ယူနိုက်တက်အသင်းသားဖြစ်လာရင် တစ်ပတ်ပေါင် ၃သိန်းခွဲအထိ ရမယ့် ဆန်ချို

ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုဟာ တကယ်လို့ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့လာရင် ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းလုပ်ခလစာရသူတစ်ဦးဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့ကြေးညှိမရလို့ နောက်ဆုတ်ခဲ့ရပြီးနောက် ယခုနွေရာသီမှာ ဆန်ချိုကို ခေါ်ယူဖို့ ထပ်မံကြိုးစားနေပါတယ်။

အင်္ဂါနေ့က ဆန်ချိုအတွက် ပေါင် ၆၇သန်းနဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ဒေါ့မွန်က ပယ်ချခဲ့ပြီး ပေါင်သန်း ၈၀အလိုရှိနေပါတယ်။
ဒီလိုငြင်းဆန်ခံခဲ့ရပေမယ့် ယူနိုက်တက်ဟာ ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


ဂါးဒီးယန်းသတင်းစာရဲ့ဖော်ပြချက်အရ အသက် ၂၁နှစ်အရွယ်ရှိ ဆန်ချိုဟာ ယူနိုက်တက်နဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖို့ သဘေတူညီခဲ့ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ အထိရရှိမယ်လို့ သိရပါတယ်။

ဒီအတိုင်းဆိုရင် အင်္ဂလန်လက်ရွေးစင် ဆန်ချိုဟာ ယူနိုက်တက်မှာ ဂိုးသမားဒီဂီယာပြီးရင် ဒုတိယလစာအများဆုံးရသူဖြစ်လာမှာဖြစ်ပြီး ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေပါတယ်။


ပြီးတော့ ဆန်ချိုဟာ ဒီဂီယာ၊ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်း(ပေါင် ၃၅၀၀၀၀)၊ မန်စီးတီးတိုက်စစ်မှူး စတာလင်း(ပေါင် ၃၀၀၀၀၀)၊ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်း(ပေါင် ၃၀၀၀၀၀)တို့နဲ့အတူ ပရီးမီးယားလိဂ်ရဲ့လစာအများဆုံးရ ၅ဦးစာရင်းထဲ ဝင်နိုင်မှာဖြစ်ပါတယ်။


Goal သတင်းဌာနရဲ့ဖော်ပြချက်အရ ဆန်ချိုဟာ ဒေါ့မွန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ ရရှိနေတယ်လို့ သိရရာ တကယ်လို့ ဒီနွေမှာသာ အင်္ဂလန်ကို ပြန်လာရင် လစာအများကြီးတိုးသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ အပြောင်းအရွှေ့ဖြစ်ရေးအတွက် ယူနိုက်တက်ဟာ ဒေါ့မွန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းရမှာဖြစ်ပါတယ်။

ဒေါ့မွန်က ပြောင်းရွှေ့ကြေးအဖြစ် ဘောနပ်စ်မပါ ပေါင်သန်း ၈၀အလိုရှိနေပြီး ၄နှစ်အတွင်း အပြီးလိုချင်ချိန်မှာ ယူနိုက်တက်ကတော့ ပြောင်းရွှေ့ကြေးကို ၅နှစ်ခွဲပေးလိုနေပါတယ်။

Zawgyi

ယူႏိုက္တက္အသင္းသားျဖစ္လာရင္ တစ္ပတ္ေပါင္ ၃သိန္းခြဲအထိ ရမယ့္ ဆန္ခ်ိဳ
ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ တကယ္လို႔ ယူႏိုက္တက္ကိုသာ ေျပာင္းေရႊ႕လာရင္ ပရီးမီးယားလိဂ္ရဲ႕ထိပ္တန္းလုပ္ခလစာရသူတစ္ဦးျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေျပာင္းေရႊ႕ေၾကးညႇိမရလို႔ ေနာက္ဆုတ္ခဲ့ရၿပီးေနာက္ ယခုေႏြရာသီမွာ ဆန္ခ်ိဳကို ေခၚယူဖို႔ ထပ္မံႀကိဳးစားေနပါတယ္။
အဂၤါေန႔က ဆန္ခ်ိဳအတြက္ ေပါင္ ၆၇သန္းနဲ႔ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို ေဒါ့မြန္က ပယ္ခ်ခဲ့ၿပီး ေပါင္သန္း ၈၀အလိုရွိေနပါတယ္။
ဒီလိုျငင္းဆန္ခံခဲ့ရေပမယ့္ ယူႏိုက္တက္ဟာ ဆန္ခ်ိဳနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဂါးဒီးယန္းသတင္းစာရဲ႕ေဖာ္ျပခ်က္အရ အသက္ ၂၁ႏွစ္အရြယ္ရွိ ဆန္ခ်ိဳဟာ ယူႏိုက္တက္နဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘတူညီခဲ့ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၃၅၀၀၀၀ အထိရရွိမယ္လို႔ သိရပါတယ္။
ဒီအတိုင္းဆိုရင္ အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳဟာ ယူႏိုက္တက္မွာ ဂိုးသမားဒီဂီယာၿပီးရင္ ဒုတိယလစာအမ်ားဆုံးရသူျဖစ္လာမွာျဖစ္ၿပီး ဒီဂီယာက တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ ရရွိေနပါတယ္။
ၿပီးေတာ့ ဆန္ခ်ိဳဟာ ဒီဂီယာ၊ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္း(ေပါင္ ၃၅၀၀၀၀)၊ မန္စီးတီးတိုက္စစ္မွဴး စတာလင္း(ေပါင္ ၃၀၀၀၀၀)၊ မန္စီးတီးၾကယ္ပြင့္ ဒီဘ႐ိုင္း(ေပါင္ ၃၀၀၀၀၀)တို႔နဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕လစာအမ်ားဆုံးရ ၅ဦးစာရင္းထဲ ၀င္ႏိုင္မွာျဖစ္ပါတယ္။
Goal သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဆန္ခ်ိဳဟာ ေဒါ့မြန္မွာ တစ္ပတ္လုပ္ခ ေပါင္ ၁၉၀၀၀၀ ရရွိေနတယ္လို႔ သိရရာ တကယ္လို႔ ဒီေႏြမွာသာ အဂၤလန္ကို ျပန္လာရင္ လစာအမ်ားႀကီးတိုးသြားမွာျဖစ္ပါတယ္။
ဒါေပမဲ့ အေျပာင္းအေရႊ႕ျဖစ္ေရးအတြက္ ယူႏိုက္တက္ဟာ ေဒါ့မြန္နဲ႔ ေျပာင္းေရႊ႕ေၾကး ညႇိႏိႈင္းရမွာျဖစ္ပါတယ္။

ေဒါ့မြန္က ေျပာင္းေရႊ႕ေၾကးအျဖစ္ ေဘာနပ္စ္မပါ ေပါင္သန္း ၈၀အလိုရွိေနၿပီး ၄ႏွစ္အတြင္း အၿပီးလိုခ်င္ခ်ိန္မွာ ယူႏိုက္တက္ကေတာ့ ေျပာင္းေရႊ႕ေၾကးကို ၅ႏွစ္ခြဲေပးလိုေနပါတယ္။