ယူနိုက်တက်အသင်းကို နှလုံးသားနဲ့ရင်းပြီး ကစားပေးဖို့ရောက်လာခဲ့တဲ့ အီဂါလိုရဲ့ လမ်းခွဲချိန် အမှာစကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာပေါ်မှာ ယူနိုက်တက်အသင်းကို အရူးအမူးနှစ်သက်ကြတဲ့သူတွေရှိသလို၊ မုန်းတီးကြတဲ့သူတွေလည်း အများကြီးရှိကြပါတယ်။ အသင်းစွဲမရှိပဲ ယူနိုက်တက်အသင်းနဲ့ ပတ်သက်မိသွားချိန်မှာ အသင်းကိုပိုမိုစွဲလမ်းသွားခဲ့သူတွေလည်း များစွာရှိခဲ့ကြသလို၊ တေးဗက်၊ ဒီမာရီယာလို မုန်းတီးမှုတွေနဲ့ ထွက်ခွာသွားကြတဲ့ကစားသမားတွေလည်းရှိခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်ပါ။ ဖာဂူဆန်လက်ထက်မှာ အကောင်းဆုံးတည်ဆောက်သွားနိုင်ခဲ့တဲ့ ဥရောပရပ်ဝန်းမှာ တန်ဖိုးအကြီးဆုံးအသင်းကြီးတစ်ခုပါပဲ။ ထောင်နဲချီတဲ့ကစားသမားတွေဝင်ထွက်သွားလာခဲ့ကြတဲ့အရိပ်တစ်ခုမှာ ဝင်ရောက်လာတဲ့သူတွေဟာ ချစ်ခြင်းတွေနဲ့ လမ်းခွဲကြရသလို၊ အမုန်းတွေနဲ့ လမ်းခွဲကြတဲ့သူတွေလည်းရှိနေတာဟာ မဆန်းကြယ်ပါဘူး။

ဒါပေမယ့် မပြည့်စုံတဲ့ ငယ်စဉ်ဘဝ မုန်းဖိုးရစဉ်မှာ ကတည်းက ယူနိုက်တက်အသင်းနဲ့ ပတ်သက်သမျှ ဘဝရဲ့ အစိပ်အပိုင်းတစ်ခုလို ခံစားတတ်တဲ့ သူတစ်ယောက်ကို အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် ခေါ်ယူခဲ့စဉ်မှာတော့ သူဟာ အိပ်မက်တွေကိုထမ်းပိုးရင်း အသင်းဆီကို အရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူရောက်လာချိန်ဟာ သူချစ်တဲ့ အသင်ရဲ့း အထိုင်မကျမှုများစွာရှိနေတဲ့ ပြန်လည်တည်ဆောက်ချိန်ဖြစ်နေပါတယ်။

ကစားသမားတွေနဲ့ သက်တမ်းနု နည်းပြတစ်ယောက်ရဲ့ မြေစမ်းခရမ်းပျိုးချိန်မှာ သူ့ရဲ့ အိပ်မက်တွေဟာ အသင်းမှာ အကောင်းအထည် မပေါ်လာခဲ့ပါဘူး။ တစ်ရွေ့ရွေ့နဲ့ အချိန်တွေဟာ ကုန်ဆုံးလာခဲ့ပြီး သူချစ်တဲ့အသင်းနဲ့ လမ်းခွဲရတော့မယ့်အချိန်ကိုရောက်လာနေပါပြီ။ သေချာတာက သူဟာ ယူနိုက်တက်အသင်းမှာ ကစားသမားမဖြစ်ခဲ့တော့ရင်တောင် အသင်းပေါ်ထားတဲ့အချစ်တွေဟာ လျှော့သွားမယ့်သူမဟုတ်ဘဲ ကမ္ဘာမြေရဲ့ ဘယ်နေရာကိုပဲရောက်နေနေ ဆက်လက်ပြီး အားပေးနေမယ့် အမာခံပရိသတ်တစ်ယောက်အဖြစ်ရှိနေအုံးမှာပါ။

