ယူနိုက်တက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီဖြစ်တဲ့ လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ယူနိုက်တက်အသင်းကွင်းလယ်လူ လင်ဂတ်ဟာ အသင်းရဲ့ ၂၂ ယောက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာလည်း ကာရာဘောင်ဖလားမှာ ၂ ကြိမ် နဲ့ အက်ဖ်အေဖလားမှာ ၁ ကြိမ်သာပါဝင်ခွင့်ရရှိခဲ့ပါတယ်။

သတင်းအများစုကတော့ ယူနိုက်တက်ဟာ လင်ဂတ်ကို ပြီးခဲ့တဲ့နွေရာသီတုန်းက ရောင်းချဖို့ ပြင်ဆင်ခဲ့ပေမယ့် ကစားသမားက အသင်းမှာသာ ဆက်ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာညနေခင်းသတင်းဌာနတွေကတော့ လင်ဂတ်တစ်ယောက် လက်ရှိအချိန်မှာ ယူနိုက်တက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီလို့ ဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားကလည်း အတ္တလန္တာက ဒီယာလိုကို ပြန်လည်ခေါ်ယူခဲ့ပြီး စီနီယာအသင်းကြီးမှာ နေရာပေးဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီယာလိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ကိုရောက်လာခဲ့တာဖြစ်ပေမယ့် အခုဇန်နဝါရီမှ အသင်းနဲ့ပူးပေါင်းနိုင်ခဲ့တာဖြစ်ပြီး ပွဲထွက်ကစားခွင့်တော့မရသေးတာဖြစ်ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားက ဒီယာလိုရဲ့ခြေစွမ်းကို သဘောကျနေပြီး မကြာခင်မှာ ပွဲထွက်ခွင့်ပေးဖွယ်ရှိနေပါတယ်။ လင်ဂတ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က စိတ်ဝင်စားနေပြီး အဲ့ထဲမှာ တော့တင်ဟမ်လည်း ပါဝင်နေပါတယ်။

မန်ချက်စတာညနေခင်းသတင်းဌာနကတော့ ရှက်ဖီးလ်အသင်းဟာ လင်ဂတ်ကို အငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ရှက်ဖီးလ်ဟာ ဒီရာသီမှာ တန်းဆင်းဇုန်တိုက်ပွဲဆင်နွှဲနေရပြီး မဖြစ်မနေ တန်းတင်ကျန်ရစ်ဖို့ ကြိုးစားနေကာ လူအင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

ရှက်ဖီးလ်နည်းပြ ဝိုင်လ်ဒါကလည် လင်ဂတ်ဟာ ချန်ပီယံလိဂ်မှာတော့ ကမ္ဘာ့ဖလားမှာပါ အတွေ့အကြုံရှိထားတာကြောင့် ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း လင်ဂတ်ကို နယူးကာဆယ် နဲ့ တော့တင်ဟမ်တို့က ချိတ်ဆက်နေပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားခေါ်ယူရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရျပီျဖစ္တဲ့ လင္ဂတ္

သတင္းေတြအရ ယူႏိုက္တက္အသင္းကြင္းလယ္လူ လင္ဂတ္ဟာ အသင္းရဲ႕ ၂၂ ေယာက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ လင္ဂတ္ဟာ ျပီးခဲ့တဲ့ႏွစ္ကတည္းက စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ဖို႔ ရုန္းကန္ခဲ့ရျပီး ဒီရာသီမွာလည္း ကာရာေဘာင္ဖလားမွာ ၂ ၾကိမ္ နဲ႔ အက္ဖ္ေအဖလားမွာ ၁ ၾကိမ္သာပါ၀င္ခြင့္ရရွိခဲ့ပါတယ္။ သတင္းအမ်ားစုကေတာ့ ယူႏိုက္တက္ဟာ လင္ဂတ္ကို ျပီးခဲ့တဲ့ေႏြရာသီတုန္းက ေရာင္းခ်ဖို႔ ျပင္ဆင္ခဲ့ေပမယ့္ ကစားသမားက အသင္းမွာသာ ဆက္ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာညေနခင္းသတင္းဌာနေတြကေတာ့ လင္ဂတ္တစ္ေယာက္ လက္ရွိအခ်ိန္မွာ ယူႏုိက္တက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရျပီလုိ႔ ေဖာ္ျပခဲ့ပါတယ္။ ဆိုးလ္ရွားကလည္း အတၱလႏၱာက ဒီယာလိုကို ျပန္လည္ေခၚယူခဲ့ျပီး စီနီယာအသင္းၾကီးမွာ ေနရာေပးဖို႔ ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒီယာလိုဟာ ျပီးခဲ့တဲ့ေနြရာသီအေျပာင္းအေရႊ႕တုန္းက ယူႏုိက္တက္ကိုေရာက္လာခဲ့တာျဖစ္ေပမယ့္ အခုဇန္န၀ါရီမွ အသင္းနဲ႔ပူးေပါင္းႏိုင္ခဲ့တာျဖစ္ျပီး ပြဲထြက္ကစားခြင့္ေတာ့မရေသးတာျဖစ္ပါတယ္။

ဒါေပမဲ့ ဆိုးလ္ရွားက ဒီယာလိုရဲ႕ေျခစြမ္းကို သေဘာက်ေနျပီး မၾကာခင္မွာ ပြဲထြက္ခြင့္ေပးဖြယ္ရွိေနပါတယ္။ လင္ဂတ္ကို ပရီးမီးယားလိဂ္ကလပ္အသင္းအခ်ိဳ႕က စိတ္၀င္စားေနျပီး အဲ့ထဲမွာ ေတာ့တင္ဟမ္လည္း ပါ၀င္ေနပါတယ္။ မန္ခ်က္စတာညေနခင္းသတင္းဌာနကေတာ့ ရွက္ဖီးလ္အသင္းဟာ လင္ဂတ္ကို အငွားနဲ႔ေခၚယူဖို႔ ေဆြးေႏြးေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ရွက္ဖီးလ္ဟာ ဒီရာသီမွာ တန္းဆင္းဇုန္တိုက္ပြဲဆင္ႏႊဲေနရျပီး မျဖစ္မေန တန္းတင္က်န္ရစ္ဖို႔ ၾကိဳးစားေနကာ လူအင္အားျဖည့္တင္းဖို႔ စီစဥ္ေနပါတယ္။

ရွက္ဖီးလ္နည္းျပ ၀ိုင္လ္ဒါကလည္ လင္ဂတ္ဟာ ခ်န္ပီယံလိဂ္မွာေတာ့ ကမၻာ့ဖလားမွာပါ အေတြ႕အၾကံဳရွိထားတာေၾကာင့္ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ အျခားတစ္ဖက္မွာလည္း လင္ဂတ္ကို နယူးကာဆယ္ နဲ႔ ေတာ့တင္ဟမ္တို႔က ခ်ိတ္ဆက္ေနျပီး ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ ေနာက္ဆံုးထားေခၚယူရဖြယ္ရွိေနပါတယ္။