ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့အသင်းမျိုးဖြစ်ဖို့ စောလွန်းနေသေးတယ်လို့ ဘာဘာတော့ဗ် သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က လက်ရှိအသင်းဟောင်းရဲ့အနေအထားဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ဆိုတာ စောလွန်းနေသေးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၀၂၀ – ၂၁ ရာသီကို အထနှေးစွာစတင်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ခြေလှမ်းကျဲကျဲနဲ့ စတင်လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်ပြီးနောက် ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ၄ ပွဲမှာ ရှုံးပွဲမရှိထားသလို ခံစစ်ကလည်း တည်ငြိမ်တဲ့စွမ်းဆောင်ရည်တစ်ခုကို ပြသထားနိုင်ခဲ့ပါတယ်။ ယူနိုက်ကတက်ဟာ နယူးကာဆယ်ကို ၄-၁ ၊ ချဲလ်ဆီးကို အိမ်ကွင်းမှာသရေ နဲ့ ဥရောပပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီ ၊ လိုက်ပ်ဇစ်စတဲ့အသင်းတွေကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ကြားရက်က ချန်ပီယံလိဂ်မှာလည်း ယူနိုက်တက်ဟာ လိုက်ပ်ဇစ်ကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ပထမဆုံးဟက်ထရစ်အပါအဝင် မေဆင်ဂရင်းဝုဒ် ၊ မာရှယ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေပြသနေပေမယ့်လည်း ဘာဘာတော့ဗ်ကတော့ ယူနိုက်တက်ဟာ ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။
“ယူနိုက်တက်ရဲ့ရလဒ်ပိုင်းတွေက အံ့အားသင့်ဖို့ကောင်းနေပါတယ်။ လိုက်ပ်ဇစ်နဲ့ပွဲမှာဆိုရင်လည်း ထင်မှတ်မထားတာတွေလုပ်ပြခဲ့ပါတယ်။ သူတို့ကို ကံတရားကလည်း မျက်နှာသာပေးနေတယ်လို့ထင်ပါတယ်။ အိုလီရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးရမှာဖြစ်သလို ကစားသမားတွေကလည်း ကြိုးစားအားထုတ်မှုကောင်းခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ချန်ပီယဖြစ်ဖို့ လိုအပ်နေဆဲလို့ မြင်ပါတယ်”လို့ ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။


“ရက်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်က လိုက်ပ်ဇစ်နဲ့ပွဲမှာ အကောင်းဆုံးအနေအထားတစ်ရပ်မှာရှိခဲ့ပါတယ်။ ဟက်ထရစ်တောင်သွင်းယူနိုင်ခဲ့တာပါ။ သူ့မှာထိပ်တန်းအရည်အချင်းတွေရှိနေပါတယ်။ မေဆင် နဲ့ မာရှယ်လည်း အဆိုပါပွဲမှာ ကောင်းခဲ့ကြပါတယ်”လို့ ဘာဘာတော့ဗ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် တူရကီမြေမှာ အစ္စတန်ဘူလ်ဘက်စ်ကီးရှီးယားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

