ယူနိုက်တက်အတွက် ကစားပေးရတာ မလွယ်ဘူးလို့ ပေါ့ဂ်ဘာ ဝန်ခံလိုက်ပြီ..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးကို ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာက အသင်းအတွက် ကစားပေးရတာမလွယ်ကူကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ၃ ကြိမ်ဆက် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့သလို လက်ရှိရာသီမှာလည်း စီးတီးကို ကာရာဘောင်ဆီမီးဖိုင်နယ်မှာ ထပ်မံအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်နေပေမယ့် ကာရာဘောင်ဆီမီးဖိုင်နယ်မှာတော့ ဂွါဒီယိုလာရဲ့စီးတီးကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာက ယူနိုက်တက်အတွက် ကစားပေးရတာမလွယ်ကူကြောင်း ဆိုခဲ့ပေမယ့် သူ့အနေနဲ့ ကျန်ရှိတဲ့အချိန်မှာ အသင်းအောင်မြင်ရအောင် ကစားပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။

“တစ်ပတ်ပြီးတစ်ပတ်ကစားနေရတာကြောင့် စိတ်ပျက်ဖို့ အချိန်မရှိပါဘူး။ ကျွန်တော်တို့ လိဂ်အဆင့်ရပ်တည်မှုမှာ အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ စိတ်ပျက်ဖို့ အချိန်မရှိပါဘူး။ တစ်ပတ်ပြီးတစ်ပတ်အကောင်းဆုံးပြင်ဆင်ဖို့ပဲ လိုအပ်ပါတယ်။ ခက်ခဲတဲ့အချိန်တွေကို ရအောင်ကျော်ဖြတ်ပြီး ပွဲတွေက သင်ယူရမှာပါ။

အဲ့တာကပဲ အသင်းကို ပိုကောင်းလာစေမှာပါ။ ယူနိုက်တက်အတွက် ကစားပေးရတာက တကယ်ကိုမလွယ်ကူတာပါ။ ဒါပေမဲ့ အကောင်းဆုံးတော့ ကစားပေးနေပါတယ်။ အခုဆိုအသင်းကအသင်းဖော်တွေက ဆုဖလားအောင်မြင်မှုအတွက် ဆာလောင်နေလောက်ပါပြီ”လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာက ယူနိုက်တက်အနေနဲ့ စီးတီးနဲ့ဆီမီးဖိုင်နယ်အရှုံးကနေ သင်ယူပြီး အောင်မြင်မှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ တိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆို စီးတီးကပဲ ပွဲတွေကိုစိုးမိုးထားခဲ့တာပါ။ ဒီနှစ်တော့ ကျွန်တော်တို့ လိဂ်မှာတိုးတက်လာပါတယ်”လို့ ပေါ့ဂ်ဘာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ စနေနေ့မှာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်အသင်းနဲ့ ဆင်နွှဲရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




