေၾကာင္း ေျပာခ့ဲတာပါ။
ယူႏုိက္တက္ဟာ ၾကာသပေတးညက ရွက္ဖီးယူႏုိက္တက္ကို ၂-၃ ဂိုးနဲ႔အႏိုင္ယူကာ ယခုရာသီလိဂ္အေ၀းကြင္းပြဲတိုင္းအႏိုင္ရထားေပမယ့္ အိမ္ကြင္းမွာေတာ့ ၆ပြဲအနက္ ၁ပြဲသာအႏိုင္ရထားၿပီး တုိက္စစ္ကလည္း ၃ဂိုးသာသြင္းယူထားနုိင္ပါတယ္။
အိုးထရက္ဖုိ႔ဒ္ကို ေရာက္လာတဲ့နည္းျပေတြက ယူႏုိက္တက္ကို ေနရာလြတ္ေတြမေပးမိေအာင္ အထူးသတိထားခဲ့ၿပီး စီးတီးနည္းျပဂြါဒီယိုလာေတာင္ ၿပီးခဲ့တဲ့အပတ္က အဲဒီနည္းဗ်ဴဟာအတုိင္း ခ်ဥ္းကပ္ခဲ့ကာ မန္ခ်က္စတာဒါဘီပြဲကလည္း ဂိုးမရွိသေရက်သြားပါတယ္။

ဒါေပမဲ့ အဂၤလန္ေျမာက္ပိုင္းက အားၿပိဳင္မႈျပန္လည္စတင္လာမႈနဲ႔အတူ ၂၀၀၄ ေနာက္ပိုင္း ပထမဆုံးပရီးမီးယားလိဂ္ေတြ႕ဆုံမႈမွာ ဘီယဲလ္ဆာက ခံစစ္ပိတ္ကစားသြားမွာမဟုတ္ေၾကာင္း အခိုင္အမာေျပာပါတယ္။
”ကစားမယ့္ ႏွစ္သင္းစလုံးက ခံစစ္ပိတ္ၿပီး တန္ျပန္တုိက္စစ္ပဲ ကစားခ်င္ေနမယ္ဆုိရင္ ပဲြလုိ႔ေတာင္ သတ္မွတ္လုိ႔မရေလာက္ပါဘူး။ တန္ျပန္တုိက္စစ္ကစားမယ္ဆုိရင္ အရာႏွစ္ခုက အေရးႀကီးပါတယ္”
”ကုိယ္ရင္ဆုိင္ရမယ့္အသင္းက ကြင္းတစ္၀က္ေလာက္အထိ တက္ဖိအားေပးမယ့္အသင္းျဖစ္ရမယ္၊ ၿပီးေတာ့ အဲဒီလုိကစားရင္း ေဘာလုံးဆုံး႐ံႈးသြားဖုိ႔လည္း လိုပါတယ္။ ဒါေပမဲ့ ႏွစ္သင္းစလုံးက အတူတူပဲျဖစ္ေနရင္ ဘာမွအလုပ္ျဖစ္မွာမဟုတ္ပါဘူး”
”ကၽြန္ေတာ္တုိ႔ကေတာ့ ကုိယ္ကစားေနၾကပုံစံအတုိင္းကစားသြားမွာျဖစ္ၿပီး ယူႏုိက္တက္ရဲ႕တန္ျပန္တုိက္စစ္နဲ႔ တည္ကန္ေဘာေတြကေန ၿခိမ္းေျခာက္မႈေတြကို တားဆီးႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ဘီယဲလ္ဆာက ေျပာပါတယ္။
ယခုရာသီမွာ လိဒ္ယူႏိုက္တက္ရဲ႕ပြဲေတြက ပရိသတ္ေတြကို ဆြဲေဆာင္ေနၿပီး ၁၃ပြဲကစားၿပီးခ်ိန္မွာ လိဒ္ရဲ႕ပြဲေတြမွာ အျပန္အလွန္သြင္းဂိုး ၄၄ဂိုးအထိ ရွိကာ သူတုိ႔ထက္ပိုမ်ားတဲ့အသင္းဆုိလုိ႔ လက္ရွိခ်န္ပီယံ လီဗာပူးတစ္သင္းတည္းရွိပါတယ္။