မန်ယူအသင်းကို မနှစ်က ရာသီမှာ အငှားစာချုပ်နဲ့ ရောက်ရှိလာတဲ့ တိုက်စစ်မှူး အီဂါလိုဟာ စာချုပ်သက်တမ်း ပြည့်မြောက်တော့မှာဖြစ်တာကြောင့်သူ့ရဲ့ မိခင်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကို ပြန်သွားတော့မှာပါ။

ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်မဟုတ်တဲ့အတွက် အသင်းကိုရောက်ကာစမှာ ပရိတ်သတ်တွေက သံသယရှိခဲ့ပေမယ့် အီဂါလိုရဲ့ အသင်းအပေါ်ချစ်တဲ့စိတ်နဲ့ သူကိုယ်တိုင်က ငယ်စဉ်ကလေးဘဝထဲကမန်ယူအသင်းရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ကြောင်း ဖွင့်ဟဝန်ခံမှုတွေနဲ့ ကွင်းအတွင်း ပါဝင်ခွင့်ရတဲ့ မိနစ်အနည်းငယ်မှာ ခြေစွမ်းပြနိုင်မှုတွေကြောင့် ပရိတ်သတ်ရဲ့ အချစ်တော် တစ်ယောက်ဖြစ်လာခဲ့သူပါ။

မနှစ်က အသင်းကို ရောက်ကာစ ရာသီမှာ ပွဲထွက်ခွင့် အနည်းငယ်ရရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ပွဲထွက်ခွင့်လုံးဝပျောက်ဆုံးနေခဲ့တဲ့ အီဂါလိုဟာ သူ့ရဲ့ မိခင်ကလပ်အသင်းကို ပြန်မသွားခင် မန်ယူ ပရိတ်သတ်တွေကို ကျေးဇူးတင် နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

” ကျွန်တော် ဒီအသင်းကို ရောက်လာတာဟာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ပြီးကစားဖို့ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပါ။ ဒါကို အသင်းကလူတွေ သိသလို ပရိတ်သတ်တွေလည်း သိကြပါတယ်။ ပရိသတ်တွေက ကျွန်တော်ဟာ ကလေးဘဝကတည်းက မန်ယူအသင်းကို စွဲစွဲလမ်းလမ်း နှစ်ခြိုက်ခဲ့တဲ့ ပရိသတ်တစ်ဦး ဆိုတာလည်း သူတို့သိထားကြပါတယ်။

ကျွန်တော် မန်ယူအသင်းကိုရောက်လာတာက ပွဲ တစ်ပွဲလောက် ကစားဖို့ မဟုတ်သလို အရန်ခုံကနေသက်သက်သာသာထိုင်ကြည့်ပြီး လစာငွေတွေ အခန့်သားထိုင်ယူနေဖို့လည်းမဟုတ်ဘူး။ ကျွန်တော် ငယ်ဘဝကတည်းက အားပေးရတဲ့ အသင်းဖြစ်နေလို့ကို နှလုံးသားနဲ့ရင်းပြီး ကစားပေးဖို့ရောက်လာတာ။

ကျွန်တော့်ရဲ့ ဆန္ဒက အသင်းကိုစပြီးရောက်ရှိလာတဲ့နေ့ကနေစပြီး နောက်ဆုံးထွက်ခွာရမယ့်နေ့အထိ အကောင်းမွန်ဆုံး ပေးဆပ်ကစားသွားဖို့ပဲ ပထမဆုံး အသင်းကို ကျွန်တော် စရောက်တဲ့ နေ့ ကတည်းက သူတို့ ဒါကို သိထားတဲ့အတွက် ကျွန်တော့်အပေါ် အများကြီး အားပေးခဲ့ကြတယ်။

နေ့တိုင်း ပရိသတ်တွေဆီက တူညီတဲ့ message တွေပဲ ကျွန်တော် မြင်ရတယ် ဆိုပေမယ့် အမြတ်တနိုး ထားရသလို ပျော်လည်းပျော်တယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးမှာ ခံစား သိမြင် ကြုံတွေ့ခဲ့ရတဲ့ အနေအထား က ကျွန်တော်အတွက် စိတ်ကြည်နူးမှုတွေဟာ ရူးလောက်စရာပါပဲ။

