ယူနိုက်တက်အသင်းကို စိတ်ကသိကအောက်ဖြစ်စေတဲ့ ပေါ့ဂ်ဘာကို အသင်းဘုတ်အဖွဲ့က သီခံနိုင်စွမ်းကုန်ဆုံးသွားပြီး တစ်လအတွင်း လျှော့ဈေးနဲ့ ရောင်းထုတ်တော့မယ်ဟုဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်း တာဝန်ရှိသူတွေဟာ လိုက်ပ်ဇစ်နဲ့ပွဲမတိုင်ခင်လေးမှာ ပေါ့ဂ်ဘာနဲ့ မန်ယူ တို့ရဲ့ဇာတ်လမ်းပြီးသွားပြီလို့ ပြောခဲ့တဲ့ အေးဂျင့် ရွိုင်အိုလာ အပေါ်မကျေမနပ်ဖြစ်နေပြီး ကစားသမားကို လာမယ့် ဇန်နဝါရီဈေးကွက်ထဲမှာတင် ရောင်းချလိုနေတယ်လို့သိရပါတယ်။

မန်ယူဟာ လိုက်ပ်ဇစ်နဲ့ အရေးပါတဲ့ချန်ပီယံလိဂ်အဝေးကွင်းပွဲ မကစားမီအချိန်လေးမှာ ရွိုင်အိုလာက သူ့ကစားသမား ပေါ့ဂ်ဘာနဲ့ မန်ယူတို့ရဲ့ဇာတ်လမ်းအဆုံးသတ်သွားပြီလို့ ပြောခဲ့သူဖြစ်ပါတယ်။ ဒါဟာ လိုက်ပ်ဇစ်နဲ့ပွဲအတွက်ပြင်ဆင်မှုကို ထိခိုက်စေခဲ့ပြီး ရွိုင်အိုလာဘက်က တမင်တကာအချိန်ကိုက် ပြောဆိုခြင်းဖြစ်တယ်လို့ ကလပ်တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။

မန်ယူဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာ တစ်မှတ်ရရုံနဲ့ ၁၆ သင်းအဆင့်ကိုတက်မှာ ဖြစ်ပေမယ့် ၃-၂ နဲ့ရှုံးသွားလို့ ယူရိုပါလိဂ်ကိုသာပြောင်းကစားရတော့မှာဖြစ်ပါတယ်။ ရွိုင်အိုလာဟာ မန်ယူကိုပေါ့ဂ်ဘာပြန်ရောက်လာတဲ့ အချိန်ကနေစပြီး ကလပ်အပေါ်စိတ်ကသိကအောက်ဖြစ်စေမယ့် စကားတွေကို မကြာခဏပြောခဲ့သူပါ။

ဒါကြောင့်လည်း တာဝန်ရှိသူတွေက ရွိုင်အိုလာဟာ မန်ယူအပေါ်အနိုင်ကျင့်သလိုလုပ်နေတယ်လို့ယူဆနေတာကြောင့် လာမယ့်ဆောင်းရာသီ ဈေးကွက်အတွင်း ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မန်ယူဟာ ၂၀၁၆ မှာ ပေါ့ဂ်ဘာကို ဝယ်ယူတုန်းကပေါင် ၈၉ သန်းအထိပေးခဲ့ရပေမယ့် လာမယ့်ဈေးကွက်ထဲမှာရောင်းချင်ရင်တော့ ပေါင်သန်း ၅၀ ထက်ပိုရမှာမဟုတ်ပါဘူး။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ရီးရဲလ်မက်ဒရစ်ကို သွားကစားလိုတယ်လို့ မကြာခဏထုတ်ပြောဘူးသူဖြစ်ပြီး အသင်းဟောင်း ဂျူဗင်တပ်ကို ပြောင်းနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

မန်ယူဟာ ၂၀၁၉ နွေရာသီက ပေါ့ဂ်ဘာကိုရောင်းဖို့ လုပ်ခဲ့ပေမယ့် အဲဒီတုန်းကသူတို့သတ်မှတ်တဲ့ တန်ကြေးပေါင်သန်း ၁၈၀ အထိဖြစ်လို့ ရီးရဲလ်ကနောက်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အသင္းကို စိတ္ကသိကေအာက္ျဖစ္ေစတဲ့ ေပါ့ဂ္ဘာကို အသင္းဘုတ္အဖြဲ႕က သီခံႏိုင္စြမ္းကုန္ဆံုးသြားၿပီး တစ္လအတြင္း ေလွ်ာ့ေစ်းနဲ႕ ေရာင္းထုတ္ေတာ့မယ္ဟုဆို

