ယူနိုက်တက်နဲ့ လီဗာပူးအတွက် ဖိုဒန်ရဲ့ သတိပေးသံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲကျန် တစ်ပွဲ အဖြစ် ဘရိုက်တန် အသင်း နဲ့ ရင်ဆိုင်ကစားခဲ့ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ အဲဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေး ဇယား အဆင့် 3 နေရာကိုတက်လှမ်းသွားနိုင်ခဲ့ပါပြီ။ အဲဒီပွဲ မှာ မန်စီးတီး အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို ကွင်းလယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ ဖီးလ် ဖိုဒန် က ပထမပိုင်း ပြီးဆုံးခါနီး မှာ အသင်းဖော် ကယ်ဗင် ဒီဘရိုင်း ရဲ့ ပေးပို့မှု ကနေ တစ်ဆင့် သွင်းယူ ပေးသွားခဲ့တာဖြစ်ပါတယ်။

အနိုင်ဂိုးသွင်းပေးတဲ့ ဖီးလ်ဖိုဒန် ကတော့ ပွဲစဉ် အပြီးမှာ မန်းစီးတီးအသင်းဟာ အကောင်းဆုံး ပုံစံကို ပြန်ရနေပြီ လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ဖိုဒန်က “ကျွန်တော်တို့ဟာ အကောင်းဆုံး ပုံစံအနေအထားဆီကို ပြန်ရောက်နေပြီ လို့ ခံစားနေရပါတယ်။ ကျွန်တော်တို့ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရခဲ့တဲ့ ရလဒ်တွေကြောင့် ယုံကြည်မှုတွေ ပြည့်ဝနေပါပြီ။”

”အခုပွဲစဉ်မှာလည်း ကျွန်တော်တို့ တွေဟာ ဒီထက် ပိုကောင်းအောင် ကစား နိုင်ခဲ့ သင့်တယ်လို့ ခံစား ခဲ့ကြရ ပါတယ်။ ဘာပဲဖြစ်ဖြစ်ချုံကြည့်ရင်တော့ အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ဘရိုက်တန် အသင်းက ခံစစ်ကို အကောင်းမွန်ဆုံး ကစားနိုင်ခဲ့သလို ကောင်းမွန်တဲ့ ပုံစံတွေလည်း ရှိပါတယ်။” “ဒါ့ကြောင့် ပထမပိုင်း မပြီးခင်မှာ သွင်းဂိုး ရရှိဖို့က အတော်အရေးကြီးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သွင်းဂိုးက အနိုင်ဂိုး ဖြစ်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော် ညာခြေနဲ့ ဂိုးသိပ်သွင်းလေ့ မရှိပါဘူး။ ကျွန်တော်တို့ ပွဲတွေ ဆက်လက် ကစားဖို့ရှိပြီး အဲဒီအတွက် အာရုံစိုက်ပါမယ်။ လက်ရှိ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းပြီးတော့ လိဂ်ဖလားကို ဗိုလ်စွဲနိုင်အောင် ကြိုးစားသွားမှာပါ” ဆိုပြီး ပြောကြား သွားပါတယ်။

မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ 14 ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်း တစ်ရပ် ပိုင်ဆိုင် ခဲ့ပြီး၊ နောက်ဆုံး ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ 7 ပွဲဆက် အနိုင် ရရှိထားပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၂မှတ် အထိ စုဆောင်း ထားနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရှိနေတဲ့ ယူနိုက်တက် အသင်းနဲ့ တစ်ပွဲလျော့ ၄ မှတ်ကွာဟတဲ့ အနေအထားပါ။

ဒါ့အပြင် အဆင့် ၂ နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်းနဲ့တစ်ပွဲလျော့ ၁ မှတ်သာ ကွာဟတဲ့ အနေအထားလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် ခရစ္စတယ် ပဲလေ့စ်အသင်း ၊ ဗီလာအသင်း တို့နဲ့ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာ အထိ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ အခုရာသီရဲ့ လောလောဆယ် အမှတ်ပေးဇယား နေရာလုပွဲကတော့ ရင်လှိုက်သည်းဖို အနေအထားပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲက်န္ တစ္ပြဲ အျဖစ္ ဘ႐ိုက္တန္ အသင္း နဲ႔ ရင္ဆိုင္ကစားခဲ့ၿပီး 1 – 0 ဆိုတဲ့ ရလဒ္ နဲ႔ အႏိုင္ယူ သြားႏိုင္ခဲ့ ပါတယ္ ။ အဲဒီႏိုင္ပြဲေၾကာင့္ မန္စီးတီးအသင္းဟာ အမွတ္ေပး ဇယား အဆင့္ 3 ေနရာကိုတက္လွမ္းသြားႏိုင္ခဲ့ပါၿပီ။ အဲဒီပြဲ မွာ မန္စီးတီး အသင္း အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုး ကို ကြင္းလယ္ တိုက္စစ္ ကစားသမားေလး ျဖစ္တဲ့ ဖီးလ္ ဖိုဒန္ က ပထမပိုင္း ၿပီးဆုံးခါနီး မွာ အသင္းေဖာ္ ကယ္ဗင္ ဒီဘ႐ိုင္း ရဲ႕ ေပးပို႔မႈ ကေန တစ္ဆင့္ သြင္းယူ ေပးသြားခဲ့တာျဖစ္ပါတယ္။

