
မန်ချက်စတာယူနိုက်တက်နာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ
စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို
ဆွတ်ခူးရရှိခဲ့ပြီး (၁၃)နှစ်အကြာမှာ ဒီဆုကို စီရော်နယ်လ်ဒို ပထမဆုံးအကြိမ်
ပြန်လည်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ
ပြီးခဲ့တဲ့နွေရာသီကမှ အသင်းဟောင်းယူနိုက်တက်ဆီတစ်ကျော့ပြန်ရောက်ရှိခဲ့တာဖြစ်ပြီး
လပိုင်းအကြာမှာပဲ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို
ဆွတ်ခူးနိုင်ခဲ့တာပါ။ နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ
ယူနိုက်တက်အသင်းအတွက် စီရော်နယ်လ်ဒို ပထမဆုံးပွဲထွက်ကစားခဲ့ပြီး
(၂)ဂိုးသွင်းယူခဲ့သလို တစ်ပတ်အကြာ ဝက်စ်ဟမ်းအသင်းကို (၂-၁)ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာလည်း စီရော်နယ်လ်ဒိုက အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
စက်တင်ဘာလပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် စီရော်နယ်လ်ဒိုနဲ့အတူ
ကန်ဆယ်လို၊ ရူဒီဂါ၊ စိန့်မက်ဆီမင်၊ ဆာလာတို့အပြိုင်ဖြစ်ခဲ့ပြီး စီရော်နယ်လ်ဒိုက
ပြိုင်ဘက်ကစားသမားတွေကိုကျော်ဖြတ်ပြီးတော့ ဆုရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ပရီးမီးယားလိဂ်တစ်လတာ
အကောင်းဆုံးကစားသမားဆုကို (၄)ကြိမ်အထိရရှိခဲ့ပြီး ဒါက စီရော်နယ်လ်ဒိုအတွက်
(၅)ကြိမ်မြောက်အကောင်းဆုံးဆုဖြစ်သလို ၂၀၀၈၊ မတ်လနောက်ပိုင်း ပရီးမီးယားလိဂ်
တစ်လတာအကောင်းဆုံးဆုကို ပြန်လည်ဆွတ်ခူးခဲ့တာပါ။
စီရော်နယ်လ်ဒိုအနေနဲ့ ဒီဆုကို (၁၃)နှစ်အကြာမှာ ပြန်လည်ရရှိခဲ့တာကြောင့်
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်လတာအကောင်းဆုံးကစားသမားဆုကို
နှစ်အကြာကြီးနေမှ ဆွတ်ခူးနိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါပြီ။
ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံး
ရယူနိုင်ခဲ့တာက မန်စီးတီးနာမည်ကျော်တိုက်စစ်မှူးဟောင်းအဂွဲရိုးဖြစ်ပြီး (၇)ကြိမ်နဲ့
စံချိန်တင်ထားတာကြောင့် စီရော်နယ်လ်ဒိုဟာ အဲဒီအရေအတွက်ကို အမီလိုက်နိုင်ဖို့
နောက်ထပ်(၂)ကြိမ်သာလိုပါတော့တယ်။ ဆုရရှိပြီးတဲ့နောက် စီရော်နယ်လ်ဒိုက
Followers (၉၅)သန်းအထိရှိတဲ့ သူ့ Twitter မှာ “ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း
ကစားသမားတွေကိုကျော်ဖြတ်ပြီးတော့ အခုလိုအကောင်းဆုံးဆုရရှိခဲ့တဲ့အတွက်
ဂုဏ်ယူမိပါတယ်။ ယူနိုက်တက်အသင်းဖော်တွေကိုလည်း ကျေးဇူးတင်မိပြီး
သူတို့ရဲ့ကူညီမှုသာမရှိရင် ဒီဆုကို ကျွန်တော်ရရှိနိုင်မှာမဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာကို
ဆက်လက်ကြိုးစားလုပ်ဆောင်သွားရမှာဖြစ်ပြီး ရလဒ်ကောင်းတွေ မကြာခင်
ရယူနိုင်တော့မှာပါ”လို့ ရေးသားခဲ့ပါတယ်။
zawgyi
ယူႏိုက္တက္အသင္းေဖာ္ေတြကိုလည္း ေက်းဇူးတင္မိၿပီး သူတို႔ရဲ႕ကူညီမႈသာမရွိရင္ ဒီဆုကို ကြၽန္ေတာ္ရရွိႏိုင္မွာမဟုတ္ပါဘူး -စီေရာ္နယ္ဒို
မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ
စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို
ဆြတ္ခူးရရွိခဲ့ၿပီး (၁၃)ႏွစ္အၾကာမွာ ဒီဆုကို စီေရာ္နယ္လ္ဒို ပထမဆုံးအႀကိမ္
ျပန္လည္ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ
ၿပီးခဲ့တဲ့ေႏြရာသီကမွ အသင္းေဟာင္းယူႏိုက္တက္ဆီတစ္ေက်ာ့ျပန္ေရာက္ရွိခဲ့တာျဖစ္ၿပီး
လပိုင္းအၾကာမွာပဲ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို
ဆြတ္ခူးႏိုင္ခဲ့တာပါ။ နယူးကာဆယ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ
ယူႏိုက္တက္အသင္းအတြက္ စီေရာ္နယ္လ္ဒို ပထမဆုံးပြဲထြက္ကစားခဲ့ၿပီး
(၂)ဂိုးသြင္းယူခဲ့သလို တစ္ပတ္အၾကာ ဝက္စ္ဟမ္းအသင္းကို (၂-၁)ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာလည္း စီေရာ္နယ္လ္ဒိုက အသင္းအတြက္ တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
စက္တင္ဘာလပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုအတြက္ စီေရာ္နယ္လ္ဒိုနဲ႔အတူ
ကန္ဆယ္လို၊ ႐ူဒီဂါ၊ စိန႔္မက္ဆီမင္၊ ဆာလာတို႔အၿပိဳင္ျဖစ္ခဲ့ၿပီး စီေရာ္နယ္လ္ဒိုက
ၿပိဳင္ဘက္ကစားသမားေတြကိုေက်ာ္ျဖတ္ၿပီးေတာ့ ဆုရရွိခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ပရီးမီးယားလိဂ္တစ္လတာ
အေကာင္းဆုံးကစားသမားဆုကို (၄)ႀကိမ္အထိရရွိခဲ့ၿပီး ဒါက စီေရာ္နယ္လ္ဒိုအတြက္
(၅)ႀကိမ္ေျမာက္အေကာင္းဆုံးဆုျဖစ္သလို ၂၀၀၈၊ မတ္လေနာက္ပိုင္း ပရီးမီးယားလိဂ္
တစ္လတာအေကာင္းဆုံးဆုကို ျပန္လည္ဆြတ္ခူးခဲ့တာပါ။
စီေရာ္နယ္လ္ဒိုအေနနဲ႔ ဒီဆုကို (၁၃)ႏွစ္အၾကာမွာ ျပန္လည္ရရွိခဲ့တာေၾကာင့္
ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို
ႏွစ္အၾကာႀကီးေနမွ ဆြတ္ခူးႏိုင္ခဲ့တဲ့ပထမဆုံးကစားသမားအျဖစ္ပါ စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။
ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးကစားသမားဆုကို အႀကိမ္အမ်ားဆုံး
ရယူႏိုင္ခဲ့တာက မန္စီးတီးနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းအဂြဲ႐ိုးျဖစ္ၿပီး (၇)ႀကိမ္နဲ႔
စံခ်ိန္တင္ထားတာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ အဲဒီအေရအတြက္ကို အမီလိုက္ႏိုင္ဖို႔
ေနာက္ထပ္(၂)ႀကိမ္သာလိုပါေတာ့တယ္။ ဆုရရွိၿပီးတဲ့ေနာက္ စီေရာ္နယ္လ္ဒိုက
Followers (၉၅)သန္းအထိရွိတဲ့ သူ႔ Twitter မွာ “ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း
ကစားသမားေတြကိုေက်ာ္ျဖတ္ၿပီးေတာ့ အခုလိုအေကာင္းဆုံးဆုရရွိခဲ့တဲ့အတြက္
ဂုဏ္ယူမိပါတယ္။ ယူႏိုက္တက္အသင္းေဖာ္ေတြကိုလည္း ေက်းဇူးတင္မိၿပီး
သူတို႔ရဲ႕ကူညီမႈသာမရွိရင္ ဒီဆုကို ကြၽန္ေတာ္ရရွိႏိုင္မွာမဟုတ္ပါဘူး။ ကိုယ္လုပ္စရာရွိတာကို
ဆက္လက္ႀကိဳးစားလုပ္ေဆာင္သြားရမွာျဖစ္ၿပီး ရလဒ္ေကာင္းေတြ မၾကာခင္
ရယူႏိုင္ေတာ့မွာပါ”လို႔ ေရးသားခဲ့ပါတယ္။