ယူနိုက်တက်မှာ လင်းလက်ခဲ့ပြီး ပျောက်ဆုံးနေကြသူတွေရဲ့ လက်ရှိအခြေအနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်မှာ သူ့လို ဝါရင့်စီနီယာ ကစားသမားတွေဖြစ်ပေမယ့် ပွဲထွက်ခွင့်မရသေးပဲ အသင်းရဲ့ လေ့ကျင်းရေးကွင်းမှာ အချိန်ကုန်နေကြတဲ့ ရိုမဲရိုး၊ လင်ဂတ်၊ရိုဂျိုနဲ့ဖီးလ်ဂျုံးစ်တို့ဟာလည်း ပရိသတ်တွေရဲ့ မြင်ကွင်းရှေ့မှာ အမေ့လျော့ခံ ကစားသမားတွေဖြစ်နေကြပါတယ်။ တစ်ချိန်ကပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ခဲ့ဖူးကြပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့လင်းလက်ခဲ့တဲ့အချိန်တွေဟာ ပျောက်ဆုံးစဖြစ်လာနေပါပြီ။ အခုခရစ်စမတ်ကာလမှာသူတို့တွေရဲ့ လက်ရှိအခြေအနေနဲ့ သူတို့ တွေဘာလုပ်နေကြလဲဆိုတာ ရရှိတဲ့ သတင်းတွေစုပြီးဖော်ပြပေးလိုက်ပါတယ်။

မားကို့စ် ရိုဂျို

ယူနိုက်တက်ရဲ့ အာဂျင်တီးနားသား နောက်ခံကစားသမား မားကို့စ် ရိုဂျိုဟာ လည်း လေ့ကျင့်ရေးကွင်းမှာ ကစားရင်းကနေ ဒဏ်ရာ ပြဿနာ ကြုံတွေ့ နေတယ်လို့ သိရ ပါတယ် ။ သူဟာ ယူနိုက်တက် အသင်းကြီး အတွက် ကစားပေးခွင့် မရတာ အချိန် တစ်နှစ် ကျော်ခဲ့ ပါပြီ ။ ဒါ့အပြင် သူဟာ အာဂျင်တီးနားကလပ် (Estudiantes) မှာအငှားချ ခံခဲ့ ရပါ သေးတယ်။ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ ဈေးကွက် မှာလည်း ယူနိုက်တက်က ရောင်းထုတ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေမရရှိခဲ့တာကြောင့်အသင်းမှာ ဆက်လက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဆိုလ်ရှားကလည်း ရိုဂျိုနဲ့ ပတ်သက်ပြီး ” သူဟာ စီနီယာ အသင်းမှာ ပြန်လည်ကစားနိုင်ဖို့ အရမ်းကို ကြိုးစား ခဲ့ပါတယ် ။ အရန် အသင်း ပွဲစဉ်တွေမှာလည်း ပါဝင်ကစားခဲ့ပါ သေးတယ်။ ဒါပေမယ့်အခုတော့ သူရဲ့ ခြေထောက်မှာ ဒဏ်ရာရရှိနေပြီး ကုသမှုခံယူနေရပါတယ်။” လို့ပြောသွားခဲ့ပါတယ်။

ဂိုးသမား ရိုမဲရို
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ကစားသမားတွေ ထဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိပေမယ့် ပွဲထွက် ကစားခွင့်မရတဲ့ ဂိုးသမား ရိုမဲရိုးဟာ အခုအချိန်မှာ လေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန် ပြုလုပ်နေပါတယ်။ သူဟာ ဒီရာသီမှာ အသင်း အတွက် ပွဲစဉ်တစ်ပွဲမှပါဝင် ကစားခဲ့ရခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ နွေတုန်းက အသင်းကနေ ထွက်ခွာမယ့် သတင်းတွေ အရမ်းကို ကျယ်လောင် ခဲ့ပြီး ဟန်ဒါဆန်ပြန်လည်ရောက်ရှိလာချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ကစားသမား စာရင်းက ချန်လှပ် ခဲ့တာပဲ ဖြစ်ပါတယ်။

