ယူနိုက်တက်လူငယ်အသင်းတွေထဲမှာအလားအလာအ‌ကောင်းဆုံးကြယ်ပွင့် မစ်ဂျ်ဘရီ

ယူနိုက်တက် ကစီနီယာ ကစားသမားတွေဟာ တစ်ပွဲကောင်းလိုက်

တစ်ပွဲ မကောင်းလိုက်ဖြစ်နေတာကြောင့် အချို့ ပရိသတ်တွေကတော့ ငြီးငွေ့နေကြပါပြီ။

လူငယ်တွေကို နေရာပေးသင့်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

အငှားထွက်ထားတဲ့ လူငယ်တွေထဲမှာ ခြေစွမ်းထက်တဲ့ သူတွေလည်း ရှိပါတယ်။

ဂျူနီယာ အသင်းထဲမှာ တချို့တွေက ဂိုးသွင်းစကေးကောင်းပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား ဟာနီဘယ် မစ်ဂျ်ဘရီက

ပထမအသင်းကြီးမှာ ပါဝင်ခွင့်ရတဲ့အခါ သူဘာလုပ်နိုင်တယ်ဆိုတာ

ပြသသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟာလက်ရှိ ယူနိုက်တက် လူငယ်အသင်းတွေထဲမှာ

အလားအလာအ‌ကောင်းဆုံး နှင့်စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး

ကြယ်ပွင့်တစ်ဦးအနေနဲ့ သတ်မှတ်ခြင်းခံထားရပါတယ်။

သူက လက်ရှိမှာ ယူ -၂၃ အသင်းနဲ့အတူ ခြေစွမ်းပြနေသလိုစီနီယာအသင်းကြီးနဲ့

ကာရင်တန်မှာ မကြာခဏ လေ့ကျင့်ရေးဆင်းလေ့ရှိပါတယ်။

သူက တူနီးရှားလက်ရွေးစင်အသင်းအတွက် ( ၁၁ ) ပွဲထိ ကစားထားပြီး

ရန်းနစ်ခ်လက်ထက် ဖေဖော်ဝါရီလအတွင်း ပထမအသင်းကြီးမှာ

စတင်ရွေးချယ်ခံခဲ့ရပေမယ့် ယခုအချိန်ထိတော့ ပွဲကစားခွင့်မရသေးပါဘူး။

ဟာနီဘယ်က “ လေ့ကျင့်ရေးကွင်းပဲဖြစ်ဖြစ် ၊အရံခုံပဲဖြစ်ဖြစ် ၊

ကျွန်တော်က ပွဲကစားခွင့်မရသေးပေမယ့် ရရှိတဲ့အတွေ့အကြုံအားလုံးကို အရယူသွားမှာပါ ။

ကျွန်တော့်အနေနဲ့ အနာဂတ်မှာအခွင့်အ‌ရေးရတာနဲ့

ကျွန်တော်ပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံတွေကိုအသုံးချပြီး

ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာ ပြသသွားမှာပါ။”လို့ ဆိုခဲ့ပါတယ်။

ဟာနီဘယ်ဟာ ယခုနှစ်အစောပိုင်းကမှ ( ၁၉ ) နှစ်အရွယ် ရောက်ရှိတာဆိုပေမယ့်

တူနီးရှားလက်ရွေးစင်အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီဖြစ်ပါတယ်။

သူက ဖီဖာ အာရပ်ဖလားပြိုင်ပွဲအတွင်း Mondher Kebaier ရဲ့

အသင်းမှာပွဲစဉ်တိုင်း ပွဲထွက်ခွင့်ရခဲ့သလို

အာဖရိကဖလားပြိုင်ပွဲမှာလည်း ( ၂ ) ကြိမ်ပါဝင်ခွင့်ရခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္လူငယ္အသင္းေတြထဲမွာအလားအလာအ‌ေကာင္းဆုံးၾကယ္ပြင့္ မစ္ဂ်္ဘရီ