အမှန်အတိုင်း ပြောရရင် ဒါမျိုး စိတ်ခံစားချက်မျိုးမခံစားခဲ့ဖူးဘူး။ အရန်ခုံမှာ ကျွန်တော်က ထိုင်နေတဲ့အချိန် ကွင်းထဲမှာရှိနေတဲ့ ပရိသတ်အုပ်ကြီးကို ကျွန်တော် ကြည့်နေမိတယ်။ ဒါဟာ မတူတဲ့ အနေအထား level တစ်ခုပါလားလို့ စိတ်ထဲတွေးနေမိခဲ့ပါတယ်။ ငယ်ငယ်က ကျွန်တော် နေတဲ့နေရာက လူတိုင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြည့်ကြတဲ့ နေရာအရပ်ပါ။ ကျွန်တော့်ကအဲ့သည့်နေရာမှာ ကြီးပြင်းလာခဲ့တာပါ။ အဲ့သည့်နေရာမှာ မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် ချယ်ဆီး ဒါမှမဟုတ် အာဆင်နယ် တသင်းသင်းကို လူတွေအားပေးကြပါတယ်။ သူ့ပရိသတ် အုပ်စုနဲ့သူ ဘောလုံးပွဲတွေစု ကြည့်ကြသလို အသင်းစွဲလေးတွေဘာလေးတွေနဲ့ပေါ့ဗျာ။

ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ အကိုက ကျွန်တော့်ကို ဘောလုံးပွဲပြတဲ့ နေရာဆီ ယူနိုက်တက် ပွဲ ကြည့်ဖို့ စပြီး ခေါ်သွားတယ် ဒီလိုနဲ့ပဲ ဒီအသင်းအပေါ် ကျွန်တော့်စိတ်ထဲမှာရင်းနှီးကျွမ်းဝင်သွားတာပေါ့။အပတ်တိုင်း တပတ်ပြီး တပတ် ယူနိုက်တက်ကစားတဲ့ ပွဲ တွေကိုပဲ သွား သွား ကြည့်ခဲ့ပါတယ်။ ချာတိတ်တစ်ယောက်အတွက် အပတ်စဉ်တိုင်း ဘောလုံးပွဲပြတဲ့နေရာမှာ သွားကြည့်နိုင်ဖို့ဆိုတာ မလွယ်ဘူးဗျ။ ခင်ဗျာတို့သိပါတယ် ရုံဝင်ကြေးပေးရမယ့်အချိန်ရောက်ရင် ချွေးပြန်ပြီလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘောလုံးပွဲပြတဲ့နေရာ သွားကြည့်ချင်ရင် မုန့်ဖိုးစုရတယ်။ ကျောင်း မသွားခင် အမေ က နေ့လည်စာ တခုခု စားဖို့ မုန့်ဖို့း ပေးတယ်။

တနင်္လာနေ့က စပြီး ကျွန်တော် မုန့်ဖိုး တွေကို စစုပြီ၊ ယူနိုက်တက် ပွဲ ကြည့်ချင်လို့ပေါ့။ ရတဲ့ မုန့်ဖိုးတွေကို ၂ ပိုင်းခွဲတယ်။ တပိုင်းက နေ့လည် ခုခု စားဖို့ မုန်ဖို့ထဲက တချို့ကိုတော့ စုခဲ့တယ်။ တခါတလေ တော့ နေ့လည်စာဆို ဟုတ်တိပတ်တိ မစားထားတော့ ဗိုက်ဆာနေတာ တွေ ရှိခဲ့တယ်။ မုန့်ဖိုးကို သုံးလိုက်လို့ရပေမယ့် စနေ တနင်္ဂနွေ မှာ ကစားမယ့် ယူနိုက်တက် ပွဲ ကို ကြည့်ဖို့ လွဲတာမျိုး မဖြစ်ချင်ဘူးလေ။

