ယူနိုက်တက်ရဲ့ချန်ပီယံဆု မျှော်လင့်ချက်ရေးရေးလေးက ပေါ့ဂ်ဘာအပေါ်မှာ မူတည်နေတယ်လို့ ဂယ်ရီနဗီးလ် သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းဟောင်း ယူနိုက်တက်ရဲ့ချန်ပီယံမျှော်လင့်ချက်ရေးရေးလေးဟာ ပေါ့ဂ်ဘာအပေါ်မှာ မူတည်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြင်သစ်သားဟာ ယူနိုက်တက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေပြန်လည်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

နဗီးလ်ကလည်း ပေါ့ဂ်ဘာဟာ ယူနိုက်တက်ချန်ပီယံဖြစ်ရေးမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေတယ်လို့ တွေးထင်နေပါတယ်။ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က အန်ဖီးလ်မှာ လီဗာပူးအသင်းကို သရေကျခဲ့ပြီးနောက် လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။ မန်စီးတီးအသင်းက ပဲလေ့စ်ကိုအနိုင်ရရှိပြီး ဒုတိယနေရာကိုတက်ရောက်လာခဲ့ပေမယ့် နဗီးလ်က ယူနိုက်တက်သာ ပေါ့ဂ်ဘာကို အသုံးချနိုင်ရင် ချန်ပီယံဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ယူနိုက်တက်မှာ ချန်ပီယံဖြစ်နိုင်ဖို့အတွက် အခွင့်အရေးက အနည်းငယ်လောက်သာ ရှိနေပါတယ်။ လီဗာပူး နဲ့ မန်စီးတီးတို့က လက်ရှိမှာအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။

ဒါပေမဲ့အဲ့အခွင့်အရေးနည်းနည်းလေးက ပေါ့ဂ်ဘာအပေါ်မှာပဲ မူတည်နေပါတယ်။ သူက ပိုပြီးယုံကြည်မှုရှိလာပါတယ်။ ပွဲကြီးတွေမှာဆို ပေါ့ဂ်ဘာက ပိုကောင်းလာပါတယ်။ တနင်္ဂနွေနေ့ပွဲတုန်းကဆို သူအကောင်းဆုံးကစားခဲ့ပါတယ်။

ဒါပေမဲ့ သူ့အတွက်တော့ မလွယ်ကူခဲ့ဘူးဆိုတာ သိပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကိုတော့ ကျွန်တော်ဒီနေ့ပွဲမှာ မဝေဖန်ချင်ပါဘူး။ လီဗာပူးနဲ့ပွဲမှာ သူယူနိုက်တက်ကွင်းလယ်ကို အများကြီးလွှမ်းမိုးနိုင်ခဲ့ပါတယ်”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ လီဗာပူးနဲ့ပွဲမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး အနိုင်သေချာစေမယ့်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် အလီဆင်ကာကွယ်နိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ဒါ့အပြင် နဗီးလ်က ယူနိုက်တက်အနေနဲ့ ချန်ပီယံဆုအတွက် လိုအပ်နေသေးတဲ့နေရာတွေကိုလည်း ထောက်ပြခဲ့ပါတယ်။ “ဆိုးလ်ရှားအနေနဲ့ ညာတောင်ပံနေရာကို နွေရာသီမှာ အားဖြည့်ချင်နေတာ သိပါတယ်။ ဒါပေမဲ့ သူလိုချင်တဲ့အရာတော့ မရခဲ့ပါဘူး။

အဲ့တာကမရလိုက်တာ ပြဿနာရှိလာနိုင်ပါတယ်။ ညာတောင်ပံနေရာကိုသာ ရလိုက်ရင် ဆိုးလ်ရှားအတွက် ပိုကောင်းလာနိုင်ပါတယ်။ ဒါ့အပြင် နောက်တန်းနဲ့ ညာတောင်ပံကစားသမားတို့ကို ရလိုက်ရင်တော့ ချန်ပီယံဆုအတွက် အဆင်ပြေနိုင်ပါတယ်”လို့ နဗီးလ်ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ရဲ႕ခ်န္ပီယံဆု ေမွ်ာ္လင့္ခ်က္ေရးေရးေလးက ေပါ့ဂ္ဘာအေပၚမွာ မူတည္ေနတယ္လို႔ ဂယ္ရီနဗီးလ္ သံုးသပ္