ယူႏိုက္တက္ ကစီနီယာ ကစားသမားေတြဟာ တစ္ပြဲေကာင္းလိုက္

တစ္ပြဲ မေကာင္းလိုက္ျဖစ္ေနတာေၾကာင့္ အခ်ိဳ႕ ပရိသတ္ေတြကေတာ့ ၿငီးေငြ႕ေနၾကပါၿပီ။

လူငယ္ေတြကို ေနရာေပးသင့္တယ္လို႔ သုံးသပ္သူေတြလည္း ရွိပါတယ္။

အငွားထြက္ထားတဲ့ လူငယ္ေတြထဲမွာ ေျခစြမ္းထက္တဲ့ သူေတြလည္း ရွိပါတယ္။

ဂ်ဴနီယာ အသင္းထဲမွာ တခ်ိဳ႕ေတြက ဂိုးသြင္းစေကးေကာင္းပါတယ္။

ယူႏိုက္တက္ လူငယ္ကစားသမား ဟာနီဘယ္ မစ္ဂ်္ဘရီက

ပထမအသင္းႀကီးမွာ ပါဝင္ခြင့္ရတဲ့အခါ သူဘာလုပ္ႏိုင္တယ္ဆိုတာ

ျပသသြားမယ္လို႔ ကတိေပးခဲ့ပါတယ္။

ကြင္းလယ္ကစားသမားဟာလက္ရွိ ယူႏိုက္တက္ လူငယ္အသင္းေတြထဲမွာ

အလားအလာအ‌ေကာင္းဆုံး ႏွင့္စိတ္လႈပ္ရွားဖြယ္အေကာင္းဆုံး

ၾကယ္ပြင့္တစ္ဦးအေနနဲ႔ သတ္မွတ္ျခင္းခံထားရပါတယ္။

သူက လက္ရွိမွာ ယူ -၂၃ အသင္းနဲ႔အတူ ေျခစြမ္းျပေနသလိုစီနီယာအသင္းႀကီးနဲ႔

ကာရင္တန္မွာ မၾကာခဏ ေလ့က်င့္ေရးဆင္းေလ့ရွိပါတယ္။

သူက တူနီးရွားလက္ေ႐ြးစင္အသင္းအတြက္ ( ၁၁ ) ပြဲထိ ကစားထားၿပီး

ရန္းနစ္ခ္လက္ထက္ ေဖေဖာ္ဝါရီလအတြင္း ပထမအသင္းႀကီးမွာ

စတင္ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ ယခုအခ်ိန္ထိေတာ့ ပြဲကစားခြင့္မရေသးပါဘူး။

ဟာနီဘယ္က “ ေလ့က်င့္ေရးကြင္းပဲျဖစ္ျဖစ္ ၊အရံခုံပဲျဖစ္ျဖစ္ ၊

ကြၽန္ေတာ္က ပြဲကစားခြင့္မရေသးေပမယ့္ ရရွိတဲ့အေတြ႕အႀကဳံအားလုံးကို အရယူသြားမွာပါ ။

ကြၽန္ေတာ့္အေနနဲ႔ အနာဂတ္မွာအခြင့္အ‌ေရးရတာနဲ႔

ကြၽန္ေတာ္ပိုင္ဆိုင္ထားတဲ့ အေတြ႕အႀကဳံေတြကိုအသုံးခ်ၿပီး

ကြၽန္ေတာ္ဘာလုပ္ႏိုင္တယ္ဆိုတာ ျပသသြားမွာပါ။”လို႔ ဆိုခဲ့ပါတယ္။

ဟာနီဘယ္ဟာ ယခုႏွစ္အေစာပိုင္းကမွ ( ၁၉ ) ႏွစ္အ႐ြယ္ ေရာက္ရွိတာဆိုေပမယ့္

တူနီးရွားလက္ေ႐ြးစင္အသင္းႀကီးမွာ ပုံမွန္ပြဲထြက္ခြင့္ရေနၿပီျဖစ္ပါတယ္။

သူက ဖီဖာ အာရပ္ဖလားၿပိဳင္ပြဲအတြင္း Mondher Kebaier ရဲ႕

အသင္းမွာပြဲစဥ္တိုင္း ပြဲထြက္ခြင့္ရခဲ့သလို

အာဖရိကဖလားၿပိဳင္ပြဲမွာလည္း ( ၂ ) ႀကိမ္ပါဝင္ခြင့္ရခဲ့ပါတယ္။