ယူနိုက်တက်သို့ ပြောင်းရွှေ့သင့်ကြောင်း ဆွန်ဟောင်မင်ကို ပတ်ဂျီဆန်တိုက်တွန်း

တောင်ကိုရီးယားလက်ရွေးစင်ဟောင်း ပတ်ဂျီဆန်က ဆွန်ဟောင်မင်တစ်ယောက်

စပါးအသင်းကို စွန့်ခွာပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

အဲဒီလိုပြောင်းရွှေ့ခဲ့ပါက ဆွန်ဟောင်မင်နှင့် ရော်နယ်ဒိုကြားတွင်

ပြဿနာ ဖြစ်လာနိုင်ကြောင်းလည်း ယူနိုက်တက်ကစားသမားဟောင်း

ပတ်ဂျီဆန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပတ်ဂျီဆန်က “ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်တယ်ဆိုတာကို

သက်သေပြပြီးသားပါ။ သူက ယူနိုက်တက်မှာ အများကြီး လုပ်ပြနိုင်မယ့်

ခြေစွမ်းမျိုး ရှိပါတယ်။ ပြဿနာတစ်ခုက ရော်နယ်ဒို ရှိနေတဲ့အတွက်

ကျောနံပါတ် ၇ ကိုတော့ ရမှာမဟုတ်ဘူး”ဟု ပြောဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက

တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအတွက်

ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် စုစုပေါင်း ၂၁၁ ပွဲမှာ သွင်းဂိုး ၇၆ ဂိုးနဲ့

ဂိုးဖန်တီးမှု ၄၁ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

ပက်ဂျီဆန်က မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူတူ တွဲကစားခဲ့ဖူးတဲ့

အသင်းဖော်ဟောင်း ရော်နယ်ဒိုရဲ့ အသက်အရွယ်နဲ့မလိုက်

စွမ်းဆောင်နိုင်မှုတွေကိုလည်း ဆက်လက် ချီးကျူးပြောကြားခဲ့ပါတယ်။

“အသင်းမှာ အကောင်းဆုံးနှစ်တွေကို အရင်တုန်းက ကုန်ဆုံးခဲ့ပြီးနောက်

ယူနိုက်တက်ကို ပြန်လာတဲ့ ကစားသမားဆိုတာ ရှားပါးပြီး အဲဒါက မလွယ်ကူပါဘူး။

ဒါပေမယ့် အဲဒီလို ကစားသမားရှိခဲ့ရင်လည်း ကျွန်တော် ထင်ခဲ့မိတာ

အဲဒါက ရော်နယ်ဒိုပဲ ဖြစ်ပါလိမ့်မယ်။ အဲဒါတွေ ခဏထားပါ။

အားလုံးလည်း သိကြတဲ့အတိုင်း သူက လေ့ကျင့်ရေးကွင်းကို

ပထမဆုံး ရောက်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး နောက်ဆုံးမှ ပြန်တဲ့ကစားသမားပါ။

အဲဒါက သူ့ရဲ့ ဘောလုံးအပေါ် စိတ်ဆန္ဒပြင်းပြမှုကို ပြသနေတာပါ။

လူတွေက သူ့ရဲ့စွမ်းဆောင်ရည်က အသက် ၃၆ နှစ်အရွယ်မှာတောင်

အံ့အားသင့်စရာကောင်းနေတုန်းပဲ ပြောကြတယ်”

“ဒါပေမယ့် အရင်တုန်းကတည်းက ဒီလိုအရာတွေကို လုပ်နေတာ မြင်ခဲ့ရတဲ့

အသင်းဖော်တစ်ယောက်အနေနဲ့တော့ သူအခုလုပ်နေတာတွေက

သူ့အတွက် သာမန်အားထုတ်မှုလောက်ဖြစ်ပြီး အံ့အားသင့်စရာမဟုတ်ဘူးလို့

ကျွန်တော် ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္သို႔ ေျပာင္းေ႐ႊ႕သင့္ေၾကာင္း ဆြန္ေဟာင္မင္ကို ပတ္ဂ်ီဆန္တိုက္တြန္း

