
အေဂျက် နည်းပြ အဲရစ် တင်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့
အင်တာဗျူး ဖြေဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း THE MAIL သတင်းဌာနက ဆိုပါတယ်။
တင်ဟက်က လက်ရှိမှာ မန်ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြရာထူးအတွက်
ရေပန်းအစားဆုံး ပုဂ္ဂိုလ်ဖြစ်နေပါတယ်။
ဒါပေမယ့် မန်ယူနိုက်တက်က အခြားသော ရွေးချယ်မှုတွေကိုလည်း
တရားဝင် လေ့လာနေပြီး အဲ့ဒီထဲမှ ပီအက်စ်ဂျီမန်နေဂျာ မူရီစီယို ပိုချက်တီနိုက
တင်ဟက်ပြီးနောက် ဖြစ်နိုင်ခြေအများဆုံးနည်းပြအနေနဲ့ ရှိနေပါတယ်။
THE MAIL ရဲ့ အဆိုအရ ယူနိုက်တက်က ပိုချက်တီနိုနဲ့လည်း
အင်တာဗျူးဖို့ ဆန္ဒရှိပြီး ဆီဗီလာရဲ့ ဂျူလီယန် လိုပက်တယ်ဂီ နှင့်
စပိန်ရဲ့ လူးဝစ် အင်းနရစ်တို့နဲ့လည်း စကားပြောချင်တယ်လို့ သိရပါတယ်။
စပိန် ဂျာနယ်လစ် GUILLEM BALAGUE ကတော့ အင်းနရစ်ဟာ
ကမ္ဘာ့ဖလားမတိုင်ခင် စပိန်လက်ရွေးစင်အသင်းကနေ
ထွက်ခွာဖို့မရှိကြောင်း ယခုအပတ်အတွင်း ပြောဆိုထားပါတယ်။
ဒါကြောင့် တင်ဟက်က ယူနိုက်တက် ပထမဆုံးတွေ့ဆုံခဲ့တဲ့နည်းပြဖြစ်ပြီး
ဒီအချက် အဓိပ္ပာယ်များစွာ ဖော်ပြနိုင်ပါတယ်။ သတင်းအရ ယူနိုက်တက်က
သူ့ကို တနင်္လာနေ့မှာ အင်တာဗျူးခဲ့တာလို့ သိရပါတယ်။
အေဂျက်ကလည်း တင်ဟက် အသင်းပြောင်းရွေ့လိုပါက
ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်ဖွယ်မရှိပဲ အမှုဆောင်အရာရှိ
ဗန်ဒါဆားအနေနဲ့ ကလပ်အသင်းနှစ်ခုကြားမှာ
ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်လက်ရှိနေဖို့ကို ဦးစားပေးဆောင်ရွယ်ပါလိမ့်မယ်။
ဒါ့အပြင် ယူနိုက်တက်က တင်ဟက်ကို ခေါ်ယူပါက အေဂျက်အသင်းထံ
လျော်ကြေးအနေနဲ့ ပေါင် ( ၄ ) သန်း ဝန်းကျင်သာ ပေးချေရမှာဖြစ်ပါတယ်။
တင်ဟက်ရဲ့ အေဂျက်က နယ်သာလန် ပြည်တွင်းလိဂ် EREDIVISIE ရဲ့
အမှတ်ပေးဇယားထိပ်မှာ ( ၂ ) မှတ်အသာနဲ့ ဦးေဆာင်ထားပြီး
ဒီရာသီအတွင်း ပြိုင်ပွဲစုံ ဂိုး ( ၁၀၀) ကျော် သွင်းယူထားပါတယ်။
ဒတ်ချ်လူမျိုးဟာ ခံစစ်ပိုင်းကို ကျစ်လျစ်အောင်လုပ်ပြီး တိုက်စစ်အားသန်တဲ့
ကစားဟန်ကို သဘောကျသူဖြစ်ပါတယ်။
နောက်ပြီးသူက ဘိုင်ယန်မြူးနစ်အသင်းမှာလည်း လက်ရှိ မန်ချက်စတာ စီးတီးနည်းပြ
ပက်ဂွာဒီယိုလာနဲ့ အနီးကပ်အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။
zawgyi
