ယူနိုက်တက်နဲ့ လီဗာပူး သရေပွဲအပြီး ဆုဖလားအတွက် ခန့်မှန်းချက် ပြုလုပ်လိုက်တဲ့ ရွိုင်ကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တနင်္ဂနွေနေ့က ယူနိုက်တက်ကိုသရေကျပြီးနောက် အဆင့် ၄ နေရာအထိ ကျဆင်းခဲ့ရတဲ့ လီဗာပူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ ရွိုင်ကိန်းက ထောက်ခံခဲ့ပါတယ်။

လီဗာပူးဟာ တနင်္ဂနွေနေ့က အန်ဖီးလ်မှာ ယူနိုက်တက်ကို ဧည့်ခံခဲ့ရပေမယ့် ဂိုးမရှိသရေရလဒ်နဲ့ရယူနိုင်ခဲ့ပြီး ယူနိုက်တက်က အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်းကတော့ အန်ဖီးလ်မှာ လီဗာပူးတို့ သရေတစ်မှတ်သာရယူနိုင်ခဲ့ပေမယ့် လီဗာပူးဟာ ချန်ပီယံဆုဆက်ထိန်းနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ နောက်ကျပွဲမှာ မန်စီးတီးက ပဲလေ့စ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာအထိ တက်ရောက်နိုင်ခဲ့သလို လက်စတာကအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ် ၃ ပွဲအထိဂိုးပေါက်ပျောက်ခဲ့ပေမယ့် ရွိုင်ကိန်းက လီဗာပူးဟာ ချန်ပီယံဆုကို ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။ “လီဗာပူးက ရလဒ်တွေဆိုးနေပေမယ့် ကျွန်တော်ကတော့ ဒီရာသီမှာ သူတို့ချန်ပီယံဆုကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

သူတို့မှာ ကစားသမားကောင်းတွေရှိနေပါတယ်။ အသင်းတိုင်းက ဒီရာသီမှာ အတက်အကျများနေပါတယ်။ ကလော့ပ်မှာ နည်းဗျူဟာတစ်ခုခုတော့ ရှိမှာသေချာပါတယ်”လို့ ရွိုင်ကိန်းက ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယူနိုက်တက် ၊ လီဗာပူး ၊ မန်စီးတီးတို့က ရေပန်းစားနေပါတယ်။

ဒါ့ပြင် ကိန်းက လက်စတာအသင်းကလည်း ချန်ပီယံလောင်းစာရင်းမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ “လက်စတာက အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ သူတို့ကို အထင်သေးလို့လည်း မရပါဘူး။ အဲဗာတန် နဲ့ တော့တင်ဟမ်တို့ကတော့ ဒီရာသီမှာ ချန်ပီယံမဖြစ်နိုင်လောက်ပါဘူး”လို့ ရွိုင်ကိန်းက ပြောကြားခဲ့ပါတယ်။

လက်စတာအသင်းက အင်္ဂါနေ့မှာ ချဲလ်ဆီးကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက်မှာတော့ မန်စီးတီးက ဗီလာ ၊ ယူနိုက်တက်က ဖူလ်ဟမ် နဲ့ လီဗာပူးက ဘန်လေတို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္နဲ႔ လီဗာပူး သေရပဲြအျပီး ဆုဖလားအတြက္ ခန္႔မွန္းခ်က္ ျပဳလုပ္လိုက္တဲ့ ရြိဳင္ကိန္း

တနဂၤေႏြေန႔က ယူႏုိက္တက္ကိုသေရက်ျပီးေနာက္ အဆင့္ ၄ ေနရာအထိ က်ဆင္းခဲ့ရတဲ့ လီဗာပူးဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဆက္ထိန္းႏိုင္လိမ့္မယ္လို႔ ရြိဳင္ကိန္းက ေထာက္ခံခဲ့ပါတယ္။ လီဗာပူးဟာ တနဂၤေႏြေန႔က အန္ဖီးလ္မွာ ယူႏိုက္တက္ကို ဧည့္ခံခဲ့ရေပမယ့္ ဂိုးမရွိသေရရလဒ္နဲ႔ရယူႏုိင္ခဲ့ျပီး ယူႏိုက္တက္က အမွတ္ေပးဇယားထိပ္ပိုင္းမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ေနာက္ခံလူေဟာင္းကေတာ့ အန္ဖီးလ္မွာ လီဗာပူးတို႔ သေရတစ္မွတ္သာရယူႏိုင္ခဲ့ေပမယ့္ လီဗာပူးဟာ ခ်န္ပီယံဆုဆက္ထိန္းႏိုင္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

ေနာက္က်ပြဲမွာ မန္စီးတီးက ပဲေလ့စ္ကို ၄ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ဒုတိယေနရာအထိ တက္ေရာက္ႏုိင္ခဲ့သလို လက္စတာကအဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။ ပရီးမီးယားလိဂ္ ၃ ပြဲအထိဂိုးေပါက္ေပ်ာက္ခဲ့ေပမယ့္ ရြိဳင္ကိန္းက လီဗာပူးဟာ ခ်န္ပီယံဆုကို ဆက္ထိန္းႏိုင္မယ္လုိ႔ ယံုၾကည္ေနပါတယ္။ “လီဗာပူးက ရလဒ္ေတြဆိုးေနေပမယ့္ ကြ်န္ေတာ္ကေတာ့ ဒီရာသီမွာ သူတို႔ခ်န္ပီယံဆုကို ဆက္ထိန္းႏိုင္လိမ့္မယ္လုိ႔ ထင္ပါတယ္။

သူတို႔မွာ ကစားသမားေကာင္းေတြရွိေနပါတယ္။ အသင္းတိုင္းက ဒီရာသီမွာ အတက္အက်မ်ားေနပါတယ္။ ကေလာ့ပ္မွာ နည္းဗ်ဴဟာတစ္ခုခုေတာ့ ရွိမွာေသခ်ာပါတယ္”လို႔ ရြိဳင္ကိန္းက ေျပာၾကားခဲ့ပါတယ္။ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ယူႏိုက္တက္ ၊ လီဗာပူး ၊ မန္စီးတီးတို႔က ေရပန္းစားေနပါတယ္။ ဒါ့ျပင္ ကိန္းက လက္စတာအသင္းကလည္း ခ်န္ပီယံေလာင္းစာရင္းမွာ ပါ၀င္ေနဆဲျဖစ္တယ္လုိ႔ ယံုုၾကည္ေနပါတယ္။

“လက္စတာက အေကာင္းဆံုးအေနအထားမွာရွိေနပါတယ္။ သူတို႔ကို အထင္ေသးလို႔လည္း မရပါဘူး။ အဲဗာတန္ နဲ႔ ေတာ့တင္ဟမ္တို႔ကေတာ့ ဒီရာသီမွာ ခ်န္ပီယံမျဖစ္ႏိုင္ေလာက္ပါဘူး”လို႔ ရြိဳင္ကိန္းက ေျပာၾကားခဲ့ပါတယ္။ လက္စတာအသင္းက အဂၤါေန႔မွာ ခ်ဲလ္ဆီးကို ရင္ဆုိင္ရမွာျဖစ္ျပီး အဲ့ေနာက္မွာေတာ့ မန္စီးတီးက ဗီလာ ၊ ယူႏုိက္တက္က ဖူလ္ဟမ္ နဲ႔ လီဗာပူးက ဘန္ေလတို႔ကို ရင္ဆုိင္ရမွာျဖစ္ပါတယ္။