ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို အနိုင်ယူနိုင်စွမ်းရှိနေဆဲဖြစ်တယ်လို့ ပေါလ်စခိုးလ် ဆို

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူပေါလ်စခိုးလ်က မန်ချက်စတာ

ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို အနိုင်ယူနိုင်စွမ်းရှိနေဆဲဖြစ်တယ်လို့

ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို(၂-ဝ)ဂိုးနဲ့

ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့သလို (၁)ပွဲသရေ၊

(၄)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်(၁၁)အပြီးမှာ ထိပ်ဆုံးကချယ်လ်ဆီးနဲ့

(၉)မှတ်အထိကွာဟနေပေမယ့် ပေါလ်စခိုးလ်ကတော့ ချယ်လ်ဆီးကို

ယူနိုက်တက်အသင်းအနိုင်ရယူနိုင်စွမ်းရှိနေဆဲဖြစ်တယ်လို့ အံ့အားသင့်စရာ

ကောင်းအောင်ဆိုခဲ့တာဖြစ်ပါတယ်။

DAZN ရုပ်သံနဲ့အင်တာဗျူးမှာ ပေါလ်စခိုးလ်က“ယူနိုက်တက်အသင်းဟာ

ချယ်လ်ဆီးနဲ့အဆင့်ချင်းအရမ်းကွာဟသွားပြီလို့

ကျွန်တော်မထင်ပါဘူး။ ချယ်လ်ဆီးလိုအသင်းမျိုးကို အနိုင်ကစားနိုင်စွမ်းရှိတယ်လို့

ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့အသင်းဟာ အသင်းကြီးတွေနဲ့

ရင်ဆိုင်ရတဲ့ပွဲတွေမှာ ရုန်းကန်ရလေ့ရှိပေမယ့် ရှေ့ဆက်သွားနိုင်ဖို့လိုအပ်ပါတယ်။

ပြိုင်ဘက်တိုင်းကို အနိုင်ယူပြီးတော့ ကစားသမားတွေအနေနဲပ ယူနိုက်တက်

အသင်းဟာ တစ်ချိန်ကလို ထိပ်တန်းအဆင့်ပြန်ရောက်ရမယ်ဆိုတဲ့

ယုံကြည်မှုရှိရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္အသင္းဟာ ခ်ယ္လ္ဆီးအသင္းကို အႏိုင္ယူႏိုင္စြမ္းရွိေနဆဲျဖစ္တယ္လို႔ ေပါလ္စခိုးလ္ ဆို

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကြင္းလယ္လူေပါလ္စခိုးလ္က မန္ခ်က္စတာ

ယူႏိုက္တက္အသင္းဟာ ခ်ယ္လ္ဆီးအသင္းကို အႏိုင္ယူႏိုင္စြမ္းရွိေနဆဲျဖစ္တယ္လို႔

ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ မန္စီးတီးအသင္းကို(၂-ဝ)ဂိုးနဲ႔

ရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး(၆)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့သလို (၁)ပြဲသေရ၊

(၄)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ ပြဲစဥ္(၁၁)အၿပီးမွာ ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔

(၉)မွတ္အထိကြာဟေနေပမယ့္ ေပါလ္စခိုးလ္ကေတာ့ ခ်ယ္လ္ဆီးကို

ယူႏိုက္တက္အသင္းအႏိုင္ရယူႏိုင္စြမ္းရွိေနဆဲျဖစ္တယ္လို႔ အံ့အားသင့္စရာ

ေကာင္းေအာင္ဆိုခဲ့တာျဖစ္ပါတယ္။ DAZN ႐ုပ္သံနဲ႔အင္တာဗ်ဴးမွာ ေပါလ္စခိုးလ္က

“ယူႏိုက္တက္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔အဆင့္ခ်င္းအရမ္းကြာဟသြားၿပီလို႔

ကြၽန္ေတာ္မထင္ပါဘူး။ ခ်ယ္လ္ဆီးလိုအသင္းမ်ိဳးကို အႏိုင္ကစားႏိုင္စြမ္းရွိတယ္လို႔

ကြၽန္ေတာ္ယူဆပါတယ္။ ကြၽန္ေတာ္တို႔အသင္းဟာ အသင္းႀကီးေတြနဲ႔

ရင္ဆိုင္ရတဲ့ပြဲေတြမွာ ႐ုန္းကန္ရေလ့ရွိေပမယ့္ ေရွ႕ဆက္သြားႏိုင္ဖို႔လိုအပ္ပါတယ္။

ၿပိဳင္ဘက္တိုင္းကို အႏိုင္ယူၿပီးေတာ့ ကစားသမားေတြအေနနဲပ ယူႏိုက္တက္

အသင္းဟာ တစ္ခ်ိန္ကလို ထိပ္တန္းအဆင့္ျပန္ေရာက္ရမယ္ဆိုတဲ့

ယုံၾကည္မႈရွိရမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။