မန္ယူအသင္း တာဝန္ရွိသူေတြဟာ လိုက္ပ္ဇစ္နဲ႔ပြဲမတိုင္ခင္ေလးမွာ ေပါ့ဂ္ဘာနဲ႔ မန္ယူ တို႔ရဲ႕ဇာတ္လမ္းၿပီးသြားၿပီလို႔ ေျပာခဲ့တဲ့ ေအးဂ်င့္ ႐ြိဳင္အိုလာ အေပၚမေက်မနပ္ျဖစ္ေနၿပီး ကစားသမားကို လာမယ့္ ဇန္နဝါရီေဈးကြက္ထဲမွာတင္ ေရာင္းခ်လိုေနတယ္လို႔သိရပါတယ္။

မန္ယူဟာ လိုက္ပ္ဇစ္နဲ႔ အေရးပါတဲ့ခ်န္ပီယံလိဂ္အေဝးကြင္းပြဲ မကစားမီအခ်ိန္ေလးမွာ ႐ြိဳင္အိုလာက သူ႔ကစားသမား ေပါ့ဂ္ဘာနဲ႔ မန္ယူတို႔ရဲ႕ဇာတ္လမ္းအဆုံးသတ္သြားၿပီလို႔ ေျပာခဲ့သူျဖစ္ပါတယ္။ ဒါဟာ လိုက္ပ္ဇစ္နဲ႔ပြဲအတြက္ျပင္ဆင္မႈကို ထိ
ခိုက္ေစခဲ့ၿပီး ႐ြိဳင္အိုလာဘက္က တမင္တကာအခ်ိန္ကိုက္ ေျပာဆိုျခင္းျဖစ္တယ္လို႔ ကလပ္တာဝန္ရွိသူေတြက ယုံၾကည္ေနၾကပါတယ္။

မန္ယူဟာ လိုက္ပ္ဇစ္နဲ႔ပြဲမွာ တစ္မွတ္ရ႐ုံနဲ႔ ၁၆ သင္းအဆင့္ကိုတက္မွာ ျဖစ္ေပမယ့္ ၃-၂ နဲ႔ရႈံးသြားလို႔ ယူ႐ိုပါလိဂ္ကိုသာေျပာင္းကစားရေတာ့မွာျဖစ္ပါတယ္။ ႐ြိဳင္အိုလာဟာ မန္ယူကိုေပါ့ဂ္ဘာျပန္ေရာက္လာတဲ့ အခ်ိန္ကေနစၿပီး ကလပ္အေပၚစိတ္ကသိကေအာက္ျဖစ္ေစမယ့္ စကားေတြကို မၾကာခဏေျပာခဲ့သူပါ။

ဒါေၾကာင့္လည္း တာဝန္ရွိသူေတြက ႐ြိဳင္အိုလာဟာ မန္ယူအေပၚအႏိုင္က်င့္သလိုလုပ္ေနတယ္လို႔ယူဆေနတာေၾကာင့္ လာမယ့္ေဆာင္းရာသီ ေဈးကြက္အတြင္း ေရာင္းခ်ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

မန္ယူဟာ ၂၀၁၆ မွာ ေပါ့ဂ္ဘာကို ဝယ္ယူတုန္းကေပါင္ ၈၉ သန္းအထိေပးခဲ့ရေပမယ့္ လာမယ့္ေဈးကြက္ထဲမွာေရာင္းခ်င္ရင္ေတာ့ ေပါင္သန္း ၅၀ ထက္ပိုရမွာမဟုတ္ပါဘူး။ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေပါ့ဂ္ဘာဟာ ရီးရဲလ္မက္ဒရစ္ကို သြားကစားလိုတယ္လို႔ မၾကာခဏထုတ္ေျပာဘူးသူျဖစ္ၿပီး အသင္းေဟာင္း ဂ်ဴဗင္တပ္ကို ေျပာင္းႏိုင္တယ္လို႔လည္း ခန႔္မွန္းေနၾကပါတယ္။

မန္ယူဟာ ၂၀၁၉ ေႏြရာသီက ေပါ့ဂ္ဘာကိုေရာင္းဖို႔ လုပ္ခဲ့ေပမယ့္ အဲဒီတုန္းကသူတို႔သတ္မွတ္တဲ့ တန္ေၾကးေပါင္သန္း ၁၈၀ အထိျဖစ္လို႔ ရီးရဲလ္ကေနာက္ဆုတ္သြားတယ္လို႔လည္း သိရပါတယ္။