ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ဝယ်ဖို့ စဉ်းစားနေ

မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ လာမယ့်ဇန်နဝါရီ

အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူမယ့်အစီအစဉ်အပေါ်

ပြန်လည်စဉ်းစားသွားမှာဖြစ်ပြီး ငွေကြေးသုံးစွဲမယ့်အနေအထားမရှိဘူးလို့

ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့်

နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ကမသေမချာဖြစ်နေပြီး

နိုင်ငံတကာပွဲတွေအပြီး ပြန်စမယ့်ပွဲတွေမှာ ရလဒ်မကောင်းခဲ့ရင် သူ့ရာထူးကို

စွန့်လွှတ်ရဖို့ရှိနေပါပြီ။ အခုလောလောဆယ် ဆိုးလ်ရှားရဲ့နေရာမှာအစားဝင်ဖို့

လက်စတာအသင်းနည်းပြဘရန်ဒန်ရော်ဂျာက ရေပန်းစားနေသလို ရီးယဲလ်

နည်းပြဟောင်းဇီဒန်းနဲ့လည်း သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆန်ချို၊ စီရော်နယ်လ်ဒို၊

ဗာရန်းစတဲ့ကစားသမားတွေအတွက် ပေါင်(၁၂၆)သန်းအထိသုံးစွဲခေါ်ယူခဲ့ပြီး

လက်ရှိအသင်းရဲ့ရလဒ်ဆိုးတွေက,ကစားသမားအင်အားနဲ့မဆိုင်တဲ့အတွက်

ဇန်နဝါရီမှာ ကစားသမားသစ်ထပ်ခေါ်စရာမလိုဘူးလို့ ယူနိုက်တက်တာဝန်

ရှိသူတွေက ယူဆနေကြပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြဘဝ

(၃)နှစ်တာကာလအတွင်း အပြောင်းအရွှေ့အတွက် ပေါင်သန်း(၄၀၀)ကျော်အထိ

အသုံးပြုခဲ့ပေမယ့် အခုအချိန်အထိ ဆုဖလားအောင်မြင်မှုမရယူနိုင်သေးပါဘူး။

zawgyi

ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ကစားသမားသစ္ဝယ္ဖို႔ စဥ္းစားေန

မန္ခ်က္စတာယူႏိုက္တက္အသင္းတာဝန္ရွိသူေတြဟာ လာမယ့္ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ကစားသမားသစ္ေခၚယူမယ့္အစီအစဥ္အေပၚ

ျပန္လည္စဥ္းစားသြားမွာျဖစ္ၿပီး ေငြေၾကးသုံးစြဲမယ့္အေနအထားမရွိဘူးလို႔

ၿဗိတိန္သတင္းစာ The Mirror က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕

ရလဒ္ဆိုးေတြေၾကာင့္ နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္ကမေသမခ်ာျဖစ္ေနၿပီး

ႏိုင္ငံတကာပြဲေတြအၿပီး ျပန္စမယ့္ပြဲေတြမွာ ရလဒ္မေကာင္းခဲ့ရင္ သူ႔ရာထူးကို

စြန႔္လႊတ္ရဖို႔ရွိေနပါၿပီ။ အခုေလာေလာဆယ္ ဆိုးလ္ရွားရဲ႕ေနရာမွာအစားဝင္ဖို႔

လက္စတာအသင္းနည္းျပဘရန္ဒန္ေရာ္ဂ်ာက ေရပန္းစားေနသလို ရီးယဲလ္

နည္းျပေဟာင္းဇီဒန္းနဲ႔လည္း သတင္းထြက္ေပၚေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဆန္ခ်ိဳ၊ စီေရာ္နယ္လ္ဒို၊

ဗာရန္းစတဲ့ကစားသမားေတြအတြက္ ေပါင္(၁၂၆)သန္းအထိသုံးစြဲေခၚယူခဲ့ၿပီး

လက္ရွိအသင္းရဲ႕ရလဒ္ဆိုးေတြက,ကစားသမားအင္အားနဲ႔မဆိုင္တဲ့အတြက္

ဇန္နဝါရီမွာ ကစားသမားသစ္ထပ္ေခၚစရာမလိုဘူးလို႔ ယူႏိုက္တက္တာဝန္

ရွိသူေတြက ယူဆေနၾကပါတယ္။ ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပဘဝ

(၃)ႏွစ္တာကာလအတြင္း အေျပာင္းအေ႐ႊ႕အတြက္ ေပါင္သန္း(၄၀၀)ေက်ာ္အထိ

အသုံးျပဳခဲ့ေပမယ့္ အခုအခ်ိန္အထိ ဆုဖလားေအာင္ျမင္မႈမရယူႏိုင္ေသးပါဘူး။