ယူနိုက်တက်နဲ့ ၁၁ လတာ ကျော်ဖြတ်ပြီးချိန်မှာ ဖာနန်ဒက်စ်က အသင်းမှာ အရေးကြီးဆုံး လိုအပ်တဲ့အရာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်…
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မကြာသေးတဲ့ ရက်ပိုင်းကမှ Man United News(MEN) ကနေ ယူနိုက်တက်ပရိသတ်တွေကို ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း အကောင်းဆုံးကစားသမား ဘယ်သူလဲဆိုပြီး မဲပေးရွေးချယ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ထောင်နှင့်ချီတဲ့ မဲတွေ ရရှိလာပြီးနောက်မှာတော့ ဖာနန်ဒက်စ် ဟာ ပရိသတ်တွေရွေးချယ်ခဲ့တဲ့ ၂၀၂၀ အကောင်းဆုံးကစားသမားအဖြစ် ffoty2020.mirror.co.uk မှာ ဖော်ပြခံထားရပါတယ်။
သူနဲ့ ဒုတိယနေရာရရှိခဲ့တဲ့ မားကပ်စ်ရက်ဖိုဒ်ဟာ မဲအရေအတွက် အတော်ကိုပြတ်ပြတ်သားသား ကွာခြားခဲ့ပါတယ်။ ဒီရွေးချယ်မှုမှာ မေဆင်ဂရင်းဝုဒ်ကတတိယ နေရာရရှိခဲ့ပြီး မာရှယ်ကတော့ စတုတ္ထနေရာရခဲ့ပါတယ်။
မန်ယူအသင်းရဲ့ပရိသတ်တွေက ရွေးချယ်ပေးခဲ့တဲ့ ၂၀၂၀ ခုနှစ် အကောင်းဆုံး ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်က MUTVနဲ့အင်တာဗျူးမှာလဲ မန်ယူကိုရောက်တဲ့ ပထမဆုံးနှစ်နဲ့ပတ်သက်ပြီး မေးမြန်းမှုကိုလည်း အခုလိုဘဲ ဖြေကြားခဲ့ပါတယ်။
သူက” ပထမဆုံး ၁၂ လ၊ ကျွန်တော့်အတွက်ပြောရရင်တော့ ၁၁ လပေါ့။ တကယ်ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အဓိကလိုချင်တဲ့ အရာ နဲ့ မရသေးတဲ့အရာကတော့ ဆုဖလားတွေပါဘဲ။ ဒါကသိပ်ရှင်းပါတယ်။ ၂၀၂၁ အတွင်းမှာရယူနိုင်မှာပါ။ ကျွန်တော့်အမြင်မှာတော့ အရာရာကိုအဆုံးသတ်လိုက်ရင် ပြီးခဲ့တဲ့ ၁၁ လဟာ သိပ်ကိုကောင်းခဲ့ပါတယ်။
ဒီကိုရောက်နေတာနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မန်ယူရဲ့အစိတ်အပိုင်းဖြစ်ရတာ ကိုအရမ်းကျေနပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ လိဒ်ကို ၆-၂ နဲ့နိုင်တာဟာ မန်ယူအတွက်သူပါဝင်ကစားခဲ့တဲ့ ပွဲတွေထဲမှာ ဖျော်ဖြေမှုအပေးနိုင်ဆုံးလားလို့ မေးမြန်းမှုကိုတော့ သူက ဟုတ်ပါတယ်လို့ ဖြေခဲ့ပြီး ဂိုးများများသွင်းလေ ပျော်ရွှင်ရလေဘဲလို့ ဆိုခဲ့ပါတယ်။
သူက ဆက်လက်ပြီး” ဂိုးတွေအများကြီးသွင်းလေ ပျော်ရလေပါဘဲ။ ဒါပေမယ့် ၂ ဂိုးပေးလိုက်ရတာကတော့ကျေနပ်စရာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ၆ ဂိုးသွင်းခြင်း မသွင်းခြင်းက အရေးပါဆုံးသောအရာ တော့မဟုတ်ပါဘူး။ အဓိက အိမ်အပြန်မှာ ၃ မှတ်ပါသွားဖို့ပါဘဲ။ ကျွန်တော်တို့ရဲ့အရည်အသွေးကောင်းကိုပြသနိုင်ဖို့ကလည်း အရေးကြီးတာပါဘဲ။
ပရိသတ်တွေကတော့ သွင်းဂိုးတွေ နဲ့ထူးခြားတဲ့စွမ်းဆောင်မှုတွေကို တတ်နိုင်သလောက်မြင်ချင်ကြမှာပါ။ ဒါပေမယ့် စဉ်းစားကြည့်မယ်ဆိုရင် အနိုင်ရဖို့ကသာ အရေးအကြီးဆုံးပါ” လို့ ပြောကြားသွားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi