
မြို့ခံပြိုင်ဘက် မန်စီးတီးကို ၂ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့
ကစားပုံကို အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ရွိုင်ကိန်းရဲ့အမြင်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ကစားပုံဟာ လီဗာပူးနဲ့ပွဲကထက်ပိုပြီး
ရှက်စရာ ကောင်းခဲ့တယ်လို့ ယူဆပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ကစားပုံကလည်း ရွိုင်ကိန်း ပြောမယ်ဆို ပြောချင်စရာပါပဲ။
တစ်ပွဲလုံးမှာ မန်စီးတီးရဲ့ ဂိုးဧရိယာထဲ ယူနိုက်တက် ကစားသမားတွေ
ဘောလုံးထိခဲ့တာက စုစုပေါင်း ၄ ကြိမ်ပဲရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ရွိုင်ကိန်းက ယူနိုက်တက်အတွက် လီဗာပူးကို ၅ ဂိုးပြတ်
ရှုံးခဲ့ရတာထက် ပိုအသည်းနာစရာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
“လီဗာပူးကို ရှုံးခဲ့တာထက် ပိုခံစားရပါတယ်”လို့ ရွိုင်ကိန်းက ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပွဲချိန်နောက်ဆုံး တစ်နာရီအတွင်း မန်စီးတီးကို
ဂိုးပေါက်တည့်တဲ့ ကန်ချက်တစ်ကြိမ်မှ မရှိခဲ့ပါဘူး။
ယူနိုက်တက်ရဲ့ကန်ချက်ကို ဖျက်ထုတ်ရင်း ကိုယ့်ဂိုးပေါက်ကိုယ်
ကန်သွင်းမိခဲတဲ့အကြိမ်အရေက ပြိုင်ဘက် စီးတီးရဲ့ဂိုးပေါက်ကို
ခြိမ်းခြောက်နိုင်ခဲ့တာထက်တောင် ပိုများပါသေးတယ်။
ဒါကြောင့်လည်း ရွိုင်းကိန်းက အခုလို ဆက်ဝေဖန်ပါတယ်။
“အရမ်းသနားဖို့ကောင်းပါတယ်၊ အဆင့်အတန်းချင်း၊ ဆုံးဖြတ်နိုင်ချင်းနဲ့
အရည်အချင်း ချင်းမှာ အခြေခံသဘောတရား ကြည့်ရင်ကိုပဲ အရမ်းကွာဟလွန်းပါတယ်၊
အရင်ကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကလေးနဲ့ လူကြီး
ကစားခဲ့တဲ့ပွဲလိုမျိုးလို့၊ အခု ယူနိုက်တက်က အရမ်းပျော့လွန်းပါတယ်။
လက်မခံနိုင်ချင်စရာပါပဲ”လို့ ရွိုင်ကိန်းက ဝေဖန်ပါတယ်။
ရှောနဲ့ ဒီဂီယာ ဖြစ်နေတာကို ကြည့်ဦး။ ဒါလား လက်ရွေးစင်အဆင့်
ခံစစ်သမားတွေ။ သူတို့ရဲ့ ခံစစ်ကစားပုံကို နားကိုမလည်တော့ဘူး။
တိုမီနေးနဲ့ ဖရက်တို့ရဲ့ ကွင်းလယ်ကစားပုံတွေက ယူနိုက်တက်မှာ
ဆက်ကစားဖို့ မလိုအပ်တော့ဘူးလို့တောင်ပြောလို့ရနေပြီ။
ဒီကောင်တွေကို ငါတော့ လက်မြှောက်လိုက်ပြီကွာ။ ငါတော့ လက်မြှောက်လိုက်ပြီ။
မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာ ရှုံးခဲ့တာကြောင့် ချန်ပီယံစိန်ခေါ်မှုအတွက်
ပိုခက်သွားသလို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့လည်း ပိုခက်ခဲသွားပါတယ်။
zawgyi
ယူႏိုက္တက္ရဲ႕ကစားပုံကို အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္း ျပင္းျပင္းထန္ထန္ ေဝဖန္
ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို ၂ဂိုးျပတ္နဲ႔ရႈံးခဲ့တဲ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕
ကစားပုံကို အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္းက ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။
႐ြိဳင္ကိန္းရဲ႕အျမင္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ကစားပုံဟာ လီဗာပူးနဲ႔ပြဲကထက္ပိုၿပီး
ရွက္စရာ ေကာင္းခဲ့တယ္လို႔ ယူဆပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကစားပုံကလည္း ႐ြိဳင္ကိန္း ေျပာမယ္ဆို ေျပာခ်င္စရာပါပဲ။
တစ္ပြဲလုံးမွာ မန္စီးတီးရဲ႕ ဂိုးဧရိယာထဲ ယူႏိုက္တက္ ကစားသမားေတြ
ေဘာလုံးထိခဲ့တာက စုစုေပါင္း ၄ ႀကိမ္ပဲရွိခဲ့ပါတယ္။
ဒါေၾကာင့္လည္း ႐ြိဳင္ကိန္းက ယူႏိုက္တက္အတြက္ လီဗာပူးကို ၅ ဂိုးျပတ္
ရႈံးခဲ့ရတာထက္ ပိုအသည္းနာစရာ ျဖစ္တယ္လို႔ ဆိုခဲ့တာပါ။
“လီဗာပူးကို ရႈံးခဲ့တာထက္ ပိုခံစားရပါတယ္”လို႔ ႐ြိဳင္ကိန္းက ေျပာပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ ပြဲခ်ိန္ေနာက္ဆုံး တစ္နာရီအတြင္း မန္စီးတီးကို
ဂိုးေပါက္တည့္တဲ့ ကန္ခ်က္တစ္ႀကိမ္မွ မရွိခဲ့ပါဘူး။
ယူႏိုက္တက္ရဲ႕ကန္ခ်က္ကို ဖ်က္ထုတ္ရင္း ကိုယ့္ဂိုးေပါက္ကိုယ္
ကန္သြင္းမိခဲတဲ့အႀကိမ္အေရက ၿပိဳင္ဘက္ စီးတီးရဲ႕ဂိုးေပါက္ကို
ၿခိမ္းေျခာက္ႏိုင္ခဲ့တာထက္ေတာင္ ပိုမ်ားပါေသးတယ္။
ဒါေၾကာင့္လည္း ႐ြိဳင္းကိန္းက အခုလို ဆက္ေဝဖန္ပါတယ္။
“အရမ္းသနားဖို႔ေကာင္းပါတယ္၊ အဆင့္အတန္းခ်င္း၊ ဆုံးျဖတ္ႏိုင္ခ်င္းနဲ႔
အရည္အခ်င္း ခ်င္းမွာ အေျခခံသေဘာတရား ၾကည့္ရင္ကိုပဲ အရမ္းကြာဟလြန္းပါတယ္၊
အရင္ကလည္း ကြၽန္ေတာ္ ေျပာခဲ့ဖူးပါတယ္။ ကေလးနဲ႔ လူႀကီး
ကစားခဲ့တဲ့ပြဲလိုမ်ိဳးလို႔၊ အခု ယူႏိုက္တက္က အရမ္းေပ်ာ့လြန္းပါတယ္။
လက္မခံႏိုင္ခ်င္စရာပါပဲ”လို႔ ႐ြိဳင္ကိန္းက ေဝဖန္ပါတယ္။
ေရွာနဲ႔ ဒီဂီယာ ျဖစ္ေနတာကို ၾကည့္ဦး။ ဒါလား လက္ေ႐ြးစင္အဆင့္
ခံစစ္သမားေတြ။ သူတို႔ရဲ႕ ခံစစ္ကစားပုံကို နားကိုမလည္ေတာ့ဘူး။
တိုမီေနးနဲ႔ ဖရက္တို႔ရဲ႕ ကြင္းလယ္ကစားပုံေတြက ယူႏိုက္တက္မွာ
ဆက္ကစားဖို႔ မလိုအပ္ေတာ့ဘူးလို႔ေတာင္ေျပာလို႔ရေနၿပီ။
ဒီေကာင္ေတြကို ငါေတာ့ လက္ေျမႇာက္လိုက္ၿပီကြာ။ ငါေတာ့ လက္ေျမႇာက္လိုက္ၿပီ။
မန္ခ်က္စတာယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ရႈံးခဲ့တာေၾကာင့္ ခ်န္ပီယံစိန္ေခၚမႈအတြက္
ပိုခက္သြားသလို လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရဖို႔လည္း ပိုခက္ခဲသြားပါတယ္။