ယူနိုက်တက်မှာ ကျောနံပါတ် (၇) ကျိန်စာ အဆုံးသတ်ခြင်း….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲအစ (၅)မိနစ်မှာ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ဖူလ်ဟမ်ရဲ့ ထင်မှတ်မထားတဲ့ တုံ့ပြန်ပုံတွေကြောင့် ယူနိုက်တက်တို့ ဦးဆောင်ဂိုးကို ပေးလိုက်ရပါတယ်။

ဒါပေမယ့် ၂၁ မိနစ်မှာတော့ ကာဗာနီက ရုတ်တရက်ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်မှာတော့ ဖူလ်ဟမ် ဂိုးစည်းအပြင်ကနေ ပေါ့ဂ်ဘာက ဘယ်ခြေကန်ချက်နဲ့ ဝေ့ဝိုက်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား အာရီယိုလာတစ်ယောက် ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။ သည့်နောက်မှာတော့ ဖူလ်ဟမ်အသင်းဟာ ခံစစ်ပိတ်ကစားနေရာကနေ တိုက်စစ်ပြန်လည်ကစားလာခဲ့သလို ယူနိုက်တက်ကလည်း ခံစစ်ပြန်လည်ကစားခဲ့ပြီး အနိုင် ၃ မှတ်ကို ရယူသွားကာ ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို ပြန်လည်တက်လှမ်းသွားခဲ့ပါတယ်။ ဒီပွဲမှယူနိုက်တက်အသင်းအတွက် ထူးခြားမှတ်တမ်းတွေကတော့…

ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီမှာ အရှုံးအနေအထားကနေ ရမှတ် ၂၁ မှတ်ထိ ရယူနိုင်ခဲ့ပြီး အမှတ်အများဆုံး ပြန်လည်ရယူနိုင်တဲ့ အသင်းဖြစ်ပါတယ်…

ယူနိုက်တက်အသင်းဟာ ပြိုင်ဘက်အသင်းက ဦးဆောင်ဂိုးပေးပြီးမှ အနိုင်ရယူခဲ့တဲ့ ပွဲပေါင်း ၉၄ ပွဲထိ ရှိလာခဲ့ပါပြီ။ ဒီမှတ်တမ်းဟာ လိဂ်သမိုင်းတလျှောက် မည်သည့်အသင်းထက်မဆို သာလွန်တဲ့ နိုင်ပွဲပြန်လည်ရယူနိုင်စွမ်း comeback မှတ်တမ်းလည်းဖြစ်ပါတယ်။

ကာဗာနီ

ကာဗာနီဟာ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုးလုံးကို အဝေးကွင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အဖွင့် ၄ ဂိုးကို အဝေးကွင်းတွေမှာချည်းသွင်းခဲ့တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်မှာ ကျောနံပါတ် 7ဝတ်ဆင်ပြီး ကစား သမားခဲ့တဲ့ နောက်ဆုံး လေးယောက်ထဲမှာ ပွဲထွက်ကစားအဖြစ် (၁၂)ပွဲသာကစားရ ချိန်မှာ သွင်းဂိုးအများဆုံးရယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာပါတယ်… ဒီမာရီယာ – ၂၇ ပွဲ (၃ ဂိုး) ၊ ဒီပိုင်း – ၃၃ ပွဲ (၂ ဂိုး) ၊ ဆန်းချက်ဇ် – ၃၂ ပွဲ (၃ ဂိုး) ၊ ကာဗာနီ – ၁၂ ပွဲ (၄ ဂိုး)

ပေါ့ဂ်ဘာ

ဒီပွဲမှာ ပေါ့ဂ်ဘာဟာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ကန်သွင်းခဲ့ပြီး ဒါဟာ ဂျူဗင်တပ်စ်ကစားသမားဘဝတုန်းက ၂၀၁၅ ခုနှစ်မှာ ချီယေဗိုကို ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဲဒီပုံစံအတိုင်း ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်

ဘရူနိုဖာနန်ဒက်အတွက် ဖူလ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲဟာ ယူနိုက်တက်မှာ ကစားတဲ့ ပွဲ (၅၀) ပြည့်ခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္မွာ ေက်ာနံပါတ္ (၇) က်ိန္စာ အဆံုးသတ္ျခင္း….