ဖီးလ် ဂျုံးစ်
ဖီးလ် ဂျုံးစ်လို့ပြောလိုက်ရင် ကိုယ်ဂိုးကိုယ်ပြန်သွင်းတတ်တဲ့ နောက်တန်း ကစားသမား၊ စမောလင်းနဲ့တွဲပြီး ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့တဲ့ မှတ်တမ်းဆိုးနဲ့သူတစ်ယောက်အကြောင်းကို သတိရမိမှာပါ။ ဒါကြောင့်လဲ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝအစဟာ အရမ်းကိုကောင်းမွန်ခဲ့တယ်ဆိုတာ မေ့လျှော့သွားခဲ့ကြတာပါ။

သူဟာ ဖာဂူဆန်ရဲ့ နောက်ဆုံး မျိုးဆက်ကစားသမားတွေထဲမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဖီးလ် ဂျုံးစ် ကလည်း ဒဏ်ရာ ပြဿနာ တွေကြောင့် ဒီ ရာသီ အသင်း အတွက် ကစားပေးခွင့် မရရှိ နိုင်ခဲ့သေး ပါဘူူး ။ အစ ကနဦး တုန်းကတော့ သူဟာ ဒီဇင်ဘာလ လောက်မှာ အသင်း နဲ့ ပြန်လည် ပူးပေါင်း လိမ့်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုတော့ ဇန်နဝါရီမှ ပူးပေါင်း နိုင်မယ်လို့ သိလိုက်ရ ပါတယ် ။

ဂျက်ဆီလင်ဂတ်
လင်းဂတ်ဟာ ဗန်ဂေါလက်ထက်မှာစတင်ပြီး စီနီယာအသင်းကြီးမှာကစားခဲ့ရသူဖြစ်ပါတယ်။ အသင်းရဲ့ အကောင်းဆုံးအကယ်ဒမီကနေထွက်ပေါ်လာတဲ့ အလားအလာအရှိဆုံးကစားသမားတွေထဲမှာ ပါဝင်လာခဲ့ပေမယ့် သူ့ရဲ့လူငယ်ကစားသမားဘဝမှာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ချိန်ကစပြီး သူ့ရဲ့ ကွင်းတွင်းခြေစွမ်းတွေထိခိုက်လာခဲ့ပါတယ်။ သူရဲ့ မိန်းမနဲ့လည်း ကွာရှင်းထားပြီး သူဘဝမှာ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ဘဝကိုဆက်လက်ဖြတ်သန်းနေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ (၁၅)ရက်နေ့က သူ့ရဲ့မွေးနေ့ဖြစ်ခဲ့ပြီး သူ့သမီးလေးနဲ့ပဲ အဲ့သည့်နေ့မှာ အတူရှိနေခဲ့ပါတယ်။ တစ်ချိန်တုန်းက ပါတီပွဲတွေရဲ့ မင်းသား ဂျက်ဆီလင်ဂတ် ဆိုတဲ့အချိန်တွေကတော့ပြီးဆုံးသွားခဲ့ပြီလို့ဆိုရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္မွာ လင္းလက္ခဲ့ၿပီး ေပ်ာက္ဆံုးေနၾကသူေတြရဲ႕ လက္ရွိအေျခအေန
ယူႏိုက္တက္မွာ သူ႔လို ဝါရင့္စီနီယာ ကစားသမားေတြျဖစ္ေပမယ့္ ပြဲထြက္ခြင့္မရေသးပဲ အသင္းရဲ႕ ေလ့က်င္းေရးကြင္းမွာ အခ်ိန္ကုန္ေနၾကတဲ့ ႐ိုမဲ႐ိုး၊ လင္ဂတ္၊႐ိုဂ်ိဳနဲ႔ဖီးလ္ဂ်ဳံးစ္တို႔ဟာလည္း ပရိသတ္ေတြရဲ႕ ျမင္ကြင္းေရွ႕မွာ အေမ့ေလ်ာ့ခံ ကစားသမားေတြျဖစ္ေနၾကပါတယ္။ တစ္ခ်ိန္ကပရိသတ္ေတြရဲ႕ခ်စ္ျခင္းေတြကိုပိုင္ဆိုင္ခဲ့ဖူးၾကေပမယ့္ အခုအခ်ိန္မွာေတာ့ သူတို႔ရဲ႕လင္းလက္ခဲ့တဲ့အခ်ိန္ေတြဟာ ေပ်ာက္ဆုံးစျဖစ္လာေနပါၿပီ။ အခုခရစ္စမတ္ကာလမွာသူတို႔ေတြရဲ႕ လက္ရွိအေျခအေနနဲ႔ သူတို႔ ေတြဘာလုပ္ေနၾကလဲဆိုတာ ရရွိတဲ့ သတင္းေတြစုၿပီးေဖာ္ျပေပးလိုက္ပါတယ္။

