ယူနိုက်တက်အတွက်ပွဲဦးထွက်တုန်းက ဂျာစီဖြဲခဲ့ရတဲ့ အမှတ်တရအဖြစ်ကို ဖွင့်ဟခဲ့တဲ့ ရွန်နီ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီဟာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးပွဲဦးထွက်ခွင့်ရခဲ့တဲ့ ဖီနာဘာချီနဲ့ပွဲမှာ သူဝတ်ဆင်ခဲ့တဲ့ ဂျာစီကို တမင်တကာစုတ်ဖြဲခဲ့တဲ့ အမှတ်တရအဖြစ်အပျက်ကို ပြန်လည်ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၀၄ ခုနှစ်တုန်းက အဲဗာတန်အသင်းရဲ့လူငယ်ကြယ်ပွင့်ဖြစ်နေတဲ့ ရွန်နီကို ပေါင်(၂၅.၆)သန်းနဲ့ခေါ်ယူခဲ့ပြီး ဖီနာဘာချီနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ယူနိုက်တက်အသင်းအတွက် ရွန်နီ ပွဲဦးထွက်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ရွန်နီဟာ ဟက်ထရစ်သွင်းယူခဲ့တာကြောင့် အသက်(၁၈)နှစ်၊ (၃၃၅)ရက်နဲ့ ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးဟက်ထရစ်သွင်းခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ပရိသတ်တွေ သတိမထားမိတာက ရွန်နီဟာ သူဝတ်ဆင်ခဲ့တဲ့ဂျာစီလည်ပင်းကို စုတ်ဖြဲခဲ့တာပါပဲ။

အဲဒီလိုစုတ်ဖြဲခဲ့တဲ့အကြောင်းရင်းကို အခုအချိန်မှ ရွန်နီက ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။

အသင်းဖော်ဟောင်း ဖာဒီနန်နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ရွန်နီက “ဖီနာဘာချီနဲ့ပွဲတုန်းက ကျွန်တော်ဝတ်ထားတဲ့ဂျာစီ စုတ်ပြဲနေတာကို ခင်ဗျားတွေ့တယ်မလား။

ဂျာစီကို ဘာလို့ဖြဲခဲ့တာလဲဆိုတော့ ကျွန်တော့်လည်ပင်းနဲ့ အင်္ကျီကမတော်ဘဲ ကျပ်နေလို့ဗျ။ အဲဒါကြောင့် ဂျာစီကို ကျွန်တော်ဆွဲဖြဲခဲ့တာပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဖီနာဘာချီနဲ့ပွဲမတိုင်ခင်ကအဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ ရွန်နီက “အဲဒီပွဲမတိုင်ခင် ရက်ပိုင်းအတုန်းက ဖာဂူဆန်နဲ့ကျွန်တော်တွေ့ဆုံစကားပြောဆိုခဲ့ပြီး ကျွန်တော်က အရန်ကစားသမားအဖြစ်ပါဝင်ခွင့်ရဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဖာဂူဆန်က ‘ဝိန်းရေ၊ ဖီနာဘာချီနဲ့ပွဲမှာ မင်းပွဲထွက်ကစားရမယ်’လို့ ပြောခဲ့ပြီး ကျွန်တော်ကတော့ စိတ်ထဲမှာ ‘ဒီပွဲကစားရဖို့ မစောင့်နိုင်တော့ဘူးကွာ’လို့ တွေးနေမိခဲ့တယ်။

အဲဒီပွဲအတွက် ကျွန်တော်အသင့်ဖြစ်နေခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့အပြင် အဲဒီပွဲမှာဂိုးသွင်းနိုင်မယ်လို့ ယုံကြည်နေခဲ့တာပါ။

ဖီနာဘာချီနဲ့ပွဲမှာ ဟက်ထရစ်သွင်းနိုင်မယ်လို့ ယုံကြည်ခဲ့တာလားလို့မေးရင်တော့ No လို့ပဲဖြေပါရစေ”လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ (၁၃)နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်(၅)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါအဝင် အဓိက ဆုဖလား(၁၁)ခုအထိရယူနိုင်ခဲ့ပါတယ်။

ရွန်နီဟာ ကစားသမားဘဝနောက်ဆုံးအချိန်မှာ ဒါဘီအသင်းအတွက် ကစားခဲ့ပြီး အခုနှစ်၊ ဇန်နဝါရီလမှာတော့ ဘောလုံးသမားဘဝကနေအနားယူဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒါဘီအသင်းနည်းပြအဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ်။

Zawgyi

ယူႏိုက္တက္အတြက္ပြဲဦးထြက္တုန္းက ဂ်ာစီၿဖဲခဲ့ရတဲ့ အမွတ္တရအျဖစ္ကို ဖြင့္ဟခဲ့တဲ့ ႐ြန္နီ

