ယူနိုက်တက်မှာ ဖာဂူဆန် ရွေးချယ်ခေါ်ယူခဲ့တဲ့ အာရှသား ကာဂါဝါ ဂရိကလပ် PAOK အသင်းထံ ပြောင်းရွေ့။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ ရှင်ဂျီကာဂါဝါ ဟာ လအနည်းငယ်ကြာ အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီးနောက် ဂရိကလပ် PAOK အသင်းထံ ပြောင်းရွေ့သွားခဲ့ပါတယ်။ ၂၀၁၁ခုနှစ်ကဒေါ့မွန်အသင်းမှာ ခြေစွမ်းတွေပြသခဲ့တဲ့ ရှင်ဂျီ ကာဂါဝါဟာ ဆာအဲလက်စ် ဖာဂူဆန် လက်ထက် ၂၀၁၂ ခုနှစ်က ဒေါ့မွန်အသင်းကနေ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပါတယ်။

ယူနိုက်တက်မှာ ( ၂ ) နှစ်ကြာ ကစားခဲ့ကာ နည်းပြကြီးဖာဂူဆန် အနားယူသွားခဲ့ပြီးချိန်နောက်ပိုင်း ( ၂၀၁၄ ) မှာတော့ အိုးထရက်ဖို့ဒ့်ကို စွန့်ခွာခဲ့ပြီး ဒေါ့မွန် အသင်းသို့ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ကာဂါဝါဟာ ဒေါ့မွန် အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကိုတော့ ယူနိုက်တက်မှာ ဆက်လက်ထိန်းထားနိုင်ခြင်းမရှိခဲ့ပဲ ကစားသမားဘဝရဲ့ အလှည့်အပြောင်းကိုရင်ဆိုင်ခဲ့ရပါတယ်။

ဒုတိယအကြိမ် ဒေါ့မွန် အသင်းမှာ ၅ နှစ်ကျော် ကြာ ထပ်မံကစားခဲ့ပြီးနောက်မှာ တူရကီကလပ် ဘီဆစ်တပ်ခ် အသင်းမှာလည်း အငှားသွားရောက်ကစားခဲ့ပါတယ်။ သည်နောက်မှာတော့ စပိန်ဒုတိယတန်းကလပ် ရီးရဲ ဇာယာဂိုဇာအသင်းမှာ ကစားခဲ့ပြီး ( ၂၀၂၀ ) အောက်တိုဘာလမှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

စာချုပ်ဖျက်သိမ်းသွားခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေရာကနေ ဂရိကလပ် PAOK အသင်းနဲ့အတူ ၁ နှစ်ခွဲ စာချုပ် သက်တမ်းကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ကာဂါဝါရဲ့ ကစားသမားဘဝမှတ်တမ်း-၂၀၀၆ခုနှစ်မှာ Cerezo အိုဆာကာရဲ့ တရားဝင်ကစားသမားဖြစ်လာတဲ့ ကာဂါဝါဟာ (၄)နှစ်ကြာကစားခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ဒေါ့မွန်အသင်းကို ပေါင် (၃)သိန်း၅သောင်းနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။

ကာဂါဝါဟာ ဒေါ့မွန်အသင်းကို ယာဂန်ကလော့နည်ပြခဲ့ချိန်မှာ အောင်မြင်ခဲ့သူလည်းဖြစ်ခဲ့သလို ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်လီဂါမှာ ( ၂ ) ကြိမ်ဆက် အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပြီး ဆာအဲလက် ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းထံ ယူရို ( ၁၂ ) သန်းနဲ့ ပြောင်းရွေ့ခဲ့ပါတယ်။

ပထမရာသီမှာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းပြ ကစားခဲ့ပြီး ( ၆ ) ဂိုးသွင်း၊ ( ၆ ) ဂိုးဖန်တီးကာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့သူဖြစ်ပေမယ့် ဖာဂူဆန် အနားယူပြီးနောက်မှာ နည်းပြသစ် ဒေးဗစ် မိုးယေးစ် လက်အောက်မှာ ရုန်းကန်ခဲ့ရပါတယ် ။ မိုယေးစ် ထုတ်ပယ်ခံခဲ့ရပြီးနောက် နည်းပြသစ် ဖြစ်လာတဲ့ ဗန်ဟားက ကာဂါဝါကို သူ့အစီအစဉ်ထဲမှာ မပါဝင်ကြောင်း ပြောဆိုခဲ့တာကြောင့် သူဟာ အသင်းဟောင်းဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းမှာပြန်လည်ကစားခဲ့တဲ့ ( ၅ ) နှစ်တာ အတွင်းမှာ ( ၉၉ ) ပွဲ ကစားပြီး ဂိုး ( ၂၀ ) သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ( ၂၀၁၉ ) မှာတော့ တူရကီကလပ် ဘက်ဆီးတပ်အသင်းထံ အငှာ‌းပြောင်းရွေ့သွားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ကာဂါဝါရဲ့ ကောင်းမွန်ခဲ့တဲ့ ခြေစွမ်းတွေဟာ ပျောက်ဆုံးနေပြီး စပိန်ဒုတိယတန်းမှာ ရီးရဲ ဇာယာဂိုဇာအသင်းသားအနေနဲ့ ( ၃၃ ) ပွဲကစားခဲ့ရာမှာလည်း သွင်းဂိုး ( ၄ )ဂိုးသာ ပြုလုပ်နိုင်ခဲ့ပြီး ( ၂၀၂၀ ) အောက်တိုဘာလမှာ အသင်းနဲ့စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

မနေ့က ဇန်နဝါရီ ( ၂၇ ) ရက်နေ့မှာ အသင်းရဲ့ ဂရိကလပ် PAOK အသင်းက ဆိုရှယ်မီဒီယာကနေ ကာဂါဝါကို ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ PAOK အသင်းဟာ ဂရိအသင်းတွေထဲမှာ အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်တဲံအသင်းတစ်သင်းဖြစ်ပေမယ့် အခုရာသီမှတော့ ရလာဒ်ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာမှာ ရပ်တည်နေကာ အဆင့် ( ၁ ) နေရာက အိုလံပီယာကော့အသင်းအောက် ( ၁၅ ) မှတ် လျော့နည်းလျက်ရှိပါတယ်။ ၂၀၁၈ / ၁၉ ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တဲ့ PAOK အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာလည်း အဆင့် ( ၂ ) နေရာရရှိခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

ဖာဂူဆန်က အသင်းဆီကို နောက်ဆုံးခေါ်ယူခဲ့မှုတွေထဲမှာပါဝင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ ဖာဂူဆန်အနားယူခဲ့တာကြောင့် ယူနိုက်တက်အမာခံ ကစားသမားဘဝတွေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ကြရပြီး ဗန်ဂေါလ်က ဒုက္ခပေးလို့ အသင်းရဲ့ကစားသမားကောင်းတွေကို အချိန်မတိုင်မီလက်လွှတ်ခဲ့ရသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါ အတွက်တော့ ဒီအသင်းသစ်မှာ သူဟာ ခြေစွမ်း ပြန်လည်ကောင်းမွန်လာနိုင်ပါစေလိုဆုတောင်းပေးလိုက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္မွာ ဖာဂူဆန္ ေရြးခ်ယ္ေခၚယူခဲ့တဲ့ အာရွသား ကာဂါဝါ ဂရိကလပ္ PAOK အသင္းထံ ေျပာင္းေ႐ြ႕။

မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေဟာင္း ျဖစ္သူ ရွင္ဂ်ီကာဂါဝါ ဟာ လအနည္းငယ္ၾကာ အသင္းလက္မဲ့ ျဖစ္ေနခဲ့ၿပီးေနာက္ ဂရိကလပ္ PAOK အသင္းထံ ေျပာင္းေ႐ြ႕သြားခဲ့ပါတယ္။
၂၀၁၁ခုႏွစ္ကေဒါ့မြန္အသင္းမွာ ေျခစြမ္းေတြျပသခဲ့တဲ့ ရွင္ဂ်ီ ကာဂါဝါဟာ ဆာအဲလက္စ္ ဖာဂူဆန္ လက္ထက္ ၂၀၁၂ ခုႏွစ္က ေဒါ့မြန္အသင္းကေန ယူႏိုက္တက္ကိုေျပာင္းေရႊ႔ခဲ့ပါတယ္။ ယူႏိုက္တက္မွာ ( ၂ ) ႏွစ္ၾကာ ကစားခဲ့ကာ နည္းျပၾကီးဖာဂူဆန္ အနားယူသြားခဲ့ၿပီးခ်ိန္ေနာက္ပိုင္း ( ၂၀၁၄ ) မွာေတာ့ အိုးထရက္ဖို႔ဒ့္ကို စြန႔္ခြာခဲ့ၿပီး ေဒါ့မြန္ အသင္းသို႔ျပန္လည္ေရာက္ရွိသြားခဲ့ပါတယ္။ ကာဂါဝါဟာ ေဒါ့မြန္ အသင္းမွာ ျပသခဲ့တဲ့ ေျခစြမ္းကိုေတာ့ ယူႏိုက္တက္မွာ ဆက္လက္ထိန္းထားႏိုင္ျခင္းမရွိခဲ့ပဲ ကစားသမားဘဝရဲ႕ အလွည့္ အေျပာင္းကိုရင္ဆိုင္ခဲ့ရပါတယ္။

ဒုတိယအၾကိမ္ ေဒါ့မြန္ အသင္းမွာ ၅ ႏွစ္ေက်ာ္ ၾကာ ထပ္မံကစားခဲ့ၿပီးေနာက္မွာ တူရကီကလပ္ ဘီဆစ္တပ္ခ္ အသင္းမွာလည္း အငွားသြားေရာက္ကစားခဲ့ပါတယ္။ သည္ေနာက္မွာေတာ့ စပိန္ဒုတိယတန္းကလပ္ ရီးရဲ ဇာယာဂိုဇာအသင္းမွာ ကစားခဲ့ၿပီး ( ၂၀၂၀ ) ေအာက္တိုဘာလမွာ စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။ စာခ်ဳပ္ဖ်က္သိမ္းသြားခဲ့ၿပီး အသင္းလက္မဲ့ ျဖစ္ေနရာကေန ဂရိကလပ္ PAOK အသင္းနဲ႔အတူ ၁ ႏွစ္ခြဲ စာခ်ဳပ္ သက္တမ္းကို ခ်ဳပ္ဆိုႏိုင္ခဲ့တာျဖစ္ပါတယ္။

ကာဂါဝါရဲ႕ ကစားသမားဘဝမွတ္တမ္း – ၂၀၀၆ခုႏွစ္မွာ Cerezo အိုဆာကာရဲ႕ တရားဝင္ကစားသမားျဖစ္လာတဲ့ ကာဂါဝါဟာ (၄)ႏွစ္ၾကာကစားခဲ့ၿပီး ၂၀၁၀ ခုႏွစ္မွာေတာ့ ေဒါ့မြန္အသင္းကို ေပါင္ (၃)သိန္း၅ေသာင္းနဲ႕ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ကာဂါဝါဟာ ေဒါ့မြန္အသင္းကို ယာဂန္္ကေလာ့နည္ျပခဲ့ခ်ိန္မွာ ေအာင္ျမင္ခဲ့သူလည္းျဖစ္ခဲ့သလို ေဒါ့မြန္အသင္းနဲ႔အတူ ဘြန္ဒက္လီဂါမွာ ( ၂ ) ႀကိမ္ဆက္ အမွတ္ေပးခ်န္ပီယံ ျဖစ္ခဲ့ၿပီး ဆာအဲလက္ ဖာဂူဆန္ရဲ႕ ယူႏိုက္တက္အသင္းထံ ယူ႐ို ( ၁၂ ) သန္းနဲ႔ ေျပာင္းေ႐ြ႕ခဲ့ပါတယ္။ ပထမရာသီမွာ ယူႏိုက္တက္နဲ႔အတူ ေျခစြမ္းျပ ကစားခဲ့ၿပီး ( ၆ ) ဂိုးသြင္း၊ ( ၆ ) ဂိုးဖန္တီးကာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ရရွိခဲ့သူျဖစ္ေပမယ့္ ဖာဂူဆန္ အနားယူၿပီးေနာက္မွာ နည္းျပသစ္ ေဒးဗစ္ မိုးေယးစ္ လက္ေအာက္မွာ ႐ုန္းကန္ခဲ့ရပါတယ္ ။ မိုေယးစ္ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ နည္းျပသစ္ ျဖစ္လာတဲ့ ဗန္ဟားက ကာဂါဝါကို သူ႔အစီအစဥ္ထဲမွာ မပါဝင္ေၾကာင္း ေျပာဆိုခဲ့တာေၾကာင့္ သူဟာ အသင္းေဟာင္းေဒါ့မြန္ကို ျပန္လည္ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ေဒါ့မြန္အသင္းမွာျပန္လည္ကစားခဲ့တဲ့ ( ၅ ) ႏွစ္တာ အတြင္းမွာ ( ၉၉ ) ပြဲ ကစားၿပီး ဂိုး ( ၂၀ ) သြင္းယူခဲ့ပါတယ္။

