ယူနိုက်တက်အတွက် နောက်ထပ် ထိုးနှက်ချက်

ဘရူနိုဖာနန်ဒက်စ်ဟာယခုအပတ်အကုန်တွင်လီဗာပူးနှင့်ရင်ဆိုင်ကစားရမယ့်

ပရီးမီးယားလိဂ်ပွဲကိုလွဲချော်ဖွယ်ရှိနေပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ကြားရက်တုန်းကအတ္တလန္တာကို၃-၂ဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲစဉ်အားပွဲချိန်ပြည့်ကစားခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာပွဲပြီးခါနီးမှာကြမ်းတမ်းတဲ့

ဖျက်ထုတ်မှုအချို့ကြုံတွေ့ခဲ့ရပါတယ်။ သူဟာမနေ့တုန်းကကာရင်တန်လေ့ကျင့်ရေး

ကွင်းသို့သွေးပူလေ့ကျင့်ခန်းဆင်းရန်ရောက်လာခဲ့ပေမယ့်နေ့လည်ပိုင်းရောက်တဲ့

အချိန်မှာတော့အခြေအနေကတဖြည်းဖြည်းဆိုးရွားကာထော့နင်းထော့နင်းဖြင့်

သွားနေခဲ့ရပါတယ်။

ယင်းသို့အခြေအနေကြောင့်မန်ယူနည်းပြဆိုးလ်ရှားဟာဘရူနိုဖာနန်ဒက်စ်ရဲ့ဒဏ်ရာမှာ

သာမန်ပွန်းပဲ့ဒဏ်ရာမျှသာဖြစ်လာရန်မျှော်လင့်နေပြီးတနင်္ဂနွေနေ့တွင်ကစားရမယ့်

လီဗာပူးနှင့် အရေးပါတဲ့ပွဲတွင်ပါဝင်နိုင်ရန်မျှော်လင့်နေပါတယ်။

လက်ရှိအချိန်တွင်မန်ယူဟာထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၅မှတ်ကွာဟနေပြီး

ဒုတိယနေရာမှလီဗာပူးနှင့်ရမှတ်၄မှတ်ကွာအမှတ်ပေးဇယားအဆင့်၆နေရာမှာ

ရပ်တည်နေပါတယ်။ဒါကြောင့်မန်ယူအနေဖြင့်လာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့်

လီဗာပူးနှင့်ပွဲတွင်သာရှုံးနိမ့်ပါကပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲဝင်စာရင်းက

ဖယ်ရှားခံလာရဖို့ရှိပါတယ်။

Zawgyi

ယူႏိုက္တက္အတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္
ဘ႐ူႏိုဖာနန္ဒက္စ္ဟာယခုအပတ္အကုန္တြင္လီဗာပူးႏွင့္ရင္ဆိုင္ကစားရမယ့္

ပရီးမီးယားလိဂ္ပြဲကိုလြဲေခ်ာ္ဖြယ္ရွိေနပါတယ္။

ေပၚတူဂီကြင္းလယ္ကစားသမားဟာ ၾကားရက္တုန္းကအတၱလႏၲာကို၃-၂ဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲစဥ္အားပြဲခ်ိန္ျပည့္ကစားခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာပြဲၿပီးခါနီးမွာၾကမ္းတမ္းတဲ့

ဖ်က္ထုတ္မႈအခ်ိဳ႕ႀကဳံေတြ႕ခဲ့ရပါတယ္။ သူဟာမေန႔တုန္းကကာရင္တန္ေလ့က်င့္ေရး

ကြင္းသို႔ေသြးပူေလ့က်င့္ခန္းဆင္းရန္ေရာက္လာခဲ့ေပမယ့္ေန႔လည္ပိုင္းေရာက္တဲ့

အခ်ိန္မွာေတာ့အေျခအေနကတျဖည္းျဖည္းဆိုး႐ြားကာေထာ့နင္းေထာ့နင္းျဖင့္

သြားေနခဲ့ရပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္မန္ယူနည္းျပဆိုးလ္ရွားဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဒဏ္ရာမွာ

သာမန္ပြန္းပဲ့ဒဏ္ရာမွ်သာျဖစ္လာရန္ေမွ်ာ္လင့္ေနၿပီးတနဂၤေႏြေန႔တြင္ကစားရမယ့္

လီဗာပူးႏွင့္ အေရးပါတဲ့ပြဲတြင္ပါဝင္ႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူဟာထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၅မွတ္ကြာဟေနၿပီး

ဒုတိယေနရာမွလီဗာပူးႏွင့္ရမွတ္၄မွတ္ကြာအမွတ္ေပးဇယားအဆင့္၆ေနရာမွာ

ရပ္တည္ေနပါတယ္။ဒါေၾကာင့္မန္ယူအေနျဖင့္လာမယ့္တနဂၤေႏြေန႔မွာကစားရမယ့္

လီဗာပူးႏွင့္ပြဲတြင္သာရႈံးနိမ့္ပါကပရီးမီးယားလိဂ္ခ်န္ပီယံဆုတိုက္ပြဲဝင္စာရင္းက

ဖယ္ရွားခံလာရဖို႔ရွိပါတယ္။