ယူနိုက်တက်နဲ့ပွဲမှာ လူကာကူ ကစားနိုင်မလား

ချဲလ်ဆီးရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ရိုမဲလူလူကာကူနှင့်

မေဆင်မောင့်တို့ဟာအသင်းနှင့်အတူပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ကြပြီဖြစ်ပါတယ်။

အဆိုပါကစားသမားနှစ်ဦး လေ့ကျင့်ခန်းပြန်ဆင်းလာနိုင်မှုမှာ

တနင်္ဂနွေနေ့တွင်မန်ယူကိုဧည့်ခံကစားရမယ့်ချဲလ်ဆီးအတွက်သတင်းကောင်းတစ်ခု

ဖြစ်နေပါတယ်။အသက်၂၈နှစ်ရှိဘယ်လ်ဂျီယံတိုက်စစ်မှူးနှင့်အသက်၂၂နှစ်ရှိ

မေဆင်မောင့်တို့ဟာဒဏ်ရာမှအသီးသီးပြန်လည်သက်သာကာ

ကြံ့ခိုင်မှုပြည့်ဝလာမှုနဲ့အတူကစားဖော်များနှင့်အတူလေ့ကျင့်ခန်း

အပြည့်အဝဆင်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အနောက်လန်ဒန်အခြေစိုက်ကလပ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ

ရမှတ်၄မှတ်ဖြတ်ပြီးထိပ်ဆုံးကရပ်တည်နေပါတယ်။၎င်းတို့ဟာ

ယခုရာသီမှာမန်စီးတီးတစ်သင်းတည်းကိုသာရှုံးနိမ့်ထားပါတယ်။

လူကာကူဟာမယ်လ်မိုနှင့်ချန်ပီယံလိဂ်ပွဲတွင်ခြေကျင်းဝတ်ဒဏ်ရာရရှိပြီးနောက်

အနားယူလာခဲ့ရသူဖြစ်ပါတယ်။လူကာကူမပါဝင်ချိန်တွင်

ချဲလ်ဆီးတစ်သင်းလုံးနီးပါးဂိုးသွင်းလာပြီးဂိုးပြဿနာကိုဖြေရှင်းခဲ့ကြပါတယ်။

သူဟာတနင်္ဂနွေနေ့မန်ယူနှင့်ပွဲစဉ်တွင်ချဲလ်ဆီးပွဲထွက်လူစာရင်းမှာပါဝင်လာဖို့

သေချာနေပါတယ်။မန်ယူအသင်းမှာတော့အသင်းခေါင်းဆောင်မက်ဂွိုင်းယားမှာ

ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူး။မေဆင်မောင့်ဟာလည်း

အံဆုံးသွားခွဲစိတ်ကုသခဲ့ရမှုကြောင့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများကို

လွဲချော်ခဲ့သူဖြစ်ပြီးဂျူဗင်တပ်နှင့်ပွဲတွင်အရန်စာရင်းမှာသာပါဝင်နိုင်ခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္နဲ႔ပြဲမွာ လူကာကူ ကစားႏိုင္မလား

ခ်ဲလ္ဆီးရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့႐ိုမဲလူလူကာကူႏွင့္

ေမဆင္ေမာင့္တို႔ဟာအသင္းႏွင့္အတူျပန္လည္ေလ့က်င့္ခန္းဆင္းႏိုင္ၾကၿပီျဖစ္ပါတယ္။

အဆိုပါကစားသမားႏွစ္ဦး ေလ့က်င့္ခန္းျပန္ဆင္းလာႏိုင္မႈမွာ

တနဂၤေႏြေန႔တြင္မန္ယူကိုဧည့္ခံကစားရမယ့္ခ်ဲလ္ဆီးအတြက္သတင္းေကာင္းတစ္ခု

ျဖစ္ေနပါတယ္။အသက္၂၈ႏွစ္ရွိဘယ္လ္ဂ်ီယံတိုက္စစ္မႉးႏွင့္အသက္၂၂ႏွစ္ရွိ

ေမဆင္ေမာင့္တို႔ဟာဒဏ္ရာမွအသီးသီးျပန္လည္သက္သာကာ

ႀကံ့ခိုင္မႈျပည့္ဝလာမႈနဲ႔အတူကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္း

အျပည့္အဝဆင္းလာႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အေနာက္လန္ဒန္အေျခစိုက္ကလပ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ

ရမွတ္၄မွတ္ျဖတ္ၿပီးထိပ္ဆုံးကရပ္တည္ေနပါတယ္။၎တို႔ဟာ

ယခုရာသီမွာမန္စီးတီးတစ္သင္းတည္းကိုသာရႈံးနိမ့္ထားပါတယ္။

လူကာကူဟာမယ္လ္မိုႏွင့္ခ်န္ပီယံလိဂ္ပြဲတြင္ေျခက်င္းဝတ္ဒဏ္ရာရရွိၿပီးေနာက္

အနားယူလာခဲ့ရသူျဖစ္ပါတယ္။လူကာကူမပါဝင္ခ်ိန္တြင္

ခ်ဲလ္ဆီးတစ္သင္းလုံးနီးပါးဂိုးသြင္းလာၿပီးဂိုးျပႆနာကိုေျဖရွင္းခဲ့ၾကပါတယ္။

သူဟာတနဂၤေႏြေန႔မန္ယူႏွင့္ပြဲစဥ္တြင္ခ်ဲလ္ဆီးပြဲထြက္လူစာရင္းမွာပါဝင္လာဖို႔

ေသခ်ာေနပါတယ္။မန္ယူအသင္းမွာေတာ့အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားမွာ

ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ပါဝင္ႏိုင္မွာမဟုတ္ပါဘူး။ေမဆင္ေမာင့္ဟာလည္း

အံဆုံးသြားခြဲစိတ္ကုသခဲ့ရမႈေၾကာင့္အဂၤလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကို

လြဲေခ်ာ္ခဲ့သူျဖစ္ၿပီးဂ်ဴဗင္တပ္ႏွင့္ပြဲတြင္အရန္စာရင္းမွာသာပါဝင္ႏိုင္ခဲ့ပါတယ္။