ယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘရိုဇိုဗစ်ကို ကမ်းလှမ်းမှုပြုလုပ်သွားဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းနဲ့စာချုပ်သက်တမ်း

ကုန်ဆုံးတော့မယ့် ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်လူဘရိုဇိုဗစ်ကို

ကမ်းလှမ်းမှုပြုလုပ်သွားဖို့ရှိနေပါပြီ။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့

ဘရိုဇိုဗစ်ဟာ အင်တာမီလန်အသင်းနဲ့ လာမယ့်နှစ်၊ နွေရာသီကျရင်စာချုပ်

သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် နှစ်ဦးနှစ်ဖက်

ဆွေးနွေးမှုတွေလုပ်နေပေမယ့် အဆင်မပြေသေးပါဘူး။

ဘရိုဇိုဗစ်က (၁)နှစ်လစာပေါင်(၅)သန်းအထိတိုးမြှင့်ပေးဖို့

တောင်းဆိုထားပေမယ့် အင်တာမီလန်အသင်းက

ပေါင်(၄.၂)သန်းသာပေးချေလိုနေတာကြောင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုက

ကြန့်ကြာနေတာဖြစ်ပါတယ်။ တကယ်လို့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စအတွက်

သဘောတူညီမှုမရခဲ့ရင်တော့ ဘရိုဇိုဗစ်ဟာ လာမယ့်နှစ်ကျရင် အလွတ်နဲ့

အသင်းပြောင်းရွှေ့ခွင့်ရှိမှာဖြစ်ပြီး သူ့အေးဂျင့်ကလည်း ကလပ်အသင်းသစ်တစ်သင်း

စတင်ရှာဖွေနေတဲ့အပြင် သူ့ကစားသမားအပြောင်းအရွှေ့အတွက် PSG ၊

ယူနိုက်တက်အပါအဝင် ဥရောပထိပ်သီးကလပ်အသင်းတချို့နဲ့ဆက်သွယ်နေတယ်လို့

Sport Witness က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းကလည်း ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး

ခေါ်ယူလိုနေတာကြောင့် ဘရိုဇိုဗစ်ကို အလွတ်နဲ့

ခေါ်ယူနိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခံလောက်မှာမဟုတ်ပါဘူး။

Zawgyi

ယူႏိုက္တက္အသင္းဟာ အင္တာမီလန္အသင္းနဲ႔စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ဘ႐ိုဇိုဗစ္ကို ကမ္းလွမ္းမႈျပဳလုပ္သြားဖို႔ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အင္တာမီလန္အသင္းနဲ႔စာခ်ဳပ္သက္တမ္း

ကုန္ဆုံးေတာ့မယ့္ ခ႐ိုေအးရွားလက္ေ႐ြးစင္ကြင္းလယ္လူဘ႐ိုဇိုဗစ္ကို

ကမ္းလွမ္းမႈျပဳလုပ္သြားဖို႔ရွိေနပါၿပီ။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့

ဘ႐ိုဇိုဗစ္ဟာ အင္တာမီလန္အသင္းနဲ႔ လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္စာခ်ဳပ္

သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ႏွစ္ဦးႏွစ္ဖက္

ေဆြးေႏြးမႈေတြလုပ္ေနေပမယ့္ အဆင္မေျပေသးပါဘူး။ ဘ႐ိုဇိုဗစ္က (၁)ႏွစ္လစာ

ေပါင္(၅)သန္းအထိတိုးျမႇင့္ေပးဖို႔ေတာင္းဆိုထားေပမယ့္ အင္တာမီလန္အသင္းက

ေပါင္(၄.၂)သန္းသာေပးေခ်လိုေနတာေၾကာင့္ စာခ်ဳပ္သစ္ကိစၥေဆြးေႏြးမႈက

ၾကန႔္ၾကာေနတာျဖစ္ပါတယ္။ တကယ္လို႔ စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥအတြက္

သေဘာတူညီမႈမရခဲ့ရင္ေတာ့ ဘ႐ိုဇိုဗစ္ဟာ လာမယ့္ႏွစ္က်ရင္ အလြတ္နဲ႔

အသင္းေျပာင္းေ႐ႊ႕ခြင့္ရွိမွာျဖစ္ၿပီး သူ႔ေအးဂ်င့္ကလည္း ကလပ္အသင္းသစ္တစ္သင္း

စတင္ရွာေဖြေနတဲ့အျပင္ သူ႔ကစားသမားအေျပာင္းအေ႐ႊ႕အတြက္ PSG ၊

ယူႏိုက္တက္အပါအဝင္ ဥေရာပထိပ္သီးကလပ္အသင္းတခ်ိဳ႕နဲ႔ဆက္သြယ္ေနတယ္လို႔

Sport Witness က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းကလည္း ကြင္းလယ္

ခံစစ္ကစားသမားတစ္ဦးေခၚယူလိုေနတာေၾကာင့္ ဘ႐ိုဇိုဗစ္ကို အလြတ္နဲ႔

ေခၚယူႏိုင္မယ့္အခြင့္အေရးကို လက္လႊတ္ခံေလာက္မွာမဟုတ္ပါဘူး။