ယူနိုက်တက်နဲ့ ပွဲစဉ်အတွက် အထူးလေ့ကျင့်ရေး အစီအစဉ်တွေ ပြုလုပ်မယ့် ယာဂန်ကလော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ် အသင်းနည်းပြ ယာဂန်ကလော့က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်အတွက် ပုံမှန်မဟုတ်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ပြင်ဆင်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံး ပွဲစဉ်တစ်ပွဲအဖြစ် လာမယ့် အပတ်အတွင်း လီဗာပူးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို အန်ဖီးလ်မှာ လက်ခံကစားရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းက သူတို့ရဲ့ ယခုအပတ် နောက်ဆုံးပွဲစဉ်အဖြစ် အက်ဖ်အေဖလား တတိယအဆင့်မှာ လူငယ်အများစုပါဝင်တဲ့ အက်စတွန်ဗီလာအသင်းကို ( 4-1 ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် ကလော့အနေနဲ့ လာမယ့်အပတ် ပွဲစဉ်မတိုင်မီ ပြင်ဆင်ချိန် ( ၉ ) ရက်ရရှိတဲ့အတွက် ကစားသမားတွေကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်သွားမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ကလော့က BT Sport နဲ့ တွေ့ဆုံစဉ် ကာလရှည်နားရက် ရရှိတဲ့အပေါ် ယခုလို ပြောကြားခဲ့ပါတယ်။

” ဒါက အလွန်အရေးကြီးပါတယ်။ အသင်းမှာ ပုံမှန်ခြေစွမ်းပျောက်နေတဲ့ ကစားသမား များစွာရှိနေပါတယ်။ ” ” ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ တစ်ဖက်ကို ( ၁၁ ) ယောက် ကစားတဲ့ ( 11 Vs 11 ) အခြေအနေတွေ အများကြီးပြုလုပ်သွားဖို့ ရှိပါတယ်။ ဒီလိုလေ့ကျင့်တာက ဘောလုံးသမားတွေ အတွက် အရမ်းအရေးကြီးပေမယ့် မကြာခဏမလုပ်နိုင်ပါဘူး။ ”

” လက်ရှိ ကျွန်တော်တို့မှာ ဒါမျိုးလုပ်ဖို့ အချိန်ရနေပြီဖြစ်တဲ့အတွက် အကောင်းဆုံး အသုံးချသွားမှာပါ။ ” Source : Mirror

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးလ္ အသင္းနည္းျပ ယာဂန္ကေလာ့က မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ ပြဲစဥ္အတြက္ ပုံမွန္မဟုတ္တဲ့ ေလ့က်င့္ေရးအစီအစဥ္ေတြနဲ႔ ျပင္ဆင္သြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ အႀကီးမားဆုံး ပြဲစဥ္တစ္ပြဲအျဖစ္ လာမယ့္ အပတ္အတြင္း လီဗာပူးအသင္းက မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို အန္ဖီးလ္မွာ လက္ခံကစားရဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းက သူတို႔ရဲ႕ ယခုအပတ္ ေနာက္ဆုံးပြဲစဥ္အျဖစ္ အက္ဖ္ေအဖလား တတိယအဆင့္မွာ လူငယ္အမ်ားစုပါဝင္တဲ့ အက္စတြန္ဗီလာအသင္းကို ( 4-1 ) ရလာဒ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကေလာ့အေနနဲ႔ လာမယ့္အပတ္ ပြဲစဥ္မတိုင္မီ ျပင္ဆင္ခ်ိန္ ( ၉ ) ရက္ရရွိတဲ့အတြက္ ကစားသမားေတြကို အဆင္သင့္ျဖစ္ေနေအာင္ ျပင္ဆင္သြားမယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ကေလာ့က BT Sport နဲ႔ ေတြ႕ဆုံစဥ္ ကာလရွည္နားရက္ ရရွိတဲ့အေပၚ ယခုလို ေျပာၾကားခဲ့ပါတယ္။ ” ဒါက အလြန္အေရးႀကီးပါတယ္။ အသင္းမွာ ပုံမွန္ေျခစြမ္းေပ်ာက္ေနတဲ့ ကစားသမား မ်ားစြာရွိေနပါတယ္။ ” ” ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ ေလ့က်င့္ေရး အစီအစဥ္မွာ တစ္ဖက္ကို ( ၁၁ ) ေယာက္ ကစားတဲ့ ( 11 Vs 11 ) အေျခအေနေတြ အမ်ားႀကီးျပဳလုပ္သြားဖို႔ ရွိပါတယ္။ ဒီလိုေလ့က်င့္တာက ေဘာလုံးသမားေတြ အတြက္ အရမ္းအေရးႀကီးေပမယ့္ မၾကာခဏမလုပ္ႏိုင္ပါဘူး။ ” ” လက္ရွိ ကြၽန္ေတာ္တို႔မွာ ဒါမ်ိဳးလုပ္ဖို႔ အခ်ိန္ရေနၿပီျဖစ္တဲ့အတြက္ အေကာင္းဆုံး အသုံးခ်သြားမွာပါ။ ” Source : Mirror