ယူနိုက်တက်ရဲ့ ပုပ်ပွနေတဲ့ ဘဲအိုကြီးရဲ့ဝေဖန်မှုက ဗန်ဒီဘိခ်လို သရဲနီသွေးရှိတဲ့သူအတွက်ဆို ရယ်စရာကောင်းလွန်းနေတယ်ဗျ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယ်သာလန်နိုင်ငံသား ယူနိုက်တက်အသင်းရဲ့နည်းပြဟောင်း ဗန်ဂေါက ဗန်ဒီဘိခ်အနေနဲ့ အေဂျက်ကနေ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုပြီး ဝေဖန်ထောက်ပြခဲ့သလို ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ နယ်သာလန်သား ဗန်ဒီဘိခ်ကတော့ သူဟာ ယူနိုက်တက်အသင်းအပေါ်မှာ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ လိဒ်နဲ့ပွဲမှာပြသသွားခဲ့ပါတယ်။

လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပွဲစဉ်တော်တော်များများမှာ ပါဝင်ခဲ့ရပေမယ့် သူကစားခွင့်ရတဲ့ မိနစ်အပိုင်းအခြားလေးတွေမှာ ကောင်းမွန်တဲ့ခြေစွမ်းကိုပြသခဲ့တာကြောင့်လည်း ယူနိုက်တက် ပရိတ်သတ်တွေက သူ့ကို အသင်းမှာ ပုံမှန်နေရာတစ်နေရာနဲ့ ပွဲထွက်ခွင့်ရစေချင်နေကြပါတယ်။

ယူနိုက်တက်ကို ပြောင်းရွှေ့လာချိန်မှာ ကတည်းက အေဂျက်မှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ကစားသမားဘဝအောင်မြင်မှုတွေကို မေ့ထားခဲ့ပြီး အသစ်တစ်ယောက်လို ပြန်လည် စတင်မယ်လို့ပြောခဲ့ဖူးပါတယ်။

သူဟာ ပြောခဲ့တဲ့စကားအတိုင်း မီဒီယာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ခဲ့ဘဲ ယူနိုက်တက်ရဲ့ အသင်းသားတစ်ဦးအဖြစ်သာ သူရဲ့ စိတ်မှာထားပြီး ကစားခွင့်ရဖို့နဲ့ အသင်းရဲ့ လေ့ကျင့် ရေးအစီအစဉ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တာကိုတွေ့နေရပါတယ်။

အခုအခါမှာတော့ ကွင်းတွင်းက သူ့ရဲ့ခြေစွမ်းတင်မကပါဘူး။ ကွင်းဘေးမှာရှိနေတဲ့ သူ့ရဲ့ အမူအရာတွေကပါ ပရိတ်သတ်တွေကို သဘောကျစေပြီး လက်ရှိ တွစ်တာမှာ လူပြောများတဲ့အကြောင်းအရာတွေထဲကတစ်ခုတောင်ဖြစ်လို့လာပါတယ်။

ရှက်ဖီးယူနိုက်တက်ကို (၂−၃) ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ အရန်ခုံမှာသာထိုင်နေခဲ့ရတဲ့ ဗန်ဒီဘိခ်ဟာ ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေတုန်း မာရှယ်က တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ကို သွင်းယူခဲ့ ချိန်မှာ သူ့ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ လှမ်းကြည့်နေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပြီး ပရိသတ်တွေက ဗန်ဒီဘိခ်ရဲ့ တက်ကြွလွန်းတဲ့ အဆိုပါမျက်နှာအမူအရာကို ပရိတ်သတ်တွေက သဘောကျလို့မဆုံး ဖြစ်ခဲ့ရပါတယ်။

နောက်ထက်(၂)ရက်အကြာမှာလည်း သူနဲ့ပတ်သက်ပြီးသဘောကျစရာတစ်ခုကထပ်တိုးလို့လာပြန်ပါတယ်။ ဒါကတော့ လိဒ်စ်ကို ဂိုးပြတ်အနိုင်ရတဲ့ ပွဲမှာ ကာလရှည်ကြာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဂိုးသွင်းချိန်မှာ ဗန်ဒီဘိခ်ရဲ့ မျက်နှာဟာ အတော်လေးပြုံးရွှင်နေခဲ့ပြီး အသင်းဖော်ရဲ့ သွင်းဂိုးအတွက် ကျေနပ်နေတဲ့ပုံကို အတိုင်းသားမြင်တွေ့ခဲ့ရပါတယ်။