မားကို႔စ္ ႐ိုဂ်ိဳ

ယူႏိုက္တက္ရဲ႕ အာဂ်င္တီးနားသား ေနာက္ခံကစားသမား မားကို႔စ္ ႐ိုဂ်ိဳဟာ လည္း ေလ့က်င့္ေရးကြင္းမွာ ကစားရင္းကေန ဒဏ္ရာ ျပႆနာ ႀကဳံေတြ႕ ေနတယ္လို႔ သိရ ပါတယ္ ။ သူဟာ ယူႏိုက္တက္ အသင္းႀကီး အတြက္ ကစားေပးခြင့္ မရတာ အခ်ိန္ တစ္ႏွစ္ ေက်ာ္ခဲ့ ပါၿပီ ။ ဒါ့အျပင္ သူဟာ အာဂ်င္တီးနားကလပ္ (Estudiantes) မွာအငွားခ် ခံခဲ့ ရပါ ေသးတယ္။ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕ ေဈးကြက္ မွာလည္း ယူႏိုက္တက္က ေရာင္းထုတ္ဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈေတြမရရွိခဲ့တာေၾကာင့္အသင္းမွာ ဆက္လက္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။ ဆိုလ္ရွားကလည္း ႐ိုဂ်ိဳနဲ႔ ပတ္သက္ၿပီး ” သူဟာ စီနီယာ အသင္းမွာ ျပန္လည္ကစားႏိုင္ဖို႔ အရမ္းကို ႀကိဳးစား ခဲ့ပါတယ္ ။ အရန္ အသင္း ပြဲစဥ္ေတြမွာလည္း ပါဝင္ကစားခဲ့ပါ ေသးတယ္။ ဒါေပမယ့္အခုေတာ့ သူရဲ႕ ေျခေထာက္မွာ ဒဏ္ရာရရွိေနၿပီး ကုသမႈခံယူေနရပါတယ္။” လို႔ေျပာသြားခဲ့ပါတယ္။

ဂိုးသမား ႐ိုမဲ႐ို

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ ဝါရင့္ ကစားသမားေတြ ထဲမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကိုရရွိေပမယ့္ ပြဲထြက္ ကစားခြင့္မရတဲ့ ဂိုးသမား ႐ိုမဲ႐ိုးဟာ အခုအခ်ိန္မွာ ေလ့က်င့္ခန္းေတြကိုျပင္းျပင္းထန္ထန္ ျပဳလုပ္ေနပါတယ္။ သူဟာ ဒီရာသီမွာ အသင္း အတြက္ ပြဲစဥ္တစ္ပြဲမွပါဝင္ ကစားခဲ့ရျခင္းမရွိေသးပါဘူး။ ၿပီးခဲ့တဲ့ ေႏြတုန္းက အသင္းကေန ထြက္ခြာမယ့္ သတင္းေတြ အရမ္းကို က်ယ္ေလာင္ ခဲ့ၿပီး ဟန္ဒါဆန္ျပန္လည္ေရာက္ရွိလာခ်ိန္မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းက သူ႔ကို ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ကစားသမား စာရင္းက ခ်န္လွပ္ ခဲ့တာပဲ ျဖစ္ပါတယ္။