ပြဲအစ (၅)မိနစ္မွာ လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ၿပီး ဖူလ္ဟမ္ရဲ႕ ထင္မွတ္မထားတဲ့ တုံ႔ျပန္ပုံေတြေၾကာင့္ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုးကို ေပးလိုက္ရပါတယ္။ ဒါေပမယ့္ ၂၁ မိနစ္မွာေတာ့ ကာဗာနီက ႐ုတ္တရက္ရလာတဲ့ အခြင့္အေရးကို အေကာင္းဆုံး အသုံးခ်ၿပီး ေခ်ပဂိုး ျပန္သြင္းေပးခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရျဖစ္ခဲ့ပါတယ္။ ဒုတိယပိုင္း ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဖူလ္ဟမ္ ဂိုးစည္းအျပင္ကေန ေပါ့ဂ္ဘာက ဘယ္ေျခကန္ခ်က္နဲ႔ ေဝ့ဝိုက္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးသမား အာရီယိုလာတစ္ေယာက္ ဘယ္လိုမွ မတတ္ႏိုင္ပဲ ဂိုးေပးလိုက္ရပါတယ္။ သည့္ေနာက္မွာေတာ့ ဖူလ္ဟမ္အသင္းဟာ ခံစစ္ပိတ္ကစားေနရာကေန တိုက္စစ္ျပန္လည္ကစားလာခဲ့သလို ယူႏိုက္တက္ကလည္း ခံစစ္ျပန္လည္ကစားခဲ့ၿပီး အႏိုင္ ၃ မွတ္ကို ရယူသြားကာ ပရီးမီးယားလိဂ္အဆင့္ ၁ ေနရာကို ျပန္လည္တက္လွမ္းသြားခဲ့ပါတယ္။ ဒီပြဲမွယူႏိုက္တက္အသင္းအတြက္ ထူးျခားမွတ္တမ္းေတြကေတာ့…

ယူႏိုက္တက္ -ယူႏိုက္တက္အသင္းဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ရာသီမွာ အရႈံးအေနအထားကေန ရမွတ္ ၂၁ မွတ္ထိ ရယူႏိုင္ခဲ့ၿပီး အမွတ္အမ်ားဆုံး ျပန္လည္ရယူႏိုင္တဲ့ အသင္းျဖစ္ပါတယ္… ယူႏိုက္တက္အသင္းဟာ ၿပိဳင္ဘက္အသင္းက ဦးေဆာင္ဂိုးေပးၿပီးမွ အႏိုင္ရယူခဲ့တဲ့ ပြဲေပါင္း ၉၄ ပြဲထိ ရွိလာခဲ့ပါၿပီ။ ဒီမွတ္တမ္းဟာ လိဂ္သမိုင္းတေလွ်ာက္ မည္သည့္အသင္းထက္မဆို သာလြန္တဲ့ ႏိုင္ပြဲျပန္လည္ရယူႏိုင္စြမ္း comeback မွတ္တမ္းလည္းျဖစ္ပါတယ္။

ကာဗာနီ – ကာဗာနီဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၄ ဂိုးလုံးကို အေဝးကြင္းမွာ သြင္းယူခဲ့တာျဖစ္ၿပီး ဒါဟာ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ အဖြင့္ ၄ ဂိုးကို အေဝးကြင္းေတြမွာခ်ည္းသြင္းခဲ့တဲ့ တစ္ဦးတည္းေသာကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္မွာ ေက်ာနံပါတ္ 7ဝတ္ဆင္ၿပီး ကစား သမားခဲ့တဲ့ ေနာက္ဆုံး ေလးေယာက္ထဲမွာ ပြဲထြက္ကစားအျဖစ္ (၁၂)ပြဲသာကစားရ ခ်ိန္မွာ သြင္းဂိုးအမ်ားဆုံးရယူႏိုင္တဲ့ ကစားသမားလည္း ျဖစ္လာပါတယ္… ဒီမာရီယာ – ၂၇ ပြဲ (၃ ဂိုး) ၊ ဒီပိုင္း – ၃၃ ပြဲ (၂ ဂိုး) ၊ ဆန္းခ်က္ဇ္ – ၃၂ ပြဲ (၃ ဂိုး) ၊ ကာဗာနီ – ၁၂ ပြဲ (၄ ဂိုး)

ေပါ့ဂ္ဘာ – ဒီပြဲမွာ ေပါ့ဂ္ဘာဟာ အသင္းအတြက္ အေရးပါတဲ့ အႏိုင္ဂိုးကို ဂိုးဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ကန္သြင္းခဲ့ၿပီး ဒါဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝတုန္းက ၂၀၁၅ ခုႏွစ္မွာ ခ်ီေယဗိုကို ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အဲဒီပုံစံအတိုင္း ဂိုးျပန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္ – ဘ႐ူႏိုဖာနန္ဒက္အတြက္ ဖူလ္ဟမ္းနဲ႔ကစားခဲ့တဲ့ပြဲဟာ ယူႏိုက္တက္မွာ ကစားတဲ့ ပြဲ (၅၀) ျပည့္ခဲ့တဲ့ ပြဲျဖစ္ခဲ့ပါတယ္။