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး ႐ြန္နီဟာ ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးပြဲဦးထြက္ခြင့္ရခဲ့တဲ့ ဖီနာဘာခ်ီနဲ႔ပြဲမွာ သူဝတ္ဆင္ခဲ့တဲ့ ဂ်ာစီကို တမင္တကာစုတ္ၿဖဲခဲ့တဲ့ အမွတ္တရအျဖစ္အပ်က္ကို ျပန္လည္ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၂၀၀၄ ခုႏွစ္တုန္းက အဲဗာတန္အသင္းရဲ႕လူငယ္ၾကယ္ပြင့္ျဖစ္ေနတဲ့ ႐ြန္နီကို ေပါင္(၂၅.၆)သန္းနဲ႔ေခၚယူခဲ့ၿပီး ဖီနာဘာခ်ီနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ႐ြန္နီ ပြဲဦးထြက္ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲမွာ ႐ြန္နီဟာ ဟက္ထရစ္သြင္းယူခဲ့တာေၾကာင့္ အသက္(၁၈)ႏွစ္၊ (၃၃၅)ရက္နဲ႔ ခ်န္ပီယံလိဂ္မွာ အသက္အငယ္ဆုံးဟက္ထရစ္သြင္းခဲ့သူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက ပရိသတ္ေတြ သတိမထားမိတာက ႐ြန္နီဟာ သူဝတ္ဆင္ခဲ့တဲ့ဂ်ာစီလည္ပင္းကို စုတ္ၿဖဲခဲ့တာပါပဲ။ အဲဒီလိုစုတ္ၿဖဲခဲ့တဲ့အေၾကာင္းရင္းကို အခုအခ်ိန္မွ ႐ြန္နီက ဖြင့္ဟေျပာဆိုခဲ့တာျဖစ္ပါတယ္။

အသင္းေဖာ္ေဟာင္း ဖာဒီနန္နဲ႔ေတြ႕ဆုံေမးျမန္းခန္းမွာ ႐ြန္နီက “ဖီနာဘာခ်ီနဲ႔ပြဲတုန္းက ကြၽန္ေတာ္ဝတ္ထားတဲ့ဂ်ာစီ စုတ္ၿပဲေနတာကို ခင္ဗ်ားေတြ႕တယ္မလား။ ဂ်ာစီကို ဘာလို႔ၿဖဲခဲ့တာလဲဆိုေတာ့ ကြၽန္ေတာ့္လည္ပင္းနဲ႔ အက်ႌကမေတာ္ဘဲ က်ပ္ေနလို႔ဗ်။ အဲဒါေၾကာင့္ ဂ်ာစီကို ကြၽန္ေတာ္ဆြဲၿဖဲခဲ့တာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဖီနာဘာခ်ီနဲ႔ပြဲမတိုင္ခင္ကအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီးေတာ့ ႐ြန္နီက “အဲဒီပြဲမတိုင္ခင္ ရက္ပိုင္းအတုန္းက ဖာဂူဆန္နဲ႔ကြၽန္ေတာ္ေတြ႕ဆုံစကားေျပာဆိုခဲ့ၿပီး ကြၽန္ေတာ္က အရန္ကစားသမားအျဖစ္ပါဝင္ခြင့္ရဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

ဒါေပမဲ့ ဖာဂူဆန္က ‘ဝိန္းေရ၊ ဖီနာဘာခ်ီနဲ႔ပြဲမွာ မင္းပြဲထြက္ကစားရမယ္’လို႔ ေျပာခဲ့ၿပီး ကြၽန္ေတာ္ကေတာ့ စိတ္ထဲမွာ ‘ဒီပြဲကစားရဖို႔ မေစာင့္ႏိုင္ေတာ့ဘူးကြာ’လို႔ ေတြးေနမိခဲ့တယ္။ အဲဒီပြဲအတြက္ ကြၽန္ေတာ္အသင့္ျဖစ္ေနခဲ့သလို၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိတဲ့အျပင္ အဲဒီပြဲမွာဂိုးသြင္းႏိုင္မယ္လို႔ ယုံၾကည္ေနခဲ့တာပါ။ ဖီနာဘာခ်ီနဲ႔ပြဲမွာ ဟက္ထရစ္သြင္းႏိုင္မယ္လို႔ ယုံၾကည္ခဲ့တာလားလို႔ေမးရင္ေတာ့ No လို႔ပဲေျဖပါရေစ”လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ႐ြန္နီဟာ ယူႏိုက္တက္အသင္းမွာ ၂၀၀၄ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ (၁၃)ႏွစ္ၾကာကစားခဲ့ၿပီး ပရီးမီးယားလိဂ္(၅)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္အပါအဝင္ အဓိက ဆုဖလား(၁၁)ခုအထိရယူႏိုင္ခဲ့ပါတယ္။ ႐ြန္နီဟာ ကစားသမားဘဝေနာက္ဆုံးအခ်ိန္မွာ ဒါဘီအသင္းအတြက္ ကစားခဲ့ၿပီး အခုႏွစ္၊ ဇန္နဝါရီလမွာေတာ့ ေဘာလုံးသမားဘဝကေနအနားယူဖို႔ဆုံးျဖတ္ခဲ့ၿပီးတဲ့ေနာက္ ဒါဘီအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။