ယူနိုက်တက်မှာလည်း COVID Positive တွေ့သူတွေ ရှိလာပြီ

မန်ချက်စတာယူနိုက်တက်အသင်းတွင်ကိုဗစ်ကူးစက်ပျံ့နှံ့မှုရှိနေပြီး

ကြားရက်တွင်အဝေးကွင်းသို့သွားရောက်ကစားရမယ့်ဘရန့်ဖို့ဒ်နှင့်ပွဲကို

ရွှေ့ဆိုင်းရနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

ယူနိုက်တက်ကအသင်းရှိကစားသမားအချို့တို့နှင့်နည်းပြအဖွဲ့အချို့တို့တွင်

ကိုဗစ်ပေါ့စတစ်တွေ့ရှိရကြောင်းအတည်ပြုထားပါတယ်။

စပါးစ်ဟာကိုဗစ်ကူးစက်မှုများရှိနေမှုကြောင့်ရန်းနက်စ်နှင့်

ယူရိုပါကွန်ဖရင့်လိဂ်ပွဲနှင့်ဘရိုက်တန်နှင့်ပရီးမီးယားလိဂ်ပွဲတို့ကို

ရွှေ့ဆိုင်းခဲ့ရပြီးဖြစ်ပါတယ်။စပါးစ်အသင်းဟာနော့ဝှစ်ချ်ကို၃-ဝဂိုးဖြင့်

အနိုင်ရရှိပြီးနောက်ပိုင်းတွင် ကိုဗစ်ကူးစက်မှုဒဏ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

နော့ဝှစ်ချ်ဟာလည်းစပါးစ်နှင့်ကစားခဲ့ရမှုကြောင့်ကိုဗစ်ကူးစက်မှုများ

ရှိနေမည်ကိုစိုးရိမ်ကာစစ်ဆေးမှုပြုလုပ်ခဲ့ပေမယ့်နက်ဂတစ်သာတွေ့ခဲ့ရပါတယ်။

ယူနိုက်တက်ဟာလည်းနော့ဝှစ်ချ်နှင့်ပွဲမတိုင်မီကိုဗစ်စစ်ဆေးခဲ့ရာ

နစ်ကတစ်သာတွေ့ခဲ့ရပါတယ်။ဒါပေမဲ့နော့ဝှစ်ချ်နှင့်ပွဲအပြီးမှာတော့အသင်းအတွင်းရှိ

ကစားသမားအချို့နှင့်နည်းပြအဖွဲ့ဝင်အချို့တို့တွင်ကိုဗစ်ကူးစက်မှုများ

ရှိနေကြောင်းတွေ့ရပါတယ်။ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိသူများကို

အိမ်ပြန်စေလွှတ်ကာကွာရန်တင်းဝင်းခိုင်းထားပါတယ်။

ယူနိုက်တက်ဟာကျန်အသင်းရှိကစားသမားများအား အချင်းချင်းမထိတွေ့စေဘဲ

ထိတွေ့မှုမရှိတဲ့လေ့ကျင့်ခန်းများကိုသာပြုလုပ်ခိုင်းထားပါတယ်။

zawgyi

ယူႏိုက္တက္မွာလည္း COVID Positive ေတြ႕သူေတြ ရွိလာၿပီ

မန္ခ်က္စတာယူႏိုက္တက္အသင္းတြင္ကိုဗစ္ကူးစက္ပ်ံ႕ႏွံ႔မႈရွိေနၿပီး

ၾကားရက္တြင္အေဝးကြင္းသို႔သြားေရာက္ကစားရမယ့္ဘရန႔္ဖို႔ဒ္ႏွင့္ပြဲကို

ေ႐ႊ႕ဆိုင္းရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။

ယူႏိုက္တက္ကအသင္းရွိကစားသမားအခ်ိဳ႕တို႔ႏွင့္နည္းျပအဖြဲ႕အခ်ိဳ႕တို႔တြင္

ကိုဗစ္ေပါ့စတစ္ေတြ႕ရွိရေၾကာင္းအတည္ျပဳထားပါတယ္။

စပါးစ္ဟာကိုဗစ္ကူးစက္မႈမ်ားရွိေနမႈေၾကာင့္ရန္းနက္စ္ႏွင့္

ယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲႏွင့္ဘ႐ိုက္တန္ႏွင့္ပရီးမီးယားလိဂ္ပြဲတို႔ကို

ေ႐ႊ႕ဆိုင္းခဲ့ရၿပီးျဖစ္ပါတယ္။စပါးစ္အသင္းဟာေနာ့ဝွစ္ခ်္ကို၃-ဝဂိုးျဖင့္

အႏိုင္ရရွိၿပီးေနာက္ပိုင္းတြင္ ကိုဗစ္ကူးစက္မႈဒဏ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ေနာ့ဝွစ္ခ်္ဟာလည္းစပါးစ္ႏွင့္ကစားခဲ့ရမႈေၾကာင့္ကိုဗစ္ကူးစက္မႈမ်ား

ရွိေနမည္ကိုစိုးရိမ္ကာစစ္ေဆးမႈျပဳလုပ္ခဲ့ေပမယ့္နက္ဂတစ္သာေတြ႕ခဲ့ရပါတယ္။

ယူႏိုက္တက္ဟာလည္းေနာ့ဝွစ္ခ်္ႏွင့္ပြဲမတိုင္မီကိုဗစ္စစ္ေဆးခဲ့ရာ

နစ္ကတစ္သာေတြ႕ခဲ့ရပါတယ္။ဒါေပမဲ့ေနာ့ဝွစ္ခ်္ႏွင့္ပြဲအၿပီးမွာေတာ့အသင္းအတြင္းရွိ

ကစားသမားအခ်ိဳ႕ႏွင့္နည္းျပအဖြဲ႕ဝင္အခ်ိဳ႕တို႔တြင္ကိုဗစ္ကူးစက္မႈမ်ား

ရွိေနေၾကာင္းေတြ႕ရပါတယ္။ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိသူမ်ားကို

အိမ္ျပန္ေစလႊတ္ကာကြာရန္တင္းဝင္းခိုင္းထားပါတယ္။

ယူႏိုက္တက္ဟာက်န္အသင္းရွိကစားသမားမ်ားအား အခ်င္းခ်င္းမထိေတြ႕ေစဘဲ

ထိေတြ႕မႈမရွိတဲ့ေလ့က်င့္ခန္းမ်ားကိုသာျပဳလုပ္ခိုင္းထားပါတယ္။