ယူနိုက်တက်အသင်းဟာ ဒါလော့တ်နေရာမှာ အစားထိုးနိုင်မယ့်သူရရင် ရိုးမားအသင်းဆီအငှားချဖို့ စီစဉ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရိုးမားအသင်းက အငှားနဲ့ခေါ်ယူဖို့

ပစ်မှတ်ထားနေတဲ့ သူတို့နောက်ခံလူဒါလော့တ်ကို အငှားချဖို့ရှိနေပေမယ့်

ဒါလော့တ်နေရာမှာအစားထိုးမယ့်ကစားသမားရမှသာ သူ့ကို လက်လွှတ်သွားဖို့

ရှိနေပါတယ်။ ရိုးမားအသင်းနည်းပြမော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို

နည်းပြအဖြစ်ဆောင်ရွက်ခဲ့တုန်းက ပေါ်တိုအသင်းဆီကနေခေါ်ယူခဲ့တဲ့

တပည့်ဟောင်းဒါလော့တ်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင်

အငှားနဲ့ခေါ်ဖို့ပြင်ဆင်နေပြီး ယူနိုက်တက်အသင်းကလည်း လက်ခံသွားဖို့ရှိနေတာပါ။

Sky Italia သတင်းဌာနက ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့

ဒီမာဇီယိုက ယူနိုက်တက်အသင်းဟာ ဇန်နဝါရီကျရင် အက်သလက်တီကို

နောက်ခံလူထရစ်ပီယာကိုခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး တကယ်လို့အောင်မြင်

ခဲ့တယ်ဆိုရင်တော့ ရိုးမားအသင်းနည်းပြမော်ရင်ဟိုအနေနဲ့ ဒါလော့တ်ကို

ခေါ်ယူနိုင်မှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာထရစ်ပီယာကိုခေါ်ယူဖို့

ပြီးခဲ့တဲ့နွေရာသီကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး

ပြောင်းရွှေ့ကြေးညှိနှိုင်းမရလို့ အဆင်မပြေဖြစ်ခဲ့တာပါ။ တကယ်လို့ ထရစ်ပီယာသာ

ရောက်လာရင် ဒါလော့တ်အနေနဲ့ ပွဲထွက်ခွင့်ရဖို့မျှော်လင့်ချက်မရှိတော့ဘဲ

သူကိုယ်တိုင်ကလည်း ပွဲထွက်ခွင့်ရဖို့အတွက် အသင်းပြောင်းဖို့

ဆန္ဒရှိနေတာဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္အသင္းဟာ ဒါေလာ့တ္ေနရာမွာ အစားထိုးႏိုင္မယ့္သူရရင္ ႐ိုးမားအသင္းဆီအငွားခ်ဖို႔ စီစဥ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ႐ိုးမားအသင္းက အငွားနဲ႔ေခၚယူဖို႔

ပစ္မွတ္ထားေနတဲ့ သူတို႔ေနာက္ခံလူဒါေလာ့တ္ကို အငွားခ်ဖို႔ရွိေနေပမယ့္

ဒါေလာ့တ္ေနရာမွာအစားထိုးမယ့္ကစားသမားရမွသာ သူ႔ကို လက္လႊတ္သြားဖို႔

ရွိေနပါတယ္။ ႐ိုးမားအသင္းနည္းျပေမာ္ရင္ဟိုဟာ ယူႏိုက္တက္အသင္းကို

နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့တုန္းက ေပၚတိုအသင္းဆီကေနေခၚယူခဲ့တဲ့

တပည့္ေဟာင္းဒါေလာ့တ္ကို လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္

အငွားနဲ႔ေခၚဖို႔ျပင္ဆင္ေနၿပီး ယူႏိုက္တက္အသင္းကလည္း လက္ခံသြားဖို႔

ရွိေနတာပါ။ Sky Italia သတင္းဌာနက ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့

ဒီမာဇီယိုက ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီက်ရင္ အက္သလက္တီကို

ေနာက္ခံလူထရစ္ပီယာကိုေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး တကယ္လို႔ေအာင္ျမင္

ခဲ့တယ္ဆိုရင္ေတာ့ ႐ိုးမားအသင္းနည္းျပေမာ္ရင္ဟိုအေနနဲ႔ ဒါေလာ့တ္ကို

ေခၚယူႏိုင္မွာျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ထရစ္ပီယာကိုေခၚယူဖို႔ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး

ေျပာင္းေ႐ႊ႕ေၾကးညႇိႏႈိင္းမရလို႔ အဆင္မေျပျဖစ္ခဲ့တာပါ။ တကယ္လို႔ ထရစ္ပီယာသာ

ေရာက္လာရင္ ဒါေလာ့တ္အေနနဲ႔ ပြဲထြက္ခြင့္ရဖို႔ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘဲ

သူကိုယ္တိုင္ကလည္း ပြဲထြက္ခြင့္ရဖို႔အတြက္ အသင္းေျပာင္းဖို႔

ဆႏၵရွိေနတာျဖစ္ပါတယ္။