အႏိုင္ဂိုးသြင္းေပးတဲ့ ဖီးလ္ဖိုဒန္ ကေတာ့ ပြဲစဥ္ အၿပီးမွာ မန္းစီးတီးအသင္းဟာ အေကာင္းဆုံး ပုံစံကို ျပန္ရေနၿပီ လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။ ဖိုဒန္က “ကြၽန္ေတာ္တို႔ဟာ အေကာင္းဆုံး ပုံစံအေနအထားဆီကို ျပန္ေရာက္ေနၿပီ လို႔ ခံစားေနရပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ရခဲ့တဲ့ ရလဒ္ေတြေၾကာင့္ ယုံၾကည္မႈေတြ ျပည့္ဝေနပါၿပီ။” ”အခုပြဲစဥ္မွာလည္း ကြၽန္ေတာ္တို႔ ေတြဟာ ဒီထက္ ပိုေကာင္းေအာင္ ကစား ႏိုင္ခဲ့ သင့္တယ္လို႔ ခံစား ခဲ့ၾကရ ပါတယ္။ ဘာပဲျဖစ္ျဖစ္ခ်ဳံၾကည့္ရင္ေတာ့ အသင္းအတြက္ ဂုဏ္ယူမိပါတယ္။ ဘ႐ိုက္တန္ အသင္းက ခံစစ္ကို အေကာင္းမြန္ဆုံး ကစားႏိုင္ခဲ့သလို ေကာင္းမြန္တဲ့ ပုံစံေတြလည္း ရွိပါတယ္။” “ဒါ့ေၾကာင့္ ပထမပိုင္း မၿပီးခင္မွာ သြင္းဂိုး ရရွိဖို႔က အေတာ္အေရးႀကီးခဲ့ပါတယ္။ ကြၽန္ေတာ့္ရဲ႕ သြင္းဂိုးက အႏိုင္ဂိုး ျဖစ္ခဲ့တဲ့ အတြက္လည္း ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္ ညာေျခနဲ႔ ဂိုးသိပ္သြင္းေလ့ မရွိပါဘူး။ ကြၽန္ေတာ္တို႔ ပြဲေတြ ဆက္လက္ ကစားဖို႔ရွိၿပီး အဲဒီအတြက္ အာ႐ုံစိုက္ပါမယ္။ လက္ရွိ ပုံစံေကာင္းကို ဆက္လက္ ထိန္းသိမ္းၿပီးေတာ့ လိဂ္ဖလားကို ဗိုလ္စြဲႏိုင္ေအာင္ ႀကိဳးစားသြားမွာပါ” ဆိုၿပီး ေျပာၾကား သြားပါတယ္။

မန္စီးတီးအသင္းဟာ ၿပိဳင္ပြဲစုံ 14 ပြဲဆက္ ရႈံးပြဲ မရွိေသးတဲ့ မွတ္တမ္းေကာင္း တစ္ရပ္ ပိုင္ဆိုင္ ခဲ့ၿပီး၊ ေနာက္ဆုံး ကစား ခဲ့တဲ့ ၿပိဳင္ပြဲစုံ 7 ပြဲဆက္ အႏိုင္ ရရွိထားပါတယ္။ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၃၂မွတ္ အထိ စုေဆာင္း ထားႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၁ ေနရာမွာ ရွိေနတဲ့ ယူႏိုက္တက္ အသင္းနဲ႔ တစ္ပြဲေလ်ာ့ ၄ မွတ္ကြာဟတဲ့ အ​ေနအထားပါ။ ဒါ့အျပင္ အဆင့္ ၂ ေနရာမွာ ရွိေနတဲ့ လီဗာပူးအသင္းနဲ႔တစ္ပြဲေလ်ာ့ ၁ မွတ္သာ ကြာဟတဲ့ အေနအထားလည္းျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ လာမယ့္ ခရစၥတယ္ ပဲေလ့စ္အသင္း ၊ ဗီလာအသင္း တို႔နဲ႔ ပြဲစဥ္ကိုသာ အႏိုင္ရခဲ့ပါက အမွတ္ေပးဇယားရဲ႕ အဆင့္ ၁ ေနရာ အထိ တက္လွမ္းႏိုင္မွာပဲ ျဖစ္ပါတယ္။ အခုရာသီရဲ႕ ​ေလာ​ေလာဆယ္ အမွတ္​ေပးဇယား ​ေနရာလုပြဲက​ေတာ့ ရင္လႈိက္သည္းဖို အ​ေနအထားပါပဲ။