ယူနိုက်တက်နဲ့ ၁နှစ်ပြည့်ခဲ့ပြီးနောက် အသင်းမှာ သမိုင်းတစ်ခုမကျန်မချင်း မနားဘူးဘူးလို့ ဖာနန်ဒက်စ် ကြွေးကြော်


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနို်က်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူဟာ အသင်းမှာသမိုင်းတစ်ခုမကျန်မချင်း အနားယူမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပေါ်တူဂီသားဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ ယူနိုက်တက်ကိုရောက်ရှိလာခဲ့တာ ၁ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်ရဲ့တစ်နှစ်ပြည့်ခဲ့တဲ့ အာဆင်နယ်နဲ့ပွဲကတော့ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပေါ်တူဂီသားဟာ ယူနိုက်တက်ကိုရောက်ရှိလာခဲ့တဲ့ပထမဆုံးနှစ်မှာပဲ ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာလည်း ဖာနန်ဒက်စ်ဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ယူနိုက်တက်နဲ့အတူ အောင်မြင်မှုရချင်ကြောင်းဆိုခဲ့ပါတယ်။

“ကျွန်တော့်ရဲ့တစ်နှစ်ပြည့်တဲ့ပွဲရလဒ်ကတော့ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဆက်လက်တိုးတက်အောက်လုပ်ဆောင်သွားမှာပါ။

ယူနိုက်တက်အတွက် ကစားပေးရတာ တကယ့်ကို ဂုဏ်ယူဖို့ကောင်းပါတယ်။ အသင်းနဲ့အတူ သမိုင်းတွင်ကျန်ရစ်ချင်ပါတယ်။

ဒီကိုရောက်လာတာက အသင်းဆုဖလားတွေရရှိအောင် ကူညီပေးနိုင်ဖို့ပါ။ တစ်နှစ်အတွင်းမှာ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ရဲ့နိုင်ပွဲရရှိမှုတွေမှာ အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ကြားရက်တုန်းက ရှက်ဖီးလ်ကိုအိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ အာဆင်နယ်နဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေပါတယ်။ “တကယ်ကောင်းတဲ့စွမ်းဆောင်ရည်ပါ။ ဒုတိယပိုင်းမှာ အခွင့်အရေး ၂ ကြိမ်လောက်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ တစ်ပွဲလုံးအနေအထားအရဆိုရင် အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်”လိ့ု ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္နဲ႔ ၁ႏွစ္ျပည့္ခဲ့ၿပီးေနာက္ အသင္းမွာ သမိုင္းတစ္ခုမက်န္မခ်င္း မနားဘူးဘူးလို႔ ဖာနန္ဒက္စ္ ေႂကြးေၾကာ္

ယူႏို္က္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က သူဟာ အသင္းမွာသမိုင္းတစ္ခုမက်န္မခ်င္း အနားယူမွာမဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေပၚတူဂီသားဟာ အာဆင္နယ္အသင္းနဲ႔ပြဲမွာ ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့တာ ၁ ႏွစ္ျပည့္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဖာနန္ဒက္စ္ရဲ႕တစ္ႏွစ္ျပည့္ခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲကေတာ့ သေရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ေပၚတူဂီသားဟာ ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့တဲ့ပထမဆုံးႏွစ္မွာပဲ ေျခစြမ္းေကာင္းေတြဆက္တိုက္ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာလည္း ဖာနန္ဒက္စ္ဟာ စြမ္းေဆာင္ရည္ေကာင္းေတြျပသေနၿပီး ယူႏိုက္တက္နဲ႔အတူ ေအာင္ျမင္မႈရခ်င္ေၾကာင္းဆိုခဲ့ပါတယ္။ “ကြၽန္ေတာ့္ရဲ႕တစ္ႏွစ္ျပည့္တဲ့ပြဲရလဒ္ကေတာ့ မေကာင္းခဲ့ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ဆက္လက္တိုးတက္ေအာက္လုပ္ေဆာင္သြားမွာပါ။ယူႏိုက္တက္အတြက္ ကစားေပးရတာ တကယ့္ကို ဂုဏ္ယူဖို႔ေကာင္းပါတယ္။ အသင္းနဲ႔အတူ သမိုင္းတြင္က်န္ရစ္ခ်င္ပါတယ္။ ဒီကိုေရာက္လာတာက အသင္းဆုဖလားေတြရရွိေအာင္ ကူညီေပးႏိုင္ဖို႔ပါ။ တစ္ႏွစ္အတြင္းမွာ ကြၽန္ေတာ့္ကို အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ခ်င္ပါတယ္”လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။

ဖာနန္ဒက္စ္ကေတာ့ ယူႏိုက္တက္ရဲ႕ႏိုင္ပြဲရရွိမႈေတြမွာ အဓိကေနရာကေန စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္ဟာ ၾကားရက္တုန္းက ရွက္ဖီးလ္ကိုအိမ္ကြင္းမွာပဲ အေရးနိမ့္ခဲ့ပါတယ္။ဆိုးလ္ရွားကေတာ့ အာဆင္နယ္နဲ႔ပြဲမွာ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္ေနပါတယ္။ “တကယ္ေကာင္းတဲ့စြမ္းေဆာင္ရည္ပါ။ ဒုတိယပိုင္းမွာ အခြင့္အေရး ၂ ႀကိမ္ေလာက္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ပါတယ္။ တစ္ပြဲလုံးအေနအထားအရဆိုရင္ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္ပါတယ္”လိ့ု ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။