ဖီးလ္ ဂ်ဳံးစ္

ဖီးလ္ ဂ်ဳံးစ္လို႔ေျပာလိုက္ရင္ ကိုယ္ဂိုးကိုယ္ျပန္သြင္းတတ္တဲ့ ေနာက္တန္း ကစားသမား၊ စေမာလင္းနဲ႕တြဲၿပီး ယူႏိုက္တက္ရဲ႕ ဂိုးေပါက္ကို ျခိမ္းေျခာက္ခဲ့တဲ့ မွတ္တမ္းဆိုးနဲ႕သူတစ္ေယာက္အေၾကာင္းကို သတိရမိမွာပါ။ ဒါေၾကာင့္လဲ သူ႕ရဲ႕ ယူႏိုက္တက္ကစားသမားဘဝအစဟာ အရမ္းကိုေကာင္းမြန္ခဲ့တယ္ဆိုတာ ေမ့ေလွ်ာ့သြားခဲ့ၾကတာပါ။ သူဟာ ဖာဂူဆန္ရဲ႕ ေနာက္ဆံုး မ်ိဳးဆက္ကစားသမားေတြထဲမွာ ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။ ဖီးလ္ ဂ်ဳံးစ္ ကလည္း ဒဏ္ရာ ျပႆနာ ေတြေၾကာင့္ ဒီ ရာသီ အသင္း အတြက္ ကစားေပးခြင့္ မရရွိ ႏိုင္ခဲ့ေသး ပါဘူူး ။ အစ ကနဦး တုန္းကေတာ့ သူဟာ ဒီဇင္ဘာလ ေလာက္မွာ အသင္း နဲ႔ ျပန္လည္ ပူးေပါင္း လိမ့္မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ အခုေတာ့ ဇန္နဝါရီမွ ပူးေပါင္း ႏိုင္မယ္လို႔ သိလိုက္ရ ပါတယ္ ။

ဂ်က္ဆီလင္ဂတ္

လင္းဂတ္ဟာ ဗန္ေဂါလက္ထက္မွာစတင္ၿပီး စီနီယာအသင္းၾကီးမွာကစားခဲ့ရသူျဖစ္ပါတယ္။ အသင္းရဲ႕ အေကာင္းဆံုးအကယ္ဒမီကေနထြက္ေပၚလာတဲ့ အလားအလာအရွိဆံုးကစားသမားေတြထဲမွာ ပါဝင္လာခဲ့ေပမယ့္ သူ႕ရဲ႕လူငယ္ကစားသမားဘဝမွာ အိမ္ေထာင္ေရးအဆင္မေျပျဖစ္ခဲ့ခ်ိန္ကစၿပီး သူ႕ရဲ႕ ကြင္းတြင္းေျခစြမ္းေတြထိခိုက္လာခဲ့ပါတယ္။ သူရဲ႕ မိန္းမနဲ႕လည္း ကြာရွင္းထားၿပီး သူဘဝမွာ ခ်စ္စရာေကာင္းတဲ့ သမီးေလးနဲ႕ ဘဝကိုဆက္လက္ျဖတ္သန္းေနပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာ (၁၅)ရက္ေန႕က သူ႕ရဲ႕ေမြးေန႕ျဖစ္ခဲ့ၿပီး သူ႕သမီးေလးနဲ႔ပဲ အဲ့သည့္ေန႕မွာ အတူရွိေနခဲ့ပါတယ္။ တစ္ခ်ိန္တုန္းက ပါတီပြဲေတြရဲ႕ မင္းသား ဂ်က္ဆီလင္ဂတ္ ဆိုတဲ့အခ်ိန္ေတြကေတာ့ၿပီးဆံုးသြားခဲ့ၿပီလို႔ဆိုရမွာပါပဲ။