ယူနိုက်တက်နဲ့ လီဗာပူး အသာရနေတယ်လို့ ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် လမ်းပတ် ပြင်းထန်စွာဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံလုပွဲအတွက် ပွဲစဉ်ဇယားရေးဆွဲမှုမှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ အသာရနေတာက မျှတမှုမရှိဘူးလို့ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် ပြင်းထန်စွာဝေဖန်သွားပါတယ်။


ချဲလ်ဆီးဟာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် စနေညက အာဆင်နယ်နဲ့အဝေးကွင်းပွဲရင်ဆိုင်ခဲ့ရာမှာ အိမ်ရှင်အသင်းကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီး တနင်္လာနေ့မှာ အက်စတွန်ဗီလာနဲ့ အိမ်ကွင်းပွဲကစားရမှာဖြစ်ရာ ကြားထဲမှာ နားရက်အဖြစ် ယနေ့တစ်ရက်တည်းရရှိထားပါတယ်။


အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးဟာ ပြီးခဲ့တဲ့အပတ် စနေက ပဲလေ့စ်ကွင်းမှာ ဝ-၇ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ယနေ့ညကျမှ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းနဲ့ကစားရမှာဖြစ်ပြီး နောက်ထပ်တစ်ရက် ပိုရကာ ဒီဇင်ဘာလ ၃၀ ရက်နေ့ကျမှ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ချန်ပီယံမျှော်လင့်နေတဲ့ နောက်ထပ်အသင်းဖြစ်တဲ့ စပါးနဲ့အတူ ကြားထဲမှာ ချဲလ်ဆီးထက် တစ်ရက်ပိုအနားရပြီး ချဲလ်ဆီးကတော့ ၄၈ နာရီအတွင်း ၂ပွဲဆက်တိုက်ကစားရမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လိဒ်ကို ၆-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲအဖြစ် ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။


နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ စနေညအစောဆုံးပွဲအဖြစ် လက်စတာနဲ့ ၂-၂ ဂိုးသရေကျခဲ့ပေမယ့် အင်္ဂါနေ့ညကျမှ အိမ်ကွင်းမှာ ဝုဗ်အသင်းကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။


”၄၈ နာရီအတွင်း ၂ပွဲကစားရတာက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ထောက်ပြချက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံဆုမှန်းနေတဲ့ တခြားအသင်းတွေက ၃ရက်အတွင်း ၂ပွဲကစားရမှာမို့လို့ပါ”

”မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်နဲ့ လီဗာပူးတို့က ၃ရက်အတွင်း ၂ပွဲကစားရမှာပါ။ ဒီလိုအနေအထားမှာ ကစားသမားတွေအနေနဲ့ ၂ပွဲစလုံး အင်ပြည့်အားပြည့်ကစားရင် ဒဏ်ရာရနိုင်တယ်ဆိုတာ အားလုံးလည်း သိပါတယ်”


”တစ်ခါတလေကျရင် ဒီလိုဖြစ်ရတာက ရုပ်သံပြသမှုတွေကြောင့်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အသင်းက ၄၈ နာရီအတွင်း ၂ပွဲကစားရချိန်မှာ တခြားအသင်းတွေက ၃ရက်အတွင်း ၂ပွဲကစားရတာဖြစ်လို့ အားပြန်ဖြည့်ဖို့က ၂၄ နာရီအပိုထွက်လာပါတယ်”


”ဒါက မျှတမှုရှိတယ်လို့ မထင်ပါဘူး။ ပွဲစဉ်ဇယားရေးဆွဲတာက မှားယွင်းနေပြီး ကစားသမားတွေအနေနဲ့ အကောင်းဆုံးအနေအထားမှာ ရှိနေဖို့ မလွယ်ပါဘူး။ ဗီလာလည်း အတူတူပဲဆိုပြီး ကျွန်တော့်ကို လာမပြောပါနဲ့။ အခုကျွန်တော်ပြောနေတာက တခြားအသင်းတွေလိုမျိုး နားရက်ပိုမရတာကိုပြောနေတာပါ”လို့ လမ်းပတ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူႏိုက္တက္နဲ႔ လီဗာပူး အသာရေနတယ္လုိ႔ ပြဲစဥ္ဇယားေရးဆြဲမႈအေပၚ လမ္းပတ္ ျပင္းထန္စြာေ၀ဖန္
ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံလုပဲြအတြက္ ပြဲစဥ္ဇယားေရးဆြဲမႈမွာ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ အသာရေနတာက မွ်တမႈမရွိဘူးလုိ႔ ပရီးမီးယားလိဂ္ပြဲစဥ္ဇယားေရးဆဲြမႈအေပၚ ျပင္းထန္စြာေ၀ဖန္သြားပါတယ္။

ခ်ဲလ္ဆီးဟာ ေဘာက္ဆင္ေဒးပြဲစဥ္အျဖစ္ စေနညက အာဆင္နယ္နဲ႔အေ၀းကြင္းပြဲရင္ဆုိင္ခဲ့ရာမွာ အိမ္ရွင္အသင္းကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခ့ဲရၿပီး တနလၤာေန႔မွာ အက္စတြန္ဗီလာနဲ႔ အိမ္ကြင္းပြဲကစားရမွာျဖစ္ရာ ၾကားထဲမွာ နားရက္အျဖစ္ ယေန႔တစ္ရက္တည္းရရွိထားပါတယ္။
အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးဟာ ၿပီးခဲ့တဲ့အပတ္ စေနက ပဲေလ့စ္ကြင္းမွာ ၀-၇ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ယေန႔ညက်မွ အိမ္ကြင္းမွာ ၀က္စ္ဘရြန္းနဲ႔ကစားရမွာျဖစ္ၿပီး ေနာက္ထပ္တစ္ရက္ ပိုရကာ ဒီဇင္ဘာလ ၃၀ ရက္ေန႔က်မွ နယူးကာဆယ္နဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။
ယူနုိက္တက္ဟာ ခ်န္ပီယံေမွ်ာ္လင့္ေနတဲ့ ေနာက္ထပ္အသင္းျဖစ္တဲ့ စပါးနဲ႔အတူ ၾကားထဲမွာ ခ်ဲလ္ဆီးထက္ တစ္ရက္ပိုအနားရၿပီး ခ်ဲလ္ဆီးကေတာ့ ၄၈ နာရီအတြင္း ၂ပြဲဆက္တိုက္ကစားရမွာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က လိဒ္ကို ၆-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔မွာ ကာရာေဘာင္ဖလားကြာတားဖိုင္နယ္ပဲြအျဖစ္ ဂြတ္ဒီဆင္ပါ့ခ္မွာ အဲဗာတန္ကို ၀-၂ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
နည္းျပဆုိးလ္ရွားရဲ႕ ယူႏုိက္တက္အသင္းဟာ စေနညအေစာဆုံးပဲြအျဖစ္ လက္စတာနဲ႔ ၂-၂ ဂုိးသေရက်ခဲ့ေပမယ့္ အဂၤါေန႔ညက်မွ အိမ္ကြင္းမွာ ၀ုဗ္အသင္းကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။

”၄၈ နာရီအတြင္း ၂ပြဲကစားရတာက ကၽြန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့ေထာက္ျပခ်က္ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ခ်န္ပီယံဆုမွန္းေနတဲ့ တျခားအသင္းေတြက ၃ရက္အတြင္း ၂ပြဲကစားရမွာမို႔လုိ႔ပါ”
”မန္ခ်က္စတာယူႏုိက္တက္၊ ေတာ့တင္ဟမ္နဲ႔ လီဗာပူးတုိ႔က ၃ရက္အတြင္း ၂ပဲြကစားရမွာပါ။ ဒီလိုအေနအထားမွာ ကစားသမားေတြအေနနဲ႔ ၂ပြဲစလုံး အင္ျပည့္အားျပည့္ကစားရင္ ဒဏ္ရာရႏုိင္တယ္ဆုိတာ အားလုံးလည္း သိပါတယ္”
”တစ္ခါတေလက်ရင္ ဒီလုိျဖစ္ရတာက ႐ုပ္သံျပသမႈေတြေၾကာင့္ဆုိတာ ကၽြန္ေတာ္သိပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းက ၄၈ နာရီအတြင္း ၂ပြဲကစားရခ်ိန္မွာ တျခားအသင္းေတြက ၃ရက္အတြင္း ၂ပဲြကစားရတာျဖစ္လုိ႔ အားျပန္ျဖည့္ဖုိ႔က ၂၄ နာရီအပုိထြက္လာပါတယ္”
”ဒါက မွ်တမႈရွိတယ္လုိ႔ မထင္ပါဘူး။ ပဲြစဥ္ဇယားေရးဆြဲတာက မွားယြင္းေနၿပီး ကစားသမားေတြအေနနဲ႔ အေကာင္းဆုံးအေနအထားမွာ ရွိေနဖို႔ မလြယ္ပါဘူး။ ဗီလာလည္း အတူတူပဲဆုိၿပီး ကၽြန္ေတာ့္ကို လာမေျပာပါနဲ႔။ အခုကၽြန္ေတာ္ေျပာေနတာက တျခားအသင္းေတြလုိမ်ိုး နားရက္ပိုမရတာကိုေျပာေနတာပါ”လုိ႔ လမ္းပတ္က ေျပာပါတယ္။