ယူနိုက်တက်ရဲ့  နှစ်စဉ် နှစ်တိုင်း လက်ဆောင်ပေးတတ်တဲ့ အစဉ်အလာ

ယူနိုက်တက် ကစားသမားများဟာ Greater Manchester ရှိ

ဆေးရုံမှဝန်ထမ်းနှင့် ကလေးငယ်၊ ပရိသတ်များအတွက်

ခရစ္စမတ်လက်ဆောင်ပေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်ဆိုင်ရာ အသွားအလာကန့်သတ် ထားမှုတို့ကြောင့်

ယူနိုက်တက်ကစားသမားများဟာ လက်ဆောင်ပေးရာမှာ

လူတွေ့ပေးပို့တာမျိုး မပြုလုပ်ခဲ့ပါဘူး။

နှစ်စဉ် နှစ်တိုင်း ဒီလို အချိန်မှာ လက်ဆောင်ပေးတာဟာ ယူနိုက်တက် ရဲ့

ရှည်ကြာလှပြီ ဖြစ်တဲ့ အစဉ်အလာကောင်း တစ်ခု ဖြစ်ပါတယ်။

အမှတ်တရ လက်ဆောင်တွေ ကို ထုပ်ပိုး နေရာချ နေတဲ့ အချိန်မှာ

ယူနိုက်တက် ကစားသမားတွေဟာ မှတ်တမ်း ဗီဒီယို

ရိုက်ကူး ထားခဲ့ပြီး ကလေးတွေ ကို ပြန်ဖွင့်ပြ သွားခဲ့ ပါတယ်။

ဒီအစီအစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အမျိုးသား နဲ့ အမျိုးသမီး အသင်းက

ကစားသမားတွေ ပါဝင် ခဲ့ကြပြီး ယူနိုက်တက် တီရှပ်တွေ ၊ ဦးထုပ်တွေ နဲ့

အခြား အမှတ်တရ လက်ဆောင် ပစ္စည်းတွေ ကို ထည့်သွင်း ပေးခဲ့ ကြပါတယ်။

စီရော်နယ်ဒိုက ” ကျွန်တော် Old Trafford ကွင်းဆီပြန်ရောက်တုန်း

ဆေးရုံတွေကိုသွားရောက်ပြီး ပရိသတ်တွေဆီ အားပေးစကား တွေ သွားမပြောနိုင်ခဲ့ပါဘူး။

နှစ်တစ်နှစ်ရဲ့ထူးခြားတဲ့ အခိုက်အတန့်မှာ လူငယ်တွေကို

အားပေးစကားပြော၊ လက်ဆောင်ပေးရတာက ပျော်ဖို့ကောင်းပါတယ်။

အခုလို အသင်းရဲ့လက်ဆောင်ပေးတဲ့ အစီအစဉ်မှာ တစ်စိတ်တစ်ဒေသအနေနဲ့

ပါဝင်ခွင့်ရလို့အရမ်းပဲဂုဏ်ယူမိပါတယ်။ “လို့ ပြောဆိုပါတယ်။

ရော်နယ်ဒို ဟာ ယူနိုက်တက် မှာ ၂၀၀၃ ကနေ ၂၀၀၉ အထိ

ကစားခဲ့စဉ် တုန်းကတည်းက ဒီလို ကောင်းမွန်တဲ့ အစဉ်အလာ ကို

ပါဝင်ခွင့် ရရှိခဲ့သူ ဖြစ်ပြီး ဒီနှစ် မှာတော့ နောက်တစ်ကြိမ်

ပြန်လည် ပါဝင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းက တည်ထောင် ထားတဲ့ ယူနိုက်တက် ဖောင်ဒေးရှင်း ဟာ

နှစ်စဉ် နှစ်တိုင်း လက်ဆောင် ပစ္စည်းပေါင်း ၂ ထောင်ကျော်ကို

ခရစ္စမတ် ကာလ မှာ လိုက်လံ ပေးအပ်နေကျ ဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္ရဲ႕  ႏွစ္စဥ္ ႏွစ္တိုင္း လက္ေဆာင္ေပးတတ္တဲ့ အစဥ္အလာ