ယူႏိုက္တက္နဲ႔ အၿမဲတမ္းနည္းျပရာထူးအတြက္ အင္တာဗ်ဴး ေျဖဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီးျဖစ္တဲ့ အဲရစ္တင္ဟက္
ေအဂ်က္ နည္းျပ အဲရစ္ တင္ဟက္ဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔
အင္တာဗ်ဴး ေျဖဆိုမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း THE MAIL သတင္းဌာနက ဆိုပါတယ္။
တင္ဟက္က လက္ရွိမွာ မန္ယူႏိုက္တက္ရဲ႕ အၿမဲတမ္းနည္းျပရာထူးအတြက္
ေရပန္းအစားဆုံး ပုဂၢိဳလ္ျဖစ္ေနပါတယ္။
ဒါေပမယ့္ မန္ယူႏိုက္တက္က အျခားေသာ ေ႐ြးခ်ယ္မႈေတြကိုလည္း
တရားဝင္ ေလ့လာေနၿပီး အဲ့ဒီထဲမွ ပီအက္စ္ဂ်ီမန္ေနဂ်ာ မူရီစီယို ပိုခ်က္တီႏိုက
တင္ဟက္ၿပီးေနာက္ ျဖစ္ႏိုင္ေျခအမ်ားဆုံးနည္းျပအေနနဲ႔ ရွိေနပါတယ္။
THE MAIL ရဲ႕ အဆိုအရ ယူႏိုက္တက္က ပိုခ်က္တီႏိုနဲ႔လည္း
အင္တာဗ်ဴးဖို႔ ဆႏၵရွိၿပီး ဆီဗီလာရဲ႕ ဂ်ဴလီယန္ လိုပက္တယ္ဂီ ႏွင့္
စပိန္ရဲ႕ လူးဝစ္ အင္းနရစ္တို႔နဲ႔လည္း စကားေျပာခ်င္တယ္လို႔ သိရပါတယ္။
စပိန္ ဂ်ာနယ္လစ္ GUILLEM BALAGUE ကေတာ့ အင္းနရစ္ဟာ
ကမာၻ႔ဖလားမတိုင္ခင္ စပိန္လက္ေ႐ြးစင္အသင္းကေန
ထြက္ခြာဖို႔မရွိေၾကာင္း ယခုအပတ္အတြင္း ေျပာဆိုထားပါတယ္။
ဒါေၾကာင့္ တင္ဟက္က ယူႏိုက္တက္ ပထမဆုံးေတြ႕ဆုံခဲ့တဲ့နည္းျပျဖစ္ၿပီး
ဒီအခ်က္ အဓိပၸာယ္မ်ားစြာ ေဖာ္ျပႏိုင္ပါတယ္။ သတင္းအရ ယူႏိုက္တက္က
သူ႔ကို တနလၤာေန႔မွာ အင္တာဗ်ဴးခဲ့တာလို႔ သိရပါတယ္။
ေအဂ်က္ကလည္း တင္ဟက္ အသင္းေျပာင္းေ႐ြ႕လိုပါက
ပိတ္ပင္တားဆီးမႈေတြ ျပဳလုပ္ဖြယ္မရွိပဲ အမႈေဆာင္အရာရွိ
ဗန္ဒါဆားအေနနဲ႔ ကလပ္အသင္းႏွစ္ခုၾကားမွာ
ေကာင္းမြန္တဲ့ ဆက္ဆံေရး ဆက္လက္ရွိေနဖို႔ကို ဦးစားေပးေဆာင္႐ြယ္ပါလိမ့္မယ္။
ဒါ့အျပင္ ယူႏိုက္တက္က တင္ဟက္ကို ေခၚယူပါက ေအဂ်က္အသင္းထံ
ေလ်ာ္ေၾကးအေနနဲ႔ ေပါင္ ( ၄ ) သန္း ဝန္းက်င္သာ ေပးေခ်ရမွာျဖစ္ပါတယ္။
တင္ဟက္ရဲ႕ ေအဂ်က္က နယ္သာလန္ ျပည္တြင္းလိဂ္ EREDIVISIE ရဲ႕
အမွတ္ေပးဇယားထိပ္မွာ ( ၂ ) မွတ္အသာနဲ႔ ဦးေဆာင္ထားၿပီး
ဒီရာသီအတြင္း ၿပိဳင္ပြဲစုံ ဂိုး ( ၁၀၀) ေက်ာ္ သြင္းယူထားပါတယ္။
ဒတ္ခ်္လူမ်ိဳးဟာ ခံစစ္ပိုင္းကို က်စ္လ်စ္ေအာင္လုပ္ၿပီး တိုက္စစ္အားသန္တဲ့
ကစားဟန္ကို သေဘာက်သူျဖစ္ပါတယ္။
ေနာက္ၿပီးသူက ဘိုင္ယန္ျမဴးနစ္အသင္းမွာလည္း လက္ရွိ မန္ခ်က္စတာ စီးတီးနည္းျပ
ပက္ဂြာဒီယိုလာနဲ႔ အနီးကပ္အလုပ္လုပ္ကိုင္ခဲ့ဖူးပါတယ္။