တခြားတယောက်ယောက် က ကိုယ့်ဆီလာပြီး ယူနိုက်တက် က ဘယ်လို ကစားခဲ့တာ ဘယ်လို ဂိုးတွေ သွင်းခဲ့တာမျိုးတွေ လာပြောပြနေတာမျိုး အဖြစ် မခံနိုင်ပါဘူး ကိုယ့်ဟာ ကိုယ်ပဲ ပွဲကို ကြည့်ချင်တယ်။ ဒါက အားပေးတဲ့ စိတ်ဓာတ်ပဲ ဒီတော့ ပိတ်ရက်မှာ ပွဲကြည့်ချင်ရင် မုန့်ဖိုးတွေ စုခဲ့ရတယ်။ ပွဲပြီးပြီ ဆိုရင် ပွဲပြတဲ့နေရာ က နေ အိမ် ရောက်တဲ့အထိ ပြန်တဲ့ လမ်းတလျှောက်လုံး ပွဲအကြောင်းြ ငင်းခုံ ခဲ့ကြတယ်။

တခါတလေ ယူနိုက်တက် ရှုံးရင် ကျွန်တော် ငိုတတ်တယ်။ အိမ်ပြန်တဲ့အခါ လူတွေ ငြင်းခုံနေတာ မြင်ရပြီး ကိုယ့်အသင်းနဲ့ ပတ်သက်လို့ မကောင်းတဲ့အရာတွေ လာပြောလို့ ငိုမိတယ်။ တခါတလေ တော့ မရှုံးစေချင်တဲ့ စိတ်နဲ့ ငိုမိတယ်။ ကျွန်တော် မန်ယူအသင်းကို ဒီလို အရူးအမူး အားပေးခဲ့တာပါ။

ကျွန်တော် အသင်းကို စရောက်တဲ့ရာသီ မန်စီးတီးနဲ့ ကစားတဲ့ ပွဲမှာ ဒုတိယဂိုးရတော့ ကျွန်တော်ပါ စိတ်လှုပ်ရှား တက်ကြွနေခဲ့တယ်။ ကွင်းထဲမှာ ဂိုးသွင်းခဲ့တဲ့သူ တစ်ယောက်လို ခုန်ပေါက်နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် တစ်ဂိုးမှ မသွင်းခဲ့ပါဘူး။ ဒါပေမယ့် ပျော်နေခဲ့တယ်။ ကွင်းတွင်း အနေအထား က ရူးလောက်စရာ မို့ပါပဲ။ ဒီပွဲ က ကျွန်တော့်ရဲ့ အကြီးကျယ်ဆုံးကစားခဲ့ရတဲ့ ပွဲတွေထဲက တပွဲဖြစ်ခဲ့တယ် မန်ချက်စတာမြို့ရဲ့ ဒါဘီ ပွဲကြီးပေါ့။

ပရိသတ်တွေ ကျေနပ်နေကြသလို ပျော်နေတာလည်း မြင်ခဲ့ရတယ် ကျွန်တော့်အတွက် အိုးလ်ထရက်ဖို့်ဒ် နဲ့ ပက်သက်တဲ့ မမေ့နိုင်စရာ အမှတ်တရ ကောင်းတွေထဲက တခုပေါ့ ” လို့ အီဂါလိုက ဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အသင္းကို ႏွလုံးသားနဲ႔ရင္းၿပီး ကစားေပးဖို႔ေရာက္လာခဲ့တဲ့ အီဂါလိုရဲ႕ လမ္းခြဲခ်ိန္ အမွာစကား