အဲ့ဒီေနာက္ ( ၂၀၁၉ ) မွာေတာ့ တူရကီကလပ္ ဘက္ဆီးတပ္အသင္းထံ အငွာ‌းေျပာင္းေရြ႕သြားခဲ့ပါတယ္။ လက္ရွိအေျခအေနမွာ ကာဂါဝါရဲ႕ ေကာင္းမြန္ခဲ့တဲ့ ေျခစြမ္းေတြဟာ ေပ်ာက္ဆုံးေနၿပီး စပိန္ဒုတိယတန္းမွာ ရီးရဲ ဇာယာဂိုဇာအသင္းသားအေနနဲ႔ ( ၃၃ ) ပြဲကစားခဲ့ရာမွာလည္း သြင္းဂိုး ( ၄ )ဂိုးသာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ( ၂၀၂၀ ) ေအာက္တိုဘာလမွာ အသင္းနဲ႕စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။ မေန႕က ဇန္နဝါရီ ( ၂၇ ) ရက္ေန႔မွာ အသင္းရဲ႕ ဂရိကလပ္ PAOK အသင္းက ဆိုရွယ္မီဒီယာကေန ကာဂါဝါကို ေခၚယူႏိုင္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ PAOK အသင္းဟာ ဂရိအသင္းေတြထဲမွာ အမွတ္ေပးခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲံအသင္းတစ္သင္းျဖစ္ေပမယ့္ အခုရာသီမွေတာ့ ရလာဒ္ဆိုး႐ြားေနၿပီး အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာမွာ ရပ္တည္ေနကာ အဆင့္ ( ၁ ) ေနရာက အိုလံပီယာေကာ့အသင္းေအာက္ ( ၁၅ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။ ၂၀၁၈ / ၁၉ ေဘာလုံးရာသီမွာ အမွတ္ေပးခ်န္ပီယံ ျဖစ္ခဲ့တဲ့ PAOK အသင္းဟာ ၿပီးခဲ့တဲ့ ရာသီမွာလည္း အဆင့္ ( ၂ ) ေနရာရရွိခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။ ဖာဂူဆန္က အသင္းဆီကို ေနာက္ဆံုးေခၚယူခဲ့မႈေတြထဲမွာပါဝင္ခဲ့ၿပီး ၂၀၁၃ခုႏွစ္မွာ ဖာဂူဆန္အနားယူခဲ့တာေၾကာင့္ ယူႏိုက္တက္အမာခံ ကစားသမားဘဝေတြဟာ အခက္အခဲေတြနဲ႔ရင္ဆိုင္ခဲ့ၾကရၿပီး ဗန္ေဂါလ္က ဒုကၡေပးလို႕ အသင္းရဲ႕ကစားသမားေကာင္းေတြကို အခ်ိန္မတိုင္မီလက္လႊတ္ခဲ့ရသူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့တဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ဂ်ပန္ကြင္းလယ္ကစားသမား ကာဂါဝါ အတြက္ေတာ့ ဒီအသင္းသစ္မွာ သူဟာ ေျခစြမ္း ျပန္လည္ေကာင္းမြန္လာႏိုင္ပါေစလိုဆုေတာင္းေပးလိုက္ပါတယ္။