ေတာင္ကိုရီးယားလက္ေ႐ြးစင္ေဟာင္း ပတ္ဂ်ီဆန္က ဆြန္ေဟာင္မင္တစ္ေယာက္

စပါးအသင္းကို စြန႔္ခြာၿပီး ယူႏိုက္တက္သို႔ ေျပာင္းေ႐ႊ႕သင့္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

အဲဒီလိုေျပာင္းေ႐ႊ႕ခဲ့ပါက ဆြန္ေဟာင္မင္ႏွင့္ ေရာ္နယ္ဒိုၾကားတြင္

ျပႆနာ ျဖစ္လာႏိုင္ေၾကာင္းလည္း ယူႏိုက္တက္ကစားသမားေဟာင္း

ပတ္ဂ်ီဆန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ပတ္ဂ်ီဆန္က “ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏိုင္တယ္ဆိုတာကို

သက္ေသျပၿပီးသားပါ။ သူက ယူႏိုက္တက္မွာ အမ်ားႀကီး လုပ္ျပႏိုင္မယ့္

ေျခစြမ္းမ်ိဳး ရွိပါတယ္။ ျပႆနာတစ္ခုက ေရာ္နယ္ဒို ရွိေနတဲ့အတြက္

ေက်ာနံပါတ္ ၇ ကိုေတာ့ ရမွာမဟုတ္ဘူး”ဟု ေျပာဆိုခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက

တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရသူျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအတြက္

ကစားေပးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ စုစုေပါင္း ၂၁၁ ပြဲမွာ သြင္းဂိုး ၇၆ ဂိုးနဲ႔

ဂိုးဖန္တီးမႈ ၄၁ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမားျဖစ္ပါတယ္။

ပက္ဂ်ီဆန္က မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ အတူတူ တြဲကစားခဲ့ဖူးတဲ့

အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုရဲ႕ အသက္အ႐ြယ္နဲ႔မလိုက္

စြမ္းေဆာင္ႏိုင္မႈေတြကိုလည္း ဆက္လက္ ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

“အသင္းမွာ အေကာင္းဆုံးႏွစ္ေတြကို အရင္တုန္းက ကုန္ဆုံးခဲ့ၿပီးေနာက္

ယူႏိုက္တက္ကို ျပန္လာတဲ့ ကစားသမားဆိုတာ ရွားပါးၿပီး အဲဒါက မလြယ္ကူပါဘူး။

ဒါေပမယ့္ အဲဒီလို ကစားသမားရွိခဲ့ရင္လည္း ကြၽန္ေတာ္ ထင္ခဲ့မိတာ

အဲဒါက ေရာ္နယ္ဒိုပဲ ျဖစ္ပါလိမ့္မယ္။ အဲဒါေတြ ခဏထားပါ။

အားလုံးလည္း သိၾကတဲ့အတိုင္း သူက ေလ့က်င့္ေရးကြင္းကို

ပထမဆုံး ေရာက္လာခဲ့တဲ့ ကစားသမားျဖစ္ၿပီး ေနာက္ဆုံးမွ ျပန္တဲ့ကစားသမားပါ။

အဲဒါက သူ႔ရဲ႕ ေဘာလုံးအေပၚ စိတ္ဆႏၵျပင္းျပမႈကို ျပသေနတာပါ။

လူေတြက သူ႔ရဲ႕စြမ္းေဆာင္ရည္က အသက္ ၃၆ ႏွစ္အ႐ြယ္မွာေတာင္

အံ့အားသင့္စရာေကာင္းေနတုန္းပဲ ေျပာၾကတယ္”

“ဒါေပမယ့္ အရင္တုန္းကတည္းက ဒီလိုအရာေတြကို လုပ္ေနတာ ျမင္ခဲ့ရတဲ့

အသင္းေဖာ္တစ္ေယာက္အေနနဲ႔ေတာ့ သူအခုလုပ္ေနတာေတြက

သူ႔အတြက္ သာမန္အားထုတ္မႈေလာက္ျဖစ္ၿပီး အံ့အားသင့္စရာမဟုတ္ဘူးလို႔

ကြၽန္ေတာ္ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။