ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး (၃)ကြိမ်စလုံး မှန်ကန်နေတဲ့ အိုဝင်ရဲ့ (၄)ကြိမ်မြောက်ခန့်မှန်းချက် ယူနိုက်တက် Vs မန်စီးတီး
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မိုက်ကယ်အိုဝင်က သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးအသင်းကို အနိုင်ရရှိသွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ မန်ချက်စတာ မြို့ခံ အသင်းကြီး ( ၂ ) သင်းအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယခင် နှစ်ကအတိုင်း ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ ထပ်မံတွေ့ဆုံနေပါတယ်။
ပြီးခဲ့တဲ့ နှစ် ၊ ဇန်နဝါရီမှာ မန်စီးတီးအသင်းက ( ၂ ) ကျော့ပေါင်း ( 3-2 ) ရလာဒ်နဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို သုံးနှစ်ဆက်တက် တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီရာသီမှာတော့ ပွဲစဉ်ဇယား ကျပ်တည်းမှုကြောင့် EFL အနေနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို တစ်ကျော့တည်းသာ ကစားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဒီပွဲဟာ နိုင်တဲ့အသင်းနောက်တစ်ဆင့်တက်ခွင့်ရပြီး ရှုံးတဲ့အသင်းအတွက်တော့ ဒီပြိုင်ပွဲခရီးစဉ်ဟာ ပြီးဆုံးသွားမှာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်က ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်အတွင်း သရဲနီတွေက အိုးထရက်ဖို့ဒ် မှာ မန်စီးတီးအသင်းကို ( 2-1 ) ရလာဒ်နဲ့ အနိုင်ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
အိုဝင်ရဲ့ BetVictor မှာ သူ့ရဲ့ခန့်မှန်းချက်က ” မန်ချက်စတာ ( ၂ ) သင်းစလုံးက ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်မီ အကောင်းဆုံးပုံစံမှာ ရှိနေတယ်။
မန်စီးတီးအသင်းက တပတ်ပြီး တပတ် ပိုတည်ငြိမ်မှုရှိလာသလို နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလဲ ချဲလ်ဆီးကို စတန်းဖို့ဘရစ်မှာ ၃ဂိုး – ၁ ဂိုး အနိုင်ရခဲ့တယ်။
ပရီးမီးယားလိဂ် အဆင့် ( ၂ ) နေရာကို ရောက်လာတဲ့ ယူနိုက်တက်အနေနဲ့ နောက်ဆုံး ( ၇ ) ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး ။ ဆိုလ်ရှားရဲ့ အသင်းက ဒီဆုဖလားကို ရရှိဖို့ မျှော်မှန်းလျက်ရှိနေသလို မန်စီးတီးအသင်းရဲ့ ဒီပြိုင်ပွဲအပေါ် ကြီးစိုးနေမှုကို အဆုံးသတ်ဖို့ ရှိနေပါတယ်။
စီးတီးအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ( ၂ ) ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကို အက်စတွန်ဗီလာနဲ့ ပွဲစဉ်ကအတိုင်း အသုံးပြုလာမယ်လို့ခန့်မှန်းထားပါတယ်။
( ၂ ) သင်းစလုံးက ပုံမှန်ခြေစွမ်းပြနေတဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေတယ်။ ဒါပေမယ့် ကျွန်တော့်ကတော့ ယူနိုက်တက်အနေနဲ့ မန်စီးတီးကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi