ယူနိုက်တက်နဲ့ပွဲမှာ လုံး၀လူစားမလဲခဲ့တဲ့  ဂွါဒီယိုလာ

ယူနိုက်တက် အသင်းက လူစား ၄ ယောက် အထိ လဲခဲ့ပေမယ့်

ဂွာဒီယိုလာကတော့ ပွဲထွက် ၁၁ ယောက် နဲ့ မိနစ် ၉၀ လုံး ကစားသွားခဲ့တာပဲ

ဖြစ်ပါတယ်။ ဂွာဒီယိုလာ ဟာ ဂျက် ဂရီလစ်ရှ် ၊ ရာဟင်း စတာလင် တို့ကို

အရန်ခုံမှာ ထားခဲ့ပြီး ဖိုဒန် ၊ ဘာနာဒို ၊ ဂျေဆူး တို့နဲ့ တိုက်စစ် ကို

ခင်းကျင်း ကစား သွားခဲ့ ပါတယ်။

မန်စီးတီး ဟာ မြို့ခံ ပြိုင်ဘက်ယူနိုက်တက် ကို ၂ ဂိုးတည်း သွင်းနိုင် ခဲ့တာ

ဖြစ်ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု ၇၀% နီးပါး နဲ့ ပွဲကို အပြတ် အသတ်

စိုးမိုး ထားနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ဒုတိယပိုင်းမှာ ဆန်ချို ၊ ရက်ဖိုဒ့် ၊

ဒွန်နီ ဗန်ဒီဘိခ်နဲ့ အဲလက်စ် တဲလက်စ် တို့ကို လူစားလဲ ထည့်ကစားခဲ့ပေမယ့်

ဂွာဒီယိုလာ ကတော့ လုံး၀ လူစားမလဲ ခဲ့ပါဘူး။

“အသင်းသားတွေ အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။

ကျွန်တော် လူစားမလဲချင်ခဲ့ပါဘူး။ ပွဲက ၂-၀ ဖြစ်နေပြီး အရာရာတိုင်းက

သက်တောင့်သက်သာဖြစ်နေပါတယ်။ ဒီအတွက် လူစားလဲစရာမလိုဘူးလို့

ကျွန်တော်ခံစားမိခဲ့ပါတယ်။ ကစားသမားတွေကို ချီးကျူးပါတယ်။

သူတို့ရဲ့ ကစားပုံက တကယ့်အနုပညာမြောက်ပါတယ်။ အိုးထရက်ဖို့ဒ်ကို

လာကစားရပြီး တစ်မြို့တည်းပြိုင်ဘက်၊ အိမ်နီးချင်းတွေနဲ့ပွဲမှာ

ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်”

“‘ဒါကပဲ ပွဲတစ်ပွဲမှာ ကျွန်တော်တို့ ထောင်ပေါင်းများစွာပေးပို့မှုတွေ

ဘာကြောင့်လိုအပ်လဲဆိုတာပါပဲ။ဒီလိုပွဲမျိုးကို ကျွန်တော်တို့ လိုအပ်နေခဲ့ပါတယ်။

ဒါကိုထိန်းသိမ်းထားရမှာပါ။ဒုတိယပိုင်းမှာ ပြိုင်ဘက်က ကြိုးစားခဲ့ပေမယ့်

ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ခြေထဲမှာ

ဘောလုံးရှိနေလို့ပါပဲ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

Zawgyi

ယူႏိုက္တက္နဲ႔ပြဲမွာ လုံး၀လူစားမလဲခဲ့တဲ့  ဂြါဒီယိုလာ

ယူႏိုက္တက္ အသင္းက လူစား ၄ ေယာက္ အထိ လဲခဲ့ေပမယ့္

ဂြာဒီယိုလာကေတာ့ ပြဲထြက္ ၁၁ ေယာက္ နဲ႔ မိနစ္ ၉၀ လုံး ကစားသြားခဲ့တာပဲ

ျဖစ္ပါတယ္။ ဂြာဒီယိုလာ ဟာ ဂ်က္ ဂရီလစ္ရွ္ ၊ ရာဟင္း စတာလင္ တို႔ကို

အရန္ခုံမွာ ထားခဲ့ၿပီး ဖိုဒန္ ၊ ဘာနာဒို ၊ ေဂ်ဆူး တို႔နဲ႔ တိုက္စစ္ ကို

ခင္းက်င္း ကစား သြားခဲ့ ပါတယ္။

 

မန္စီးတီး ဟာ ၿမိဳ႕ခံ ၿပိဳင္ဘက္ယူႏိုက္တက္ ကို ၂ ဂိုးတည္း သြင္းႏိုင္ ခဲ့တာ

ျဖစ္ေပမယ့္ ေဘာလုံး ပိုင္ဆိုင္မႈ ၇၀% နီးပါး နဲ႔ ပြဲကို အျပတ္ အသတ္

စိုးမိုး ထားႏိုင္ခဲ့ ပါတယ္။ ဆိုးလ္ရွား ဟာ ဒုတိယပိုင္းမွာ ဆန္ခ်ိဳ ၊ ရက္ဖိုဒ့္ ၊

ဒြန္နီ ဗန္ဒီဘိခ္နဲ႔ အဲလက္စ္ တဲလက္စ္ တို႔ကို လူစားလဲ ထည့္ကစားခဲ့ေပမယ့္

ဂြာဒီယိုလာ ကေတာ့ လုံး၀ လူစားမလဲ ခဲ့ပါဘူး။

“အသင္းသားေတြ အတြက္ ကြၽန္ေတာ္စိတ္မေကာင္းပါဘူး။

ကြၽန္ေတာ္ လူစားမလဲခ်င္ခဲ့ပါဘူး။ ပြဲက ၂-၀ ျဖစ္ေနၿပီး အရာရာတိုင္းက

သက္ေတာင့္သက္သာျဖစ္ေနပါတယ္။ ဒီအတြက္ လူစားလဲစရာမလိုဘူးလို႔

ကြၽန္ေတာ္ခံစားမိခဲ့ပါတယ္။ ကစားသမားေတြကို ခ်ီးက်ဴးပါတယ္။

သူတို႔ရဲ႕ ကစားပုံက တကယ့္အႏုပညာေျမာက္ပါတယ္။ အိုးထရက္ဖို႔ဒ္ကို

လာကစားရၿပီး တစ္ၿမိဳ႕တည္းၿပိဳင္ဘက္၊ အိမ္နီးခ်င္းေတြနဲ႔ပြဲမွာ

ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္”

 

“‘ဒါကပဲ ပြဲတစ္ပြဲမွာ ကြၽန္ေတာ္တို႔ ေထာင္ေပါင္းမ်ားစြာေပးပို႔မႈေတြ

ဘာေၾကာင့္လိုအပ္လဲဆိုတာပါပဲ။ဒီလိုပြဲမ်ိဳးကို ကြၽန္ေတာ္တို႔ လိုအပ္ေနခဲ့ပါတယ္။

ဒါကိုထိန္းသိမ္းထားရမွာပါ။ဒုတိယပိုင္းမွာ ၿပိဳင္ဘက္က ႀကိဳးစားခဲ့ေပမယ့္

ဘာမွမလုပ္ႏိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ေျခထဲမွာ

ေဘာလုံးရွိေနလို႔ပါပဲ” လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့ပါတယ္။