ယူနိုက်တက်မှာ ရန်နစ်ခ် ကာလရှည်ဆက်ရှိသွားဖို့ မျှော်လင့်ပါတယ် -နာဂယ်လ်စမန်း
ဘိုင်ယန်မြူးနစ်အသင်းနည်းပြနာဂယ်လ်စမန်းက မန်ချက်စတာယူနိုက်တက်
ယာယီနည်းပြအဖြစ် ရန်နစ်ခ် ခန့်အပ်ခံရမှာဖြစ်လို့ ဂုဏ်ပြုစကားဆိုခဲ့ပြီး
ရန်နစ်ခ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အကောင်းဆုံးဖြစ်အောင်
စွမ်းဆောင်ပြနိုင်မယ်လို့ အားပေးထောက်ခံခဲ့ပါတယ်။
အသက်(၆၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရန်နစ်ခ်ဟာ ယူနိုက်တက်အသင်း
ယာယီနည်းပြအဖြစ်ဆောင်ရွက်ဖို့
(၆)လစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အဲဒီစာချုပ်သက်တမ်းပြည့်သွားရင် အသင်းရဲ့
အကြံပေးတာဝန်ရှိသူအဖြစ် (၂)နှစ်တာဝန်ယူသွားဖို့ရှိနေပါပြီ။ ရန်နစ်ခ်ဟာ
ဂျာမန်ဘောလုံးလောကမှာ လူလေးစားရလောက်တဲ့ နည်းပြတစ်ဦးဖြစ်သလို
လက်ရှိနာမည်ကျော်နည်းပြတွေဖြစ်တဲ့ ယာဂန်ကလော့ပ်၊ တူချယ်လ်၊
နာဂယ်လ်စမန်းတို့ အတုခိုးခဲ့ရတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
နာဂယ်လ်စမန်းက“ကျွန်တော် ရန်နစ်ခ်ဆီ မက်ဆေ့ချ်ပေးပို့ပြီးတော့
ယူနိုက်တက်နဲ့လက်တွဲတော့မယ်ဆိုတာက
တကယ့်သတင်းကောင်းဖြစ်တယ်လို့ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
ရန်နစ်ခ်ဟာ သူ့ရဲ့ဘောလုံးဒဿနတွေနဲ့ ယူနိုက်တက်အသင်းကို
အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်ပါလိမ့်မယ်။ မကြာခင် ယူနိုက်တက်အသင်းရဲ့
ကစားပုံက အရင်ကထက်ပိုကောင်းလာမယ်ဆိုတာ ကျွန်တော်အပြည့်အဝ
ယုံကြည်ပြီး ယူနိုက်တက်မှာ ရန်နစ်ခ် ကာလရှည်ဆက်ရှိသွားဖို့
မျှော်လင့်ပါတယ်”လို့ဆိုခဲ့ပါတယ်။
zawgyi
“ကျွန်တော် ရန်နစ်ခ်ဆီ မက်ဆေ့ခ်ျပေးပို့ပြီးတော့ ယူနိုက်တက်နဲ့လက်တွဲတော့မယ်