ယူနိုက်တက်မှာ တိုးတက်လာခဲ့ရတဲ့နောက်ကွယ်က သီအိုရီကို ရှင်းပြလိုက်တဲ့ လုခ်ရှော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှောက ယူနိုက်တက်မှာ စွမ်းဆောင်ရည်အပြင် ကွင်းတွင်းကွင်းပြင်ပမှာပါ တိုးတက်လာခဲ့ရတဲ့နောက်ကွယ်က အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂလန်သားဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်ကနေ ပေါင်သန်း ၃၀ နဲ့ပြောင်းရွှေ့လာပြီးနောက် အကောင်းဆုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပါတယ်။


အဆိုပါပြောင်းရွှေ့ကြေးဟာ လုခ်ရှောအတွက် ကြီးမားတဲ့ဖိအားတွေဖြစ်ခဲ့သလို ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ လုခ်ရှောတစ်ယောက် ဒီရာသီမှာတော့ တိုးတက်လာခဲ့ပြီး အသင်းရဲ့ဦးစားပေးဘယ်နောက်ခံလူတစ်ဦးဖြစ်လာခဲ့ပါတယ်။


အသက် ၂၅ နှစ်သားက ကြံ့ခိုင်မှုပိုင်းကိုတိုးတက်အောင်လုပ်ဆောင်လိုက်တာက အခုလိုတိုးတက်လာခဲ့ရတဲ့အကြောင်းအရင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“မှန်ပါတယ်။ ကျွန်တော့်ဘဝမှာ အတက်အကျတွေများခဲ့ပါတယ်။ အဲ့အချိန်တွေက ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။


ဒဏ်ရာရခဲ့တာတွေလည်း များခဲ့ပါတယ်။ အခုတော့ ပိုကောင်းလာခဲ့ပြီး အသင်းကို ကူညီပေးနိုင်ပါပြီ။ ပိုပြီးရင့်ကျက်တည်ငြိမ်လာပြီလို့လည်းထင်ပါတယ်။


ကွင်းထဲမှာတင် ရင့်ကျက်လာတာမဟုတ်ဘဲ ကွင်းပြင်ပမှာပါ ရင့်ကျက်လာပါတယ်။ အဲ့တာကို ဆက်ထိန်းနိုင်အောင် လုပ်ဆောင်သွားမှာပါ”လို့ လုခ်ရှောက ပြောကြားခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူႏိုက္တက္မွာ တိုးတက္လာခဲ့ရတဲ့ေနာက္ကြယ္က သီအိုရီကို ရွင္းျပလိုက္တဲ့ လုခ္ေရွာ

==================
ယူႏိုက္တက္ဘယ္ေနာက္ခံလူ လုခ္ေရွာက ယူႏိုက္တက္မွာ စြမ္းေဆာင္ရည္အျပင္ ကြင္းတြင္းကြင္းျပင္ပမွာပါ တိုးတက္လာခဲ့ရတဲ့ေနာက္ကြယ္က အေၾကာင္းအရင္းကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အဂၤလန္သားဟာ ၂၀၁၄ ခုႏွစ္က ေဆာက္သမ္တန္ကေန ေပါင္သန္း ၃၀ နဲ႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ အေကာင္းဆုံးရာသီကို ျဖတ္သန္းေနတာျဖစ္ပါတယ္။
အဆိုပါေျပာင္းေ႐ႊ႕ေၾကးဟာ လုခ္ေရွာအတြက္ ႀကီးမားတဲ့ဖိအားေတြျဖစ္ခဲ့သလို ဒဏ္ရာျပႆနာေတြနဲ႔လည္း ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။
ဒါေပမဲ့ လုခ္ေရွာတစ္ေယာက္ ဒီရာသီမွာေတာ့ တိုးတက္လာခဲ့ၿပီး အသင္းရဲ႕ဦးစားေပးဘယ္ေနာက္ခံလူတစ္ဦးျဖစ္လာခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္သားက ႀကံ့ခိုင္မႈပိုင္းကိုတိုးတက္ေအာင္လုပ္ေဆာင္လိုက္တာက အခုလိုတိုးတက္လာခဲ့ရတဲ့အေၾကာင္းအရင္းျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
“မွန္ပါတယ္။ ကြၽန္ေတာ့္ဘဝမွာ အတက္အက်ေတြမ်ားခဲ့ပါတယ္။ အဲ့အခ်ိန္ေတြက ကြၽန္ေတာ့္အတြက္ ခက္ခဲခဲ့ပါတယ္။
ဒဏ္ရာရခဲ့တာေတြလည္း မ်ားခဲ့ပါတယ္။ အခုေတာ့ ပိုေကာင္းလာခဲ့ၿပီး အသင္းကို ကူညီေပးႏိုင္ပါၿပီ။ ပိုၿပီးရင့္က်က္တည္ၿငိမ္လာၿပီလို႔လည္းထင္ပါတယ္။
ကြင္းထဲမွာတင္ ရင့္က်က္လာတာမဟုတ္ဘဲ ကြင္းျပင္ပမွာပါ ရင့္က်က္လာပါတယ္။ အဲ့တာကို ဆက္ထိန္းႏိုင္ေအာင္ လုပ္ေဆာင္သြားမွာပါ”လို႔ လုခ္ေရွာက ေျပာၾကားခဲ့ပါတယ္။