Zawgyi

ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံဆု စိန္ေခၚႏိုင္တဲ့အသင္းမ်ိဳးျဖစ္ဖို႔ ေစာလြန္းေနေသးတယ္လို႔ ဘာဘာေတာ့ဗ္ သံုးသပ္
===================
ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က လက္ရွိအသင္းေဟာင္းရဲ႕အေနအထားဟာ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုစိန္ေခၚႏိုင္ဖို႔ဆုိတာ ေစာလြန္းေနေသးတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ၂၀၂၀ – ၂၁ ရာသီကို အထေႏွးစြာစတင္ခဲ့ေပမယ့္ ယူႏို္က္တက္ဟာ ေျခလွမ္းက်ဲက်ဲနဲ႔ စတင္လာခဲ့တာျဖစ္ပါတယ္။
ႏိုင္ငံတကာရက္သတၱပတ္ျပီးေနာက္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္ဟာ ၄ ပြဲမွာ ရံႈးပြဲမရွိထားသလို ခံစစ္ကလည္း တည္ျငိမ္တဲ့စြမ္းေဆာင္ရည္တစ္ခုကုိ ျပသထားႏိုင္ခဲ့ပါတယ္။ ယူႏိုက္ကတက္ဟာ နယူးကာဆယ္ကို ၄-၁ ၊ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာသေရ နဲ႔ ဥေရာပျပိဳင္ပြဲမွာလည္း ပီအက္စ္ဂ်ီ ၊ လိုက္ပ္ဇစ္စတဲ့အသင္းေတြကို အႏိုင္ယူခဲ့တာျဖစ္ပါတယ္။
ျပီးခဲ့တဲ့ၾကားရက္က ခ်န္ပီယံလိဂ္မွာလည္း ယူႏိုက္တက္ဟာ လိုက္ပ္ဇစ္ကို တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ရဲ႕ပထမဆံုးဟက္ထရစ္အပါအ၀င္ ေမဆင္ဂရင္း၀ုဒ္ ၊ မာရွယ္တို႔ရဲ႕ဂိုးေတြနဲ႔ အႏုိင္ရရွိခဲ့ပါတယ္။ ဒီလိုစြမ္းေဆာင္ရည္ေတြျပသေနေပမယ့္လည္း ဘာဘာေတာ့ဗ္ကေတာ့ ယူႏိုက္တက္ဟာ ခ်န္ပီယံဆုစိန္ေခၚႏုိင္ဖို႔ လိုအပ္ခ်က္ေတြရွိေနေသးတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
“ယူႏိုက္တက္ရဲ႕ရလဒ္ပိုင္းေတြက အံ့အားသင့္ဖို႔ေကာင္းေနပါတယ္။ လိုက္ပ္ဇစ္နဲ႔ပြဲမွာဆိုရင္လည္း ထင္မွတ္မထားတာေတြလုပ္ျပခဲ့ပါတယ္။ သူတို႔ကို ကံတရားကလည္း မ်က္ႏွာသာေပးေနတယ္လို႔ထင္ပါတယ္။ အိုလီရဲ႕စြမ္းေဆာင္ရည္ကိုလည္း ခ်ီးက်ဴးရမွာျဖစ္သလို ကစားသမားေတြကလည္း ၾကိဳးစားအားထုတ္မႈေကာင္းခဲ့ၾကပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္ကေတာ့ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယျဖစ္ဖို႔ လိုအပ္ေနဆဲလို႔ ျမင္ပါတယ္”လို႔ ဘာဘာေတာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
“ရက္ရွ္ဖို႔ဒ္ရဲ႕စြမ္းေဆာင္ရည္က လိုက္ပ္ဇစ္နဲ႔ပြဲမွာ အေကာင္းဆံုးအေနအထားတစ္ရပ္မွာရွိခဲ့ပါတယ္။ ဟက္ထရစ္ေတာင္သြင္းယူႏိုင္ခဲ့တာပါ။ သူ႕မွာထိပ္တန္းအရည္အခ်င္းေတြရွိေနပါတယ္။ ေမဆင္ နဲ႔ မာရွယ္လည္း အဆိုပါပြဲမွာ ေကာင္းခဲ့ၾကပါတယ္”လို႔ ဘာဘာေတာ့ဗ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
ယူႏိုက္တက္ဟာ တနဂၤေႏြေန႔မွာ အာဆင္နယ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ျပီး အဲ့ေနာက္ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ တူရကီေျမမွာ အစၥတန္ဘူလ္ဘက္စ္ကီးရွီးယားအသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။
https://www.goal.com/en/news/too-early-to-call-man-utd-premier-league-champions-league/qgloecsp8yhn1l6c82hlwwoos?fbclid=IwAR3GOPcGReFg_VZGyLvuaapux0-Sf8rpnfX9v6PTHdaFMmelYvV-JZRcglA
ခ်န္ပီယံဆုေတြအတြက္ ယူႏိုက္တက္မွာ လုိအပ္ခ်က္ရွိေနေသးတယ္လို႔ ဘာဘာေတာ့ဗ္ သံုးသပ္ခဲ့