ကမၻာေပၚမွာ ယူႏိုက္တက္အသင္းကို အရူးအမူးႏွစ္သက္ၾကတဲ့သူေတြရွိသလို၊ မုန္းတီးၾကတဲ့သူေတြလည္း အမ်ားၾကီးရွိၾကပါတယ္။ အသင္းစြဲမရွိပဲ ယူႏိုက္တက္အသင္းနဲ႔ ပတ္သက္မိသြားခ်ိန္မွာ အသင္းကိုပိုမိုစြဲလမ္းသြားခဲ့သူေတြလည္း မ်ားစြာရွိခဲ့ၾကသလို၊ ေတးဗက္၊ ဒီမာရီယာလို မုန္းတီးမႈေတြနဲ႕ ထြက္ခြာသြားၾကတဲ့ကစားသမားေတြလည္းရွိခဲ့ပါတယ္။ ဒါဟာ ယူႏိုက္တက္ပါ။ ဖာဂူဆန္လက္ထက္မွာ အေကာင္းဆံုးတည္ေဆာက္သြားႏိုင္ခဲ့တဲ့ ဥေရာပရပ္ဝန္းမွာ တန္ဖိုးအၾကီးဆံုးအသင္းၾကီးတစ္ခုပါပဲ။ ေထာင္နဲခ်ီတဲ့ကစားသမားေတြဝင္ထြက္သြားလာခဲ့ၾကတဲ့အရိပ္တစ္ခုမွာ ဝင္ေရာက္လာတဲ့သူေတြဟာ ခ်စ္ျခင္းေတြနဲ႕ လမ္းခြဲၾကရသလို၊ အမုန္းေတြနဲ႕ လမ္းခြဲၾကတဲ့သူေတြလည္းရွိေနတာဟာ မဆန္းၾကယ္ပါဘူး။ ဒါေပမယ့္ မျပည့္စံုတဲ့ ငယ္စဥ္ဘဝ မုန္းဖိုးရစဥ္မွာ ကတည္းက ယူႏိုက္တက္အသင္းနဲ႕ ပတ္သက္သမွ် ဘဝရဲ႕ အစိပ္အပိုင္းတစ္ခုလို ခံစားတတ္တဲ့ သူတစ္ေယာက္ကို အသင္းရဲ႕ ကစားသမားတစ္ေယာက္အျဖစ္ ေခၚယူခဲ့စဥ္မွာေတာ့ သူဟာ အိပ္မက္ေတြကိုထမ္းပိုးရင္း အသင္းဆီကို အေရာက္လာခဲ့ပါတယ္။ ဒါေပမယ့္ သူေရာက္လာခ်ိန္ဟာ သူခ်စ္တဲ့ အသင္ရဲ႕း အထိုင္မက်မႈမ်ားစြာရွိေနတဲ့ ျပန္လည္တည္ေဆာက္ခ်ိန္ျဖစ္ေနပါတယ္။ ကစားသမားေတြနဲ႔ သက္တမ္းႏု နည္းျပတစ္ေယာက္ရဲ႕ ေျမစမ္းခရမ္းပ်ိဳးခ်ိန္မွာ သူ႕ရဲ႕ အိပ္မက္ေတြဟာ အသင္းမွာ အေကာင္းအထည္ မေပၚလာခဲ့ပါဘူး။ တစ္ေရြ႕ေရြ႕နဲ႕ အခ်ိန္ေတြဟာ ကုန္ဆံုးလာခဲ့ၿပီး သူခ်စ္တဲ့အသင္းနဲ႕ လမ္းခြဲရေတာ့မယ့္အခ်ိန္ကိုေရာက္လာေနပါၿပီ။ ေသခ်ာတာက သူဟာ ယူႏိုက္တက္အသင္းမွာ ကစားသမားမျဖစ္ခဲ့ေတာ့ရင္ေတာင္ အသင္းေပၚထားတဲ့အခ်စ္ေတြဟာ ေလွ်ာ့သြားမယ့္သူမဟုတ္ဘဲ ကမၻာေျမရဲ႕ ဘယ္ေနရာကိုပဲေရာက္ေနေန ဆက္လက္ၿပီး အားေပးေနမယ့္ အမာခံပရိသတ္တစ္ေယာက္အျဖစ္ရွိေနအံုးမွာပါ။

မန္ယူအသင္းကို မႏွစ္က ရာသီမွာ အငွားစာခ်ဳပ္နဲ႔ ေရာက္ရွိလာတဲ့ တိုက္စစ္မႉး အီဂါလိုဟာ စာခ်ဳပ္သက္တမ္း ျပည့္ေျမာက္ေတာ့မွာျဖစ္တာေၾကာင့္သူ႕ရဲ႕ မိခင္ကလပ္ ရွန္ဟိုင္းရွင္ဟြာအသင္းကို ျပန္သြားေတာ့မွာပါ။

