ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး ပွဲကြိုခန့်မှန်းခဲ့ရာမှာ နှစ်ကြိမ်ဆက် မှန်ကန်ခဲ့တဲ့ ဆြာလွဲက ဒီညကစားကြမယ့်ယူနိုက်တက် နဲ့ ဗီလာအသင်းပွဲကိုလည်း သူ့စိတ်ကြိုက် ခန့်မှန်းပေးလိုက်ပါပြီ …
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပရီမီးယားလိဂ်ရဲ့ (၂၀၂၁) ခုနှစ်အစောဆုံးပွဲစဉ်ကတော့ အဲဗာတန်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ယှဉ်ပြိုင်ကြမယ့်ပွဲစဉ်ဖြစ်ပြီး မြန်မာစံတော်ချိန် ည(၁၂း၀၀)နာရီမှာ ကစားကြမယ့်ပွဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက်က ဒီနှစ် (၂၀၂၁) ခုနှစ်အစောဆုံးပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာ အသင်းနဲ့ပွဲကို ဒီည ( ၂ : ၃၀ )နာရီမှာ အိမ်ကွင်း အိုးထရက်ဖိုဒ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ( ၉ ) ပွဲမှာ ( ၇ ) ပွဲထိ အနိုင်ရခဲ့တဲ့အတွက် အဆင့် ( ၂ ) နေရာကို တက်လှမ်းနိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ထိပ်ဆုံးက လီဗာပူးအသင်းထက် ပွဲစဉ်တစ်ပွဲလျှော့နည်းနေပါတယ်။ တကယ်လို့သာ လက်ကျန်ပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ကစားမယ့်ပွဲမှာသာ ယူနိုက်တက်အသင်းအနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်ဇယားထိပ်က လီဗာပူးနဲ့ ရမှတ်တူအနေအထား ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာကလည်း ဒီရာသီ ရလာဒ်ကောင်းနေပြီး ( ၁၄ ) ပွဲ ကစားထားရာ ရမှတ် ( ၂၆ ) မှတ် ရရှိထားပြီး အဆင့် ( ၅ ) နေရာမှာရပ်တည်နေပါတယ်။
မိုက်ကယ်အိုဝင်က ဆိုးရှားရဲ့ အသင်းက နှစ်သစ်ကူးနေ့မှာ အက်စတွန်ဗီလာအသင်းကို ( ၂-၀ ) ရလာဒ်နဲ့ အနိုင်ရရှိပြီး ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ အိုဝင်က ” ခရစ်စမတ်ကာလဟာ ယူနိုက်တက် ပရိသတ်တွေ အတွက် အမှတ်ရစရာ ဖြစ်ခဲ့တယ်။ ” လို့ BetVictor ကို ပြောကြားခဲ့ပါတယ်။
” ဆိုးရှားရဲ့အသင်းက လက်ရှိ အဆင့် ( ၂ ) နေရာမှာ ရှိနေတယ်။ လက်ကျန်ပွဲစဉ်ကိုသာ အနိုင်ရသွားမယ်ဆိုရင် ဇယားထိပ်ကအသင်းနဲ့ ရမှတ်တူ အနေအထား ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး ( ၉ ) ပွဲမှာ ( ၇ ) ပွဲ အနိုင်ရရှိခဲ့တာက သရဲနီတွေကို အလှည့်အပြောင်း ဖြစ်စေခဲ့တာပေါ့။”
” အက်စတွန်ဗီလာကလည်း ပုံစံကောင်း ပြသထားတဲ့ အသင်းပါ။ နောက်ဆုံး ( ၅ ) ပွဲ ဆက် ရှုံးပွဲမရှိသေးတာ တွေ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ဗီလာရဲ့ တန်ပြန်တိုက်စစ်ဆင်မှု တွေကို သတိထားဖို့ တော့လိုအပ်ပါတယ်။ ”
” ဒါပေမယ့် ဒင်းစမစ်ရဲ့ အသင်းဟာ ကစားသမားတွေကို အပြောင်းအလဲ မလုပ်ပဲဆက်တိုက်ကစားစေခဲ့တာတွေ ကြောင့် ပွဲပန်းမှုတွေရှိလာနိုင်ပါတယ်။ အလှည့်အပြောင်းလုပ်နိုင်တဲ့ ကစားသမား အင်အား မရှိတဲ့အတွက် တော့ ဗီလာအသင်းအနေနဲ့ ပွဲကြပ်ကာလမှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ယူနိုက်တက်ကပဲ အနိုင် ( ၃ ) မှတ် ရရှိသွားမယ်လို့ ထင်ပါတယ်။” လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းပေးသွားခဲ့ပါတယ်။
တစ်ကြိမ်မှန်ကန်ရင် ကံကောင်းလို့၊ ဒုတိယတစ်ကြိမ် မှန်ကန်ရင် တိုက်ဆိုင်လို့၊ တတိယအကြိမ်သာမှန်ခဲ့မယ်ဆိုရင်…. ပရိသတ်ကြီးကော ဒီတစ်ကြိမ်မှာ မိုက်ကယ်အိုဝင်ရဲ့ ပွဲကြိုခန့်မှန်းမှုအပေါ်မှာ ဘယ်လိုထင်မြင်ယူဆပါသလဲ….
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi