ယူနိုက်တက်ပေါ့ဂ်ဘာနဲ့ ပြင်သစ်ပေါ့ဂ်ဘာလို့ ခွဲပြောရလောက်တဲ့အထိဖြစ်သွားတဲ့ ဘူလ်ဂေးရီးယားနဲ့ခြေစမ်းပွဲ

ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ယမန်နေ့ညက ဘူလ်ဂေးရီးယားကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ရာ ပရိသတ်တွေက ကလပ်အသင်းအဆင့်မှာလည်း ပေါ့ဂ်ဘာကို တိုက်စစ်ပိုင်းအတွက် နေရာလွတ်တွေပေးကစားသင့်တယ်လို့ ယူဆနေကြပါတယ်။


အသက် ၂၈ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းရဲ့တိုက်စစ်ဧရိယာတွေမှာ အပေါ်လွင်ဆုံးကစားသွားပြီး ဂရစ်ဇ်မန်း၊ ဘန်ဇီးမားနဲ့ ဘာပေတို့လို ကစားသမားတွေဆီ တစ်ချိန်လုံး တိကျတဲ့ပေးပို့မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်မှာ ခြေစွမ်းတစ်သမတ်တည်းပြဖို့ ရုန်းကန်နေရတယ်လို့ စွပ်စွဲခံနေရတဲ့ ပေါ့ဂ်ဘာဟာ ဘူလ်ဂေးရီးယားနဲ့ပွဲမှာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခဲ့ပြီး ကန်တီက ခံစစ်ပိုင်းကို ပိုမိုဦးစားပေးကစားခဲ့ပါတယ်။


ပြင်သစ်အသင်းရဲ့ဂိုးပြတ်နိုင်ပွဲမှာ အဓိကကျတဲ့အချက်တစ်ချက်ကတော့ ပေါ့ဂ်ဘာကို ကွင်းလယ်တိုက်စစ်မှာ လွတ်လွတ်လပ်လပ်ကစားစေခဲ့တာဖြစ်ပြီး အသင်းကလည်း ဂရစ်ဇ်မန်းနဲ့ ဂျီရူး(၂ဂိုး)တို့ရဲ့သွင်းဂိုးတွေကြောင့် ယူရိုမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။


ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ယူနိုက်တက်မှာ ဘယ်တောင်ပံထွက်ကစားခဲ့ရတာများပြီး ဖရက်ဒ်၊ မက်တိုမီနေးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ကွင်းလယ်ပိုင်းမှာ အဓိကကစားခဲ့ပါတယ်။
ဒါပေမဲ့ ဘူလ်ဂေးရီးယားနဲ့ပွဲမှာ ပြသသွားတဲ့ခြေစွမ်းအရ ပေါ့ဂ်ဘာအနေနဲ့ တိုက်စစ်မှူးရဲ့နောက် ကျောနံပါတ် ၁၀ နေရာမှာ ကစားသင့်တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။

ပေါ့ဂ်ဘာဟာ အဲဒီပွဲမှာ တိုက်စစ်ကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပြီး စကေးတွေလည်း ပြသနိုင်ခဲ့သလို ဘောလုံးဆုံးပြီလို့ ထင်မှတ်ရတဲ့အနေအထားမှာလည်း ဘောလုံးရအောင် ထုတ်သွားနိုင်ခဲ့ပါတယ်။
ဒီလိုခြေစွမ်းပြခဲ့လို့ ပရိသတ်တွေလည်း ကလပ်နဲ့လက်ရွေးစင်အဆင့်မှာ ပေါ့ဂ်ဘာရဲ့ခြေစွမ်းကို နှိုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။

”ပေါ့ဂ်ဘာကတော့ ပြင်သစ်အတွက် ရူးလောက်အောင်ကောင်းတဲ့ကစားသမားပဲ။ ယူနိုက်တက်မှာ ဘာလို့များ ဒီလောက်မကောင်းရတာလဲ။ ကန်တီကလည်း ကစားတာ အမိုက်စားပဲ”
”ကွင်းလယ်ခံစစ်မှာမဟုတ်ဘဲ ကွင်းလယ်တိုက်စစ်မှာ နေရာလွတ်တွေပေးနိုင်ရင် ပေါ့ဂ်ဘာ ကောင်းကောင်းလုပ်နိုင်တာပေါ့”


”ကန်တီလောက် ပေါ့ဂ်ဘာဆီကနေ ဘယ်သူမှ အကောင်းဆုံးခြေစွမ်း ထုတ်မယူနိုင်သေးဘူး”

”ဂရစ်ဇ်မန်းနဲ့ ပေါ့ဂ်ဘာတို့က သူတို့နိုင်ငံအတွက်ဆိုရင် ကလပ်အသင်းခြေစွမ်းနဲ့ လုံးဝခြားနားသွားတဲ့ကစားပြနေပါတယ်”လို့ ပရိသတ်တွေက အသီးသီးမှတ်ချက်ပြုခဲ့ပါတယ်။

Zawgyi

ယူႏိုက္တက္ေပါ့ဂ္ဘာနဲ႔ ျပင္သစ္ေပါ့ဂ္ဘာလို႔ ခြဲေျပာရေလာက္တဲ့အထိျဖစ္သြားတဲ့ ဘူလ္ေဂးရီးယားနဲ႔ေျခစမ္းပြဲ
ျပင္သစ္ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ယမန္ေန႔ညက ဘူလ္ေဂးရီးယားကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ရာ ပရိသတ္ေတြက ကလပ္အသင္းအဆင့္မွာလည္း ေပါ့ဂ္ဘာကို တိုက္စစ္ပိုင္းအတြက္ ေနရာလြတ္ေတြေပးကစားသင့္တယ္လို႔ ယူဆေနၾကပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ရွိ ေပါ့ဂ္ဘာဟာ ျပင္သစ္အသင္းရဲ႕တိုက္စစ္ဧရိယာေတြမွာ အေပၚလြင္ဆုံးကစားသြားၿပီး ဂရစ္ဇ္မန္း၊ ဘန္ဇီးမားနဲ႔ ဘာေပတို႔လို ကစားသမားေတြဆီ တစ္ခ်ိန္လုံး တိက်တဲ့ေပးပို႔မႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္မွာ ေျခစြမ္းတစ္သမတ္တည္းျပဖို႔ ႐ုန္းကန္ေနရတယ္လို႔ စြပ္စြဲခံေနရတဲ့ ေပါ့ဂ္ဘာဟာ ဘူလ္ေဂးရီးယားနဲ႔ပြဲမွာ တိုက္စစ္ကို ပိုမိုလိုက္ပါကစားခဲ့ၿပီး ကန္တီက ခံစစ္ပိုင္းကို ပိုမိုဦးစားေပးကစားခဲ့ပါတယ္။
ျပင္သစ္အသင္းရဲ႕ဂိုးျပတ္ႏိ္ုင္ပြဲမွာ အဓိကက်တဲ့အခ်က္တစ္ခ်က္ကေတာ့ ေပါ့ဂ္ဘာကို ကြင္းလယ္တိုက္စစ္မွာ လြတ္လြတ္လပ္လပ္ကစားေစခဲ့တာျဖစ္ၿပီး အသင္းကလည္း ဂရစ္ဇ္မန္းနဲ႔ ဂ်ီ႐ူး(၂ဂိုး)တို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ယူ႐ိုမတိုင္ခင္ ေနာက္ဆုံးေျခစမ္းပြဲမွာ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။

ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း ယူႏိုက္တက္မွာ ဘယ္ေတာင္ပံထြက္ကစားခဲ့ရတာမ်ားၿပီး ဖရက္ဒ္၊ မက္တိုမီေနးနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔က ကြင္းလယ္ပိုင္းမွာ အဓိကကစားခဲ့ပါတယ္။
ဒါေပမဲ့ ဘူလ္ေဂးရီးယားနဲ႔ပြဲမွာ ျပသသြားတဲ့ေျခစြမ္းအရ ေပါ့ဂ္ဘာအေနနဲ႔ တိုက္စစ္မွဴးရဲ႕ေနာက္ ေက်ာနံပါတ္ ၁၀ ေနရာမွာ ကစားသင့္တယ္လို႔ ပရိသတ္ေတြက ယုံၾကည္ေနပါတယ္။
ေပါ့ဂ္ဘာဟာ အဲဒီပြဲမွာ တိုက္စစ္ကို အေကာင္းဆုံးပုံေဖာ္ႏိုင္ခဲ့ၿပီး စေကးေတြလည္း ျပသႏိုင္ခဲ့သလို ေဘာလုံးဆုံးၿပီလို႔ ထင္မွတ္ရတဲ့အေနအထားမွာလည္း ေဘာလုံးရေအာင္ ထုတ္သြားႏိုင္ခဲ့ပါတယ္။
ဒီလိုေျခစြမ္းျပခဲ့လို႔ ပရိသတ္ေတြလည္း ကလပ္နဲ႔လက္ေရြးစင္အဆင့္မွာ ေပါ့ဂ္ဘာရဲ႕ေျခစြမ္းကို ႏႈိင္းယွဥ္သုံးသပ္ခဲ့ပါတယ္။
”ေပါ့ဂ္ဘာကေတာ့ ျပင္သစ္အတြက္ ႐ူးေလာက္ေအာင္ေကာင္းတဲ့ကစားသမားပဲ။ ယူႏိုက္တက္မွာ ဘာလို႔မ်ား ဒီေလာက္မေကာင္းရတာလဲ။ ကန္တီကလည္း ကစားတာ အမိုက္စားပဲ”

”ကြင္းလယ္ခံစစ္မွာမဟုတ္ဘဲ ကြင္းလယ္တိုက္စစ္မွာ ေနရာလြတ္ေတြေပးႏိုင္ရင္ ေပါ့ဂ္ဘာ ေကာင္းေကာင္းလုပ္ႏိုင္တာေပါ့”
”ကန္တီေလာက္ ေပါ့ဂ္ဘာဆီကေန ဘယ္သူမွ အေကာင္းဆုံးေျခစြမ္း ထုတ္မယူႏိုင္ေသးဘူး”
”ဂရစ္ဇ္မန္းနဲ႔ ေပါ့ဂ္ဘာတို႔က သူတို႔ႏိုင္ငံအတြက္ဆိုရင္ ကလပ္အသင္းေျခစြမ္းနဲ႔ လုံးဝျခားနားသြားတဲ့ကစားျပေနပါတယ္”လို႔ ပရိသတ္ေတြက အသီးသီးမွတ္ခ်က္ျပဳခဲ့ပါတယ္။