ကမာၻ႔အဆင့္ ကစားသမားတစ္ေယာက္မဟုတ္တဲ့အတြက္ အသင္းကိုေရာက္ကာစမွာ ပရိတ္သတ္ေတြက သံသယရွိခဲ့ေပမယ့္ အီဂါလိုရဲ႕ အသင္းအေပၚခ်စ္တဲ့စိတ္နဲ႔ သူကိုယ္တိုင္က ငယ္စဥ္ကေလးဘဝထဲကမန္ယူအသင္းရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္ေၾကာင္း ဖြင့္ဟဝန္ခံမႈေတြနဲ႕ ကြင္းအတြင္း ပါဝင္ခြင့္ရတဲ့ မိနစ္အနည္းငယ္မွာ ေျခစြမ္းျပႏိုင္မႈေတြေၾကာင့္ ပရိတ္သတ္ရဲ႕ အခ်စ္ေတာ္ တစ္ေယာက္ျဖစ္လာခဲ့သူပါ။

မႏွစ္က အသင္းကို ေရာက္ကာစ ရာသီမွာ ပြဲထြက္ခြင့္ အနည္းငယ္ရရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ပြဲထြက္ခြင့္လုံးဝေပ်ာက္ဆုံးေနခဲ့တဲ့ အီဂါလိုဟာ သူ႔ရဲ႕ မိခင္ကလပ္အသင္းကို ျပန္မသြားခင္ မန္ယူ ပရိတ္သတ္ေတြကို ေက်းဇူးတင္ ႏႈတ္ဆက္စကားဆိုခဲ့ပါတယ္။

” ကြၽန္ေတာ္ ဒီအသင္းကို ေရာက္လာတာဟာ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ၿပီးကစားဖို႔ ဆိုတဲ့ စိတ္တစ္ခုတည္းနဲ႔ပါ။ ဒါကို အသင္းကလူေတြ သိသလို ပရိတ္သတ္ေတြလည္း သိၾကပါတယ္။ ပရိသတ္ေတြက ကြၽန္ေတာ္ဟာ ကေလးဘဝကတည္းက မန္ယူအသင္းကို စြဲစြဲလမ္းလမ္း ႏွစ္ၿခိဳက္ခဲ့တဲ့ ပရိသတ္တစ္ဦး ဆိုတာလည္း သူတို႔သိထားၾကပါတယ္။

ကြၽန္ေတာ္ မန္ယူအသင္းကိုေရာက္လာတာက ပြဲ တစ္ပြဲေလာက္ ကစားဖို႔ မဟုတ္သလို အရန္ခုံကေနသက္သက္သာသာထိုင္ၾကည့္ၿပီး လစာေငြေတြ အခန႔္သားထိုင္ယူေနဖို႔လည္းမဟုတ္ဘူး။ ကြၽန္ေတာ္ ငယ္ဘဝကတည္းက အားေပးရတဲ့ အသင္းျဖစ္ေနလို႔ကို ႏွလုံးသားနဲ႔ရင္းၿပီး ကစားေပးဖို႔ေရာက္လာတာ။

ကြၽန္ေတာ့္ရဲ႕ ဆႏၵက အသင္းကိုစၿပီးေရာက္ရွိလာတဲ့ေန႔ကေနစၿပီး ေနာက္ဆုံးထြက္ခြာရမယ့္ေန႔အထိ အေကာင္းမြန္ဆုံး ေပးဆပ္ကစားသြားဖို႔ပဲ ပထမဆုံး အသင္းကို ကြၽန္ေတာ္ စေရာက္တဲ့ ေန႔ ကတည္းက သူတို႔ ဒါကို သိထားတဲ့အတြက္ ကြၽန္ေတာ့္အေပၚ အမ်ားႀကီး အားေပးခဲ့ၾကတယ္။

ေန႕တိုင္း ပရိသတ္ေတြဆီက တူညီတဲ့ message ေတြပဲ ကြၽန္ေတာ္ ျမင္ရတယ္ ဆိုေပမယ့္ အျမတ္တႏိုး ထားရသလို ေပ်ာ္လည္းေပ်ာ္တယ္။ အိုးလ္ထရက္ဖို႔ဒ္ကြင္းႀကီးမွာ ခံစား သိျမင္ ႀကဳံေတြ႕ခဲ့ရတဲ့ အေနအထား က ကၽြန္ေတာ္အတြက္ စိတ္ၾကည္ႏူးမႈေတြဟာ ႐ူးေလာက္စရာပါပဲ။