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က အသင္းေဟာင္း ယူႏုိက္တက္ရဲ႕ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေရးေရးေလးဟာ ေပါ့ဂ္ဘာအေပၚမွာ မူတည္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ျပင္သစ္သားဟာ ယူနုိက္တက္လူစာရင္းမွာ ျပန္လည္ပါ၀င္လာခဲ့ျပီးေနာက္ ေျခစြမ္းေကာင္းေတြျပန္လည္ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ နဗီးလ္ကလည္း ေပါ့ဂ္ဘာဟာ ယူႏိုက္တက္ခ်န္ပီယံျဖစ္ေရးမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါ၀င္ေနတယ္လို႔ ေတြးထင္ေနပါတယ္။ ယူႏိုက္တက္ဟာ တနဂၤေနြေန႔က အန္ဖီးလ္မွာ လီဗာပူးအသင္းကို သေရက်ခဲ့ျပီးေနာက္ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ေနတာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသေနျပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနပါတယ္။

မန္စီးတီးအသင္းက ပဲေလ့စ္ကိုအႏိုင္ရရွိျပီး ဒုတိယေနရာကိုတက္ေရာက္လာခဲ့ေပမယ့္ နဗီးလ္က ယူႏုိက္တက္သာ ေပါ့ဂ္ဘာကို အသံုးခ်ႏိုင္ရင္ ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ယံုၾကည္ေနပါတယ္။ “ယူႏိုက္တက္မွာ ခ်န္ပီယံျဖစ္ႏုိင္ဖို႔အတြက္ အခြင့္အေရးက အနည္းငယ္ေလာက္သာ ရွိေနပါတယ္။ လီဗာပူး နဲ႔ မန္စီးတီးတို႔က လက္ရွိမွာအေကာင္းဆံုးအေနအထားမွာရွိေနပါတယ္။ ဒါေပမဲ့အဲ့အခြင့္အေရးနည္းနည္းေလးက ေပါ့ဂ္ဘာအေပၚမွာပဲ မူတည္ေနပါတယ္။ သူက ပိုျပီးယံုၾကည္မႈရွိလာပါတယ္။ ပြဲၾကီးေတြမွာဆို ေပါ့ဂ္ဘာက ပိုေကာင္းလာပါတယ္။ တနဂၤေႏြေန႔ပြဲတုန္းကဆို သူအေကာင္းဆံုးကစားခဲ့ပါတယ္။ ဒါေပမဲ့ သူ႕အတြက္ေတာ့ မလြယ္ကူခဲ့ဘူးဆိုတာ သိပါတယ္။ သူ႕ရဲ႕စြမ္းေဆာင္ရည္ကိုေတာ့ ကြ်န္ေတာ္ဒီေန႔ပြဲမွာ မေ၀ဖန္ခ်င္ပါဘူး။

လီဗာပူးနဲ႔ပြဲမွာ သူယူႏုိက္တက္ကြင္းလယ္ကို အမ်ားၾကီးလႊမ္းမိုးႏိုင္ခဲ့ပါတယ္”လို႔ နဗီးလ္က ေျပာၾကားခဲ့ပါတယ္။ ေပါ့ဂ္ဘာဟာ လီဗာပူးနဲ႔ပြဲမွာ အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့ျပီး အႏိုင္ေသခ်ာေစမယ့္ဂိုးသြင္းယူေပးႏိုင္ခဲ့ေပမယ့္ အလီဆင္ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။ ဒါ့အျပင္ နဗီးလ္က ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံဆုအတြက္ လိုအပ္ေနေသးတဲ့ေနရာေတြကိုလည္း ေထာက္ျပခဲ့ပါတယ္။

“ဆိုးလ္ရွားအေနနဲ႔ ညာေတာင္ပံေနရာကို ေႏြရာသီမွာ အားျဖည့္ခ်င္ေနတာ သိပါတယ္။ ဒါေပမဲ့ သူလိုခ်င္တဲ့အရာေတာ့ မရခဲ့ပါဘူး။ အဲ့တာကမရလိုက္တာ ျပႆနာရွိလာႏုိင္ပါတယ္။ ညာေတာင္ပံေနရာကိုသာ ရလုိက္ရင္ ဆိုးလ္ရွားအတြက္ ပို္ေကာင္းလာႏိုင္ပါတယ္။ ဒါ့အျပင္ ေနာက္တန္းနဲ႔ ညာေတာင္ပံကစားသမားတို႔ကို ရလိုက္ရင္ေတာ့ ခ်န္ပီယံဆုအတြက္ အဆင္ေျပႏုိင္ပါတယ္”လို႔ နဗီးလ္ေျပာၾကားခဲ့ပါတယ္။