ယူနိုက်တက်မှာ နာမည်ကြီးနေတဲ့ အသက် (၁၈)နှစ်သားဒီယာလိုရဲ့ ခြေစွမ်းကို ဒီနေ့ ယူ ၂၃အသင်းနဲ့အတူ တွေ့ရတော့မယ်….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တောင်ပံကစားသမား အာမတ်ဒီယာလိုဟာ ဒီနေ့ည (၇း၃၀)မှာ လီဗာပူးယူ-၂၃နဲ့ ကစားရမယ့် မန်ယူ ယူ-၂၃ အသင်းမှာပါဝင်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

အတ္တလန္တာကနေပြောင်းလာတဲ့ ဒီယာလိုဟာ မန်ယူအသင်းအင်္ကျီကိုဝတ်ပြီး ပထမဆုံးကစားရတော့မှာဖြစ်လို့ သိပ်မကြာခင်မှာ မန်ယူစီနီယာအသင်းကြီးနဲ့အတူ ပရီးမီးယားလိဂ်မှာပွဲထွက်ခွင့် ရဖို့ရှိနေတယ်လို့လည်း ခန့်မှန်းကြပါတယ်။

ဒီပွဲဟာ ပရီးမီးယားလိဂ် -၂ ပြိုင်ပွဲအဖြစ်ယှဉ်ပြိုင်ကြမယ့်ပွဲဖြစ်ပြီး လူငယ်ကစားသမားတွေအတွက် စီနီယာအသင်းဆီ တက်လှမ်းခွင့်ရဖို့ ခြေစွမ်းပြနိုင်တဲ့အခွင့်အရေးကို ရရှိကြတဲ့ပြိုင်ပွဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ ဒီယာလိုဟာ အတ္တလန္တာကနေကနဦးပြောင်းရွှေ့ကြေးပေါင် ၁၈.၇ သန်းနဲ့ပြောင်းလာတာဖြစ်ပြီး သူ့တန်ကြေးကပေါင် ၃၇ သန်းအထိရှိလာမယ်လို့လည်း သိရပါတယ်။

အိုင်ဗရီကို့စ်လူငယ်ဖြစ်တဲ့ ဒီယာလိုဟာ လေ့ကျင့်ရေးကွင်းမှာအားရစရာ ခြေစွမ်းမျိုးပြနိုင်ခဲ့လို့ သူ့ကိုယူ ၂၃ အသင်းမှာ ပွဲဦးထွက်ကစားစေဖို့ ဆုံးဖြတ်လိုက်တာလို့လည်း နည်းပြဆိုးလ်ရှားကပြောပါတယ်။ ဆိုးလ်ရှားဟာ ယူ-၂၃ ပွဲတွေကိုတိုက်ရိုက် ကြီးကြပ်ခြင်းမရှိပေမယ့် သူ့စီမံခန့်ခွဲခွင့်လက်အောက်မှာရှိနေပြီး လိုအပ်တာတွေကိုညွှန်ကြားပိုင်ခွင့် ရှိထားပါတယ်။

ဆိုးလ်ရှားက” ဒီယာလိုဟာ လီဗာပူး ယူ-၂၃ နဲ့ကစားရမယ့်ပွဲမှာ ပါဝင်မှာပါ။ သူဟာလေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်လို့ ပွဲကစားချိန်ရဖို့နဲ့ အများရှေ့မှာ အစွမ်းပြနိုင်မယ့်အခွင့်အရေးရဖို့ အဆင်သင့်ရှိနေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒီလိဂ်မှာ သူ့ခြေစွမ်းကိုကြည့်ရဖို့ ကျွန်တော်အများကြီး စိတ်လှုပ်ရှားနေပါတယ်။ လီဗာပူးနဲ့ပွဲမှာ မန်ယူနဲ့အတူပြိုင်ဘက်ကို သူရင်ဆိုင်ပါတော့မယ်။ အင်္ဂလိပ်ဘောလုံးလောက ကနေကြိုဆိုပါတယ် ဒီယာလိုရေ” လို့ပြောသွားပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်းတွေ့ဆုံခဲ့ဖူးပြီး လီဗာပူးက ( ၅-၃ ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့သည့်ပွဲစဉ်ဟာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကာ နှစ်သင်းစလုံးကစား သမား ( ၁ ) ဦးစီ အထုတ်ခံခဲ့ရပါတယ်။

ဒီယာလိုဟာ လျင်မြန်ပြီး ဘောလုံးအရည်အသွေးပြည့်ဝကာ နေရာလွတ်ရှာတာလည်း ကောင်းမွန်လို့ မန်ယူ စီနီယာအသင်းကြီးမှာ လိုအပ်ချက်ရှိနေတဲ့ညာတောင်ပံနေရာ ကိုအမြန်ဆုံးဖြည့်ဆည်းပေးနိုင်မယ်လို့လည်း ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

မန်ယူအသင်းရဲ့ညာတောင်ပံနေရာမှာ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ ဒန်နီရယ်ဂျိမ်းစ်၊ မာတာနဲ့ ပေါ့ဂ်ဘာ တို့ကစားခဲ့ကြပေမယ့် တောင်ပံသမားစစ်စစ် ကိုလိုအပ်နေဆဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္မွာ နာမည္ႀကီးေနတဲ့ အသက္ (၁၈)ႏွစ္သားဒီယာလိုရဲ႕ ေျခစြမ္းကို ဒီေန႔ ယူ ၂၃အသင္းနဲ႔အတူ ေတြ႕ရေတာ့မယ္….