အမွန္အတိုင္း ေျပာရရင္ ဒါမ်ိဳး စိတ္ခံစားခ်က္မ်ိဳးမခံစားခဲ့ဖူးဘူး။ အရန္ခုံမွာ ကြၽန္ေတာ္က ထိုင္ေနတဲ့အခ်ိန္ ကြင္းထဲမွာရွိေနတဲ့ ပရိသတ္အုပ္ႀကီးကို ကြၽန္ေတာ္ ၾကည့္ေနမိတယ္။ ဒါဟာ မတူတဲ့ အေနအထား level တစ္ခုပါလားလို႔ စိတ္ထဲေတြးေနမိခဲ့ပါတယ္။ ငယ္ငယ္က ကြၽန္ေတာ္ ေနတဲ့ေနရာက လူတိုင္းက ပရီးမီးယားလိဂ္ျပိဳင္ပြဲကို ၾကည့္ၾကတဲ့ ေနရာအရပ္ပါ။ ကၽြန္ေတာ့္ကအဲ့သည့္ေနရာမွာ ႀကီးျပင္းလာခဲ့တာပါ။ အဲ့သည့္ေနရာမွာ မန္ခ်က္စတာယူႏိုက္တက္ ဒါမွမဟုတ္ ခ်ယ္ဆီး ဒါမွမဟုတ္ အာဆင္နယ္ တသင္းသင္းကို လူေတြအားေပးၾကပါတယ္။ သူ႔ပရိသတ္ အုပ္စုနဲ႔သူ ေဘာလံုးပြဲေတြစု ၾကည့္ၾကသလို အသင္းစြဲေလးေတြဘာေလးေတြနဲ႔ေပါ့ဗ်ာ။

ကြၽန္ေတာ္ နည္းနည္းအ႐ြယ္ေရာက္လာေတာ့ အကိုက ကြၽန္ေတာ့္ကို ေဘာလုံးပြဲျပတဲ့ ေနရာဆီ ယူႏိုက္တက္ ပြဲ ၾကည့္ဖို႔ စၿပီး ေခၚသြားတယ္ ဒီလိုနဲ႔ပဲ ဒီအသင္းအေပၚ ကြၽန္ေတာ့္စိတ္ထဲမွာရင္းႏွီးကြၽမ္းဝင္သြားတာေပါ့။အပတ္တိုင္း တပတ္ၿပီး တပတ္ ယူႏိုက္တက္ကစားတဲ့ ပြဲ ေတြကိုပဲ သြား သြား ၾကည့္ခဲ့ပါတယ္။ ခ်ာတိတ္တစ္ေယာက္အတြက္ အပတ္စဥ္တိုင္း ေဘာလံုးပြဲျပတဲ့ေနရာမွာ သြားၾကည့္ႏိုင္ဖို႕ဆိုတာ မလြယ္ဘူးဗ်။ ခင္ဗ်ာတို႕သိပါတယ္ ရံုဝင္ေၾကးေပးရမယ့္အခ်ိန္ေရာက္ရင္ ေခၽြးျပန္ၿပီေလ။ ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔ ေဘာလုံးပြဲျပတဲ့ေနရာ သြားၾကည့္ခ်င္ရင္ မုန႔္ဖိုးစုရတယ္။ ေက်ာင္း မသြားခင္ အေမ က ေန႔လည္စာ တခုခု စားဖို႔ မုန႔္ဖို႔း ေပးတယ္။

တနလၤာေန႔က စၿပီး ကြၽန္ေတာ္ မုန႔္ဖိုး ေတြကို စစုၿပီ၊ ယူႏိုက္တက္ ပြဲ ၾကည့္ခ်င္လို႔ေပါ့။ ရတဲ့ မုန႔္ဖိုးေတြကို ၂ ပိုင္းခြဲတယ္။ တပိုင္းက ေန႔လည္ ခုခု စားဖို႔ မုန္ဖို႔ထဲက တခ်ိဳ႕ကိုေတာ့ စုခဲ့တယ္။ တခါတေလ ေတာ့ ေန႔လည္စာဆို ဟုတ္တိပတ္တိ မစားထားေတာ့ ဗိုက္ဆာေနတာ ေတြ ရွိခဲ့တယ္။ မုန႔္ဖိုးကို သုံးလိုက္လို႔ရေပမယ့္ စေန တနဂၤေႏြ မွာ ကစားမယ့္ ယူႏိုက္တက္ ပြဲ ကို ၾကည့္ဖို႔ လြဲတာမ်ိဳး မျဖစ္ခ်င္ဘူးေလ။

