
စတီဗင်ဂျရတ်ရဲ့အက်စတွန်ဗီလာဟာအက်ဖ်အေဖလားတတိယအဆင့်တွင်
မန်ချက်စတာယူနိုက်တက်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။
ဥရောပချန်ပီယံချန်ပီယံချဲလ်ဆီးဟာပြိုင်ဘက်ကောင်းနဲ့မတွေ့ဘဲ
နေရှင်နယ်လိဂ်ဇယားထိပ်ဆုံးတွင်ရပ်တည်နေတဲ့ချက်စတာဖီးလ်ကိုရင်ဆိုင်ရပါမယ်။
အာဆင်နယ်မှာနော်တင်ဟမ်ဖောရက်စ်ကိုအဝေးကွင်းသို့သွားရောက်
ရင်ဆိုင်ကစားရမှာဖြစ်သလိုလီဗာပူးမှာရှောဘူရီတောင်းကိုဧည့်ခံရမှာဖြစ်ပြီး
မန်စီးတီးကလိဂ်၂ကလပ်ဆွင်ဒင်တောင်းကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။
ဝက်စ်ဟမ်းဟာမာစယ်လိုဘီရဲလ်ဆာရဲ့လိဒ်ကိုဧည့်ခံကစားရမှာဖြစ်ပြီး
မီဝေါလ်မှာလည်းမြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ်ပက်ထရစ်ဗီအဲရာရဲ့
ပဲလေ့စ်ကိုဧည့်ခံကစားရပါမယ်။ အက်ဖ်အေဖလားတတိယအဆင့်မှာ
အကောင်းဆုံးပွဲဖြစ်လာမယ့်ပွဲကယူနိုက်တက်နှင့်ဗီလာပွဲဖြစ်လာပါမယ်။
ယင်းပွဲစဉ်ကစတီဗင်ဂျရတ်အတွက်နည်းပြဘဝတွင်အိုးထရက်ဖို့ဒ်သို့
သွားရောက်ကာယူနိုက်တက်ကိုရင်ဆိုင်ရတဲ့ပွဲဖြစ်လာပါမယ်။
လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟာကစားသမားဘဝတုန်းက
ယူနိုက်တက်နှင့်အက်ဖ်အေဖလားပွဲသုံးပွဲနှစ်ပွဲနိုင်ခဲ့ဖူးပြီးနှစ်ပွဲလုံးက
အန်ဖီးလ်မှာအနိုင်ရခဲ့တာပါ။ မီခေးလ်အာတီတာရဲ့အာဆင်နယ်ဟာ
၂၀၁၈ခုနှစ်တုန်းကအက်ဖ်အေဖလားတတိယအဆင့်တွင်နော်တင်ဟမ်
ဖောရက်စ်နှင့်ရင်ဆိုင်ခဲ့ဖူးပြီး၄-၂ဂိုးဖြင့်မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ဖူးပါတယ်။
zawgyi
ယူနိုက်တက်နဲ့ ဂျရတ် အက်အေဖလားမှ စတွေ့ပြီ
ဖောရက်စ်နှင့်ရင်ဆိုင်ခဲ့ဖူးပြီး၎-၂ဂိုးဖြင့်မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ဖူးပါတယ်။