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ေတာင္ပံကစားသမား အာမတ္ဒီယာလိုဟာ ဒီေန႔ည (၇း၃၀) မွာ လီဗာပူးယူ-၂၃နဲ႔ ကစားရမယ့္ မန္ယူ ယူ-၂၃ အသင္းမွာပါဝင္ေတာ့မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အတၱလႏၲာကေနေျပာင္းလာတဲ့ ဒီယာလိုဟာ မန္ယူအသင္းအက်ႌကိုဝတ္ၿပီး ပထမဆုံးကစားရေတာ့မွာျဖစ္လို႔ သိပ္မၾကာခင္မွာ မန္ယူစီနီယာအသင္းႀကီးနဲ႔အတူ ပရီးမီးယားလိဂ္မွာပြဲထြက္ခြင့္ ရဖို႔ရွိေနတယ္လို႔လည္း ခန႔္မွန္းၾကပါတယ္။ ဒီပြဲဟာ ပရီးမီးယားလိဂ္ -၂ ၿပိဳင္ပြဲအျဖစ္ယွဥ္ၿပိဳင္ၾကမယ့္ပြဲျဖစ္ၿပီး လူငယ္ကစားသမားေတြအတြက္ စီနီယာအသင္းဆီ တက္လွမ္းခြင့္ရဖို႔ ေျခစြမ္းျပႏိုင္တဲ့အခြင့္အေရးကို ရရွိၾကတဲ့ၿပိဳင္ပြဲအျဖစ္လည္း သတ္မွတ္ထားၾကပါတယ္။

အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဒီယာလိုဟာ အတၱလႏၲာကေနကနဦးေျပာင္းေ႐ႊ႕ေၾကးေပါင္ ၁၈.၇ သန္းနဲ႔ေျပာင္းလာတာျဖစ္ၿပီး သူ႔တန္ေၾကးကေပါင္ ၃၇ သန္းအထိရွိလာမယ္လို႔လည္း သိရပါတယ္။ အိုင္ဗရီကို႔စ္လူငယ္ျဖစ္တဲ့ ဒီယာလိုဟာ ေလ့က်င့္ေရးကြင္းမွာအားရစရာ ေျခစြမ္းမ်ိဳးျပႏိုင္ခဲ့လို႔ သူ႔ကိုယူ ၂၃ အသင္းမွာ ပြဲဦးထြက္ကစားေစဖို႔ ဆုံးျဖတ္လိုက္တာလို႔လည္း နည္းျပဆိုးလ္ရွားကေျပာပါတယ္။ ဆိုးလ္ရွားဟာ ယူ-၂၃ ပြဲေတြကိုတိုက္႐ိုက္ ႀကီးၾကပ္ျခင္းမရွိေပမယ့္ သူ႔စီမံခန႔္ခြဲခြင့္လက္ေအာက္မွာရွိေနၿပီး လိုအပ္တာေတြကိုၫႊန္ၾကားပိုင္ခြင့္ ရွိထားပါတယ္။

ဆိုးလ္ရွားက” ဒီယာလိုဟာ လီဗာပူး ယူ-၂၃ နဲ႔ကစားရမယ့္ပြဲမွာ ပါဝင္မွာပါ။ သူဟာေလ့က်င့္ေရးကြင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသထားႏိုင္လို႔ ပြဲကစားခ်ိန္ရဖို႔နဲ႔ အမ်ားေရွ႕မွာ အစြမ္းျပႏိုင္မယ့္အခြင့္အေရးရဖို႔ အဆင္သင့္ရွိေနၿပီလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဒီလိဂ္မွာ သူ႔ေျခစြမ္းကိုၾကည့္ရဖို႔ ကြၽန္ေတာ္အမ်ားႀကီး စိတ္လႈပ္ရွားေနပါတယ္။ လီဗာပူးနဲ႔ပြဲမွာ မန္ယူနဲ႔အတူၿပိဳင္ဘက္ကို သူရင္ဆိုင္ပါေတာ့မယ္။ အဂၤလိပ္ေဘာလုံးေလာက ကေနႀကိဳဆိုပါတယ္ ဒီယာလိုေရ” လို႔ေျပာသြားပါတယ္။ ဒီႏွစ္သင္းဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလကလည္းေတြ႕ဆုံခဲ့ဖူးၿပီး လီဗာပူးက ( ၅-၃ ) ရလာဒ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အဲ့သည့္ပြဲစဥ္ဟာလည္း ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ကာ ႏွစ္သင္းစလုံးကစား သမား ( ၁ ) ဦးစီ အထုတ္ခံခဲ့ရပါတယ္။

ဒီယာလိုဟာ လ်င္ျမန္ၿပီး ေဘာလုံးအရည္အေသြးျပည့္ဝကာ ေနရာလြတ္ရွာတာလည္း ေကာင္းမြန္လို႔ မန္ယူ စီနီယာအသင္းႀကီးမွာ လိုအပ္ခ်က္ရွိေနတဲ့ညာေတာင္ပံေနရာ ကိုအျမန္ဆုံးျဖည့္ဆည္းေပးႏိုင္မယ္လို႔လည္း ဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။ မန္ယူအသင္းရဲ႕ညာေတာင္ပံေနရာမွာ ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္၊ ဒန္နီရယ္ဂ်ိမ္းစ္၊ မာတာနဲ႔ ေပါ့ဂ္ဘာ တို႔ကစားခဲ့ၾကေပမယ့္ ေတာင္ပံသမားစစ္စစ္ ကိုလိုအပ္ေနဆဲျဖစ္ပါတယ္။