တျခားတေယာက္ေယာက္ က ကိုယ့္ဆီလာၿပီး ယူႏိုက္တက္ က ဘယ္လို ကစားခဲ့တာ ဘယ္လို ဂိုးေတြ သြင္းခဲ့တာမ်ိဳးေတြ လာေျပာျပေနတာမ်ိဳး အျဖစ္ မခံႏိုင္ပါဘူး ကိုယ့္ဟာ ကိုယ္ပဲ ပြဲကို ၾကည့္ခ်င္တယ္။ ဒါက အားေပးတဲ့ စိတ္ဓာတ္ပဲ ဒီေတာ့ ပိတ္ရက္မွာ ပြဲၾကည့္ခ်င္ရင္ မုန႔္ဖိုးေတြ စုခဲ့ရတယ္။ ပြဲၿပီးၿပီ ဆိုရင္ ပြဲျပတဲ့ေနရာ က ေန အိမ္ ေရာက္တဲ့အထိ ျပန္တဲ့ လမ္းတေလွ်ာက္လုံး ပြဲအေၾကာင္းျ ငင္းခုံ ခဲ့ၾကတယ္။ တခါတေလ ယူႏိုက္တက္ ရႈံးရင္ ကြၽန္ေတာ္ ငိုတတ္တယ္။ အိမ္ျပန္တဲ့အခါ လူေတြ ျငင္းခုံေနတာ ျမင္ရၿပီး ကိုယ့္အသင္းနဲ႔ ပတ္သက္လို႔ မေကာင္းတဲ့အရာေတြ လာေျပာလို႔ ငိုမိတယ္။ တခါတေလ ေတာ့ မရႈံးေစခ်င္တဲ့ စိတ္နဲ႔ ငိုမိတယ္။ ကြၽန္ေတာ္ မန္ယူအသင္းကို ဒီလို အ႐ူးအမူး အားေပးခဲ့တာပါ။

ကြၽန္ေတာ္ အသင္းကို စေရာက္တဲ့ရာသီ မန္စီးတီးနဲ႔ ကစားတဲ့ ပြဲမွာ ဒုတိယဂိုးရေတာ့ ကြၽန္ေတာ္ပါ စိတ္လႈပ္ရွား တက္ႂကြေနခဲ့တယ္။ ကြင္းထဲမွာ ဂိုးသြင္းခဲ့တဲ့သူ တစ္ေယာက္လို ခုန္ေပါက္ေနခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ တစ္ဂိုးမွ မသြင္းခဲ့ပါဘူး။ ဒါေပမယ့္ ေပ်ာ္ေနခဲ့တယ္။ ကြင္းတြင္း အေနအထား က ႐ူးေလာက္စရာ မို႔ပါပဲ။ ဒီပြဲ က ကြၽန္ေတာ့္ရဲ႕ အႀကီးက်ယ္ဆုံးကစားခဲ့ရတဲ့ ပြဲေတြထဲက တပြဲျဖစ္ခဲ့တယ္ မန္ခ်က္စတာၿမိဳ႕ရဲ႕ ဒါဘီ ပြဲၾကီးေပါ့။ ပရိသတ္ေတြ ေက်နပ္ေနၾကသလို ေပ်ာ္ေနတာလည္း ျမင္ခဲ့ရတယ္ ကြၽန္ေတာ့္အတြက္ အိုးလ္ထရက္ဖို႔္ဒ္ နဲ႔ ပက္သက္တဲ့ မေမ့ႏိုင္စရာ အမွတ္တရ ေကာင္းေတြထဲက တခုေပါ့ ” လို႔ အီဂါလိုက ဆိုပါတယ္။