ယူႏိုက္တက္ ကစားသမားမ်ားဟာ Greater Manchester ရွိ

ေဆး႐ုံမွဝန္ထမ္းႏွင့္ ကေလးငယ္၊ ပရိသတ္မ်ားအတြက္

ခရစၥမတ္လက္ေဆာင္ေပးတာေတြကို ျပဳလုပ္ခဲ့ပါတယ္။

ကိုဗစ္ဆိုင္ရာ အသြားအလာကန႔္သတ္ ထားမႈတို႔ေၾကာင့္

ယူႏိုက္တက္ကစားသမားမ်ားဟာ လက္ေဆာင္ေပးရာမွာ

လူေတြ႕ေပးပို႔တာမ်ိဳး မျပဳလုပ္ခဲ့ပါဘူး။

ႏွစ္စဥ္ ႏွစ္တိုင္း ဒီလို အခ်ိန္မွာ လက္ေဆာင္ေပးတာဟာ ယူႏိုက္တက္ ရဲ႕

ရွည္ၾကာလွၿပီ ျဖစ္တဲ့ အစဥ္အလာေကာင္း တစ္ခု ျဖစ္ပါတယ္။

အမွတ္တရ လက္ေဆာင္ေတြ ကို ထုပ္ပိုး ေနရာခ် ေနတဲ့ အခ်ိန္မွာ

ယူႏိုက္တက္ ကစားသမားေတြဟာ မွတ္တမ္း ဗီဒီယို

႐ိုက္ကူး ထားခဲ့ၿပီး ကေလးေတြ ကို ျပန္ဖြင့္ျပ သြားခဲ့ ပါတယ္။

ဒီအစီအစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ ရဲ႕ အမ်ိဳးသား နဲ႔ အမ်ိဳးသမီး အသင္းက

ကစားသမားေတြ ပါဝင္ ခဲ့ၾကၿပီး ယူႏိုက္တက္ တီရွပ္ေတြ ၊ ဦးထုပ္ေတြ နဲ႔

အျခား အမွတ္တရ လက္ေဆာင္ ပစၥည္းေတြ ကို ထည့္သြင္း ေပးခဲ့ ၾကပါတယ္။

စီေရာ္နယ္ဒိုက ” ကြၽန္ေတာ္ Old Trafford ကြင္းဆီျပန္ေရာက္တုန္း

ေဆး႐ုံေတြကိုသြားေရာက္ၿပီး ပရိသတ္ေတြဆီ အားေပးစကား ေတြ သြားမေျပာႏိုင္ခဲ့ပါဘူး။

ႏွစ္တစ္ႏွစ္ရဲ႕ထူးျခားတဲ့ အခိုက္အတန႔္မွာ လူငယ္ေတြကို

အားေပးစကားေျပာ၊ လက္ေဆာင္ေပးရတာက ေပ်ာ္ဖို႔ေကာင္းပါတယ္။

အခုလို အသင္းရဲ႕လက္ေဆာင္ေပးတဲ့ အစီအစဥ္မွာ တစ္စိတ္တစ္ေဒသအေနနဲ႔

ပါဝင္ခြင့္ရလို႔အရမ္းပဲဂုဏ္ယူမိပါတယ္။ “လို႔ ေျပာဆိုပါတယ္။

ေရာ္နယ္ဒို ဟာ ယူႏိုက္တက္ မွာ ၂၀၀၃ ကေန ၂၀၀၉ အထိ

ကစားခဲ့စဥ္ တုန္းကတည္းက ဒီလို ေကာင္းမြန္တဲ့ အစဥ္အလာ ကို

ပါဝင္ခြင့္ ရရွိခဲ့သူ ျဖစ္ၿပီး ဒီႏွစ္ မွာေတာ့ ေနာက္တစ္ႀကိမ္

ျပန္လည္ ပါဝင္ ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။

ယူႏိုက္တက္ အသင္းက တည္ေထာင္ ထားတဲ့ ယူႏိုက္တက္ ေဖာင္ေဒးရွင္း ဟာ

ႏွစ္စဥ္ ႏွစ္တိုင္း လက္ေဆာင္ ပစၥည္းေပါင္း ၂ ေထာင္ေက်ာ္ကို

ခရစၥမတ္ ကာလ မွာ လိုက္လံ ေပးအပ္ေနက် ျဖစ္ပါတယ္။