ပရိတ်သတ်တွေကလည်း ကစားဖော်တွေအပေါ်ထားတဲ့ နွေးထွေးတဲ့ စိတ်ထားကိုမြင်တွေ့ရတယ်လို့ ချီးကျူးခဲ့ကြပါတယ်။ ပရိသတ်တစ်ယောက်ကဆိုရင် “ကျနော်တို့ကလပ်မှာလိုချင်နေတာဒီလိုစိတ်ဓာတ်မျိုး” ဆိုပြီး ရေးသားခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်မှာ ပေါ့ဘာလိုမျိုး ကမ္ဘာအဆင့် ကွင်းလယ်လူတစ်ယောက်ရှိနေပေမယ့် သရဲနီ DNA အပြည့်ပါတဲ့ ကစားသမား တစ်ယောက်မဟုတ်တဲ့အချိန်မှာ ဘရူနိုဖာနန်ဒက်စ် ရောက်လာပြီး ယူနိုက်တက်ရဲ့ ကွင်းလယ်လိုအပ်ချက်တွေကို ဖြည့်စည်းပေးနေသလို ဗန်ဒီဘိခ်လိုမျိုး အသင်းကိုရောက်ပြီး သိပ်မကြာခင်မှာ သရဲနီ စိတ်ဓာတ်အပြည့်ရှိကြောင်း ထုတ်ဖော်ပြနိုင်တဲ့ ကစားသမားမျိုးတွေကို ရလိုက်တာဟာ ဆိုလ်ရှား ဖော်ဆောင်ခြင်တဲ့ ယူနိုက်တက်ရဲ့ခေတ်သစ်တစ်ခုအတွက် ကံကောင်းခြင်းလက်ဆောင် တစ်ခုလို့ ဆိုရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ရဲ႕ ပုပ္ပြေနတဲ့ ဘဲအိုႀကီးရဲ႕ေဝဖန္မႈက ဗန္ဒီဘိခ္လို သရဲနီေသြးရွိတဲ့သူအတြက္ဆို ရယ္စရာေကာင္းလြန္းေနတယ္ဗ်…

နယ္သာလန္ႏိုင္ငံသား ယူႏိုက္တက္အသင္းရဲ႕နည္းျပေဟာင္း ဗန္ေဂါက ဗန္ဒီဘိခ္အေနနဲ႔ ေအဂ်က္ကေန ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ခဲ့တာဟာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ဆိုၿပီး ေဝဖန္ေထာက္ျပခဲ့သလို ယူႏိုက္တက္မွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ နယ္သာလန္သား ဗန္ဒီဘိခ္ကေတာ့ သူဟာ ယူႏိုက္တက္အသင္းအေပၚမွာ ဘယ္လိုစိတ္ထားရွိတယ္ဆိုတာ လိဒ္နဲ႔ပြဲမွာျပသသြားခဲ့ပါတယ္။

လူစားဝင္ ကစားသမားအျဖစ္နဲ႔သာ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ခဲ့ရေပမယ့္ သူကစားခြင့္ရတဲ့ မိနစ္အပိုင္းအျခားေလးေတြမွာ ေကာင္းမြန္တဲ့ေျခစြမ္းကိုျပသခဲ့တာေၾကာင့္လည္း ယူႏိုက္တက္ ပရိတ္သတ္ေတြက သူ႔ကို အသင္းမွာ ပုံမွန္ေနရာတစ္ေနရာနဲ႔ ပြဲထြက္ခြင့္ရေစခ်င္ေနၾကပါတယ္။

ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာခ်ိန္မွာ ကတည္းက ေအဂ်က္မွာ ေအာင္ျမင္ခဲ့တဲ့ သူ႔ရဲ႕ ကစားသမားဘဝေအာင္ျမင္မႈေတြကို ေမ့ထားခဲ့ၿပီး အသစ္တစ္ေယာက္လို ျပန္လည္ စတင္မယ္လို႔ေျပာခဲ့ဖူးပါတယ္။ သူဟာ ေျပာခဲ့တဲ့စကားအတိုင္း မီဒီယာေတြနဲ႔ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈေတြကို ဂ႐ုမစိုက္ခဲ့ဘဲ ယူႏိုက္တက္ရဲ႕ အသင္းသားတစ္ဦးအျဖစ္သာ သူရဲ႕ စိတ္မွာထားၿပီး ကစားခြင့္ရဖို႔နဲ႔ အသင္းရဲ႕ ေလ့က်င့္ ေရးအစီအစဥ္ေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့တာကိုေတြ႕ေနရပါတယ္။

အခုအခါမွာေတာ့ ကြင္းတြင္းက သူ႔ရဲ႕ေျခစြမ္းတင္မကပါဘူး။ ကြင္းေဘးမွာရွိေနတဲ့ သူ႔ရဲ႕ အမူအရာေတြကပါ ပရိတ္သတ္ေတြကို သေဘာက်ေစၿပီး လက္ရွိ တြစ္တာမွာ လူေျပာမ်ားတဲ့အေၾကာင္းအရာေတြထဲကတစ္ခုေတာင္ျဖစ္လို႔လာပါတယ္။ ရွက္ဖီးယူႏိုက္တက္ကို (၂−၃) ဂိုးနဲ႔ အႏိုင္ရတဲ့ ပြဲစဥ္မွာ အရန္ခုံမွာသာထိုင္ေနခဲ့ရတဲ့ ဗန္ဒီဘိခ္ဟာ ကြင္းေဘးမွာ ေသြးပူေလ့က်င့္ခန္းလုပ္ေနတုန္း မာရွယ္က တစ္ဖက္အသင္းရဲ႕ ဂိုးေပါက္ကို သြင္းယူခဲ့ ခ်ိန္မွာ သူ႔ရဲ႕ ေပ်ာ္႐ႊင္ေနတဲ့ မ်က္ႏွာနဲ႔ လွမ္းၾကည့္ေနခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ပရိသတ္ေတြက ဗန္ဒီဘိခ္ရဲ႕ တက္ႂကြလြန္းတဲ့ အဆိုပါမ်က္ႏွာအမူအရာကို ပရိတ္သတ္ေတြက သေဘာက်လို႔မဆုံး ျဖစ္ခဲ့ရပါတယ္။

ေနာက္ထက္(၂)ရက္အၾကာမွာလည္း သူနဲ႔ပတ္သက္ၿပီးသေဘာက်စရာတစ္ခုကထပ္တိုးလို႔လာျပန္ပါတယ္။ ဒါကေတာ့ လိဒ္စ္ကို ဂိုးျပတ္အႏိုင္ရတဲ့ ပြဲမွာ ကာလရွည္ၾကာ ဂိုးေပါက္ေပ်ာက္ဆုံးေနတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ ဂိုးသြင္းခ်ိန္မွာ ဗန္ဒီဘိခ္ရဲ႕ မ်က္ႏွာဟာ အေတာ္ေလးၿပဳံး႐ႊင္ေနခဲ့ၿပီး အသင္းေဖာ္ရဲ႕ သြင္းဂိုးအတြက္ ေက်နပ္ေနတဲ့ပုံကို အတိုင္းသားျမင္ေတြ႕ခဲ့ရပါတယ္။

ပရိတ္သတ္ေတြကလည္း ကစားေဖာ္ေတြအေပၚထားတဲ့ ေႏြးေထြးတဲ့ စိတ္ထားကိုျမင္ေတြ႕ရတယ္လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။ ပရိသတ္တစ္ေယာက္ကဆိုရင္ “က်ေနာ္တို႔ကလပ္မွာလိုခ်င္ေနတာဒီလိုစိတ္ဓာတ္မ်ိဳး” ဆိုၿပီး ေရးသားခဲ့ပါတယ္။

ယူႏိုက္တက္ ကြင္းလယ္မွာ ေပါ့ဘာလိုမ်ိဳး ကမာၻအဆင့္ ကြင္းလယ္လူတစ္ေယာက္ရွိေနေပမယ့္ သရဲနီ DNA အျပည့္ပါတဲ့ ကစားသမား တစ္ေယာက္မဟုတ္တဲ့အခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ ေရာက္လာၿပီး ယူႏိုက္တက္ရဲ႕ ကြင္းလယ္လိုအပ္ခ်က္ေတြကို ျဖည့္စည္းေပးေနသလို ဗန္ဒီဘိခ္လိုမ်ိဳး အသင္းကိုေရာက္ၿပီး သိပ္မၾကာခင္မွာ သရဲနီ စိတ္ဓာတ္အျပည့္ရွိေၾကာင္း ထုတ္ေဖာ္ျပႏိုင္တဲ့ ကစားသမားမ်ိဳးေတြကို ရလိုက္တာဟာ ဆိုလ္ရွား ေဖာ္ေဆာင္ျခင္တဲ့ ယူႏိုက္တက္ရဲ႕ေခတ္သစ္တစ္ခုအတြက္ ကံေကာင္းျခင္းလက္ေဆာင္ တစ္ခုလို႔ ဆိုရမွာပါပဲ။