ယူနိုက်တက်အသင်းအတွက် ကာဗာနီရဲ့ စွမ်းဆောင်ရည်မှတ်တမ်းအချက်အလက်များ

၂၀၂၀၊ အောက်တိုဘာလတုန်းက PSG နဲ့ လမ်းခွဲပြီးအသင်းလက်မဲ့ဖြစ်နေတဲ့ အသက်(၃၃)နှစ်အရွယ်တိုက်စစ်မှူးကြီး ကာဗာနီကို မန်ချက်စတာယူနိုက်တက်အသင်းက

မထင်မှတ်ဘဲခေါ်ယူလိုက်ချိန်မှာ တော်တော်များများ အံ့အားသင့်ခဲ့ရပြီး ထိပ်တန်းကစားသမားတွေ မခေါ်နိုင်လို့ ကာဗာနီနဲ့ ချွေးသိပ်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်ခဲ့တယ်။

ဒါ့အပြင် အသင်းရဲ့ဂန္ထဝင်နံပါတ်လို့ တင်စားရမှာဖြစ်သလို ကျိန်စာဆိုးလို့လည်း သတ်မှတ်နိုင်တဲ့ ကျောနံပါတ်(၇)ကို ဝတ်ဆင်ခွင့်ပေးခဲ့တော့ ကာဗာနီဟာ နံပါတ်(၇)ကျိန်စာသင့်မယ့် နောက်တိုးစာရင်းမှာပါလာဦးမယ်လို့ ထင်ခဲ့သူတွေ အများကြီးပဲ။

ဒါပေမဲ့ (၇)လလောက်အကြာမှာ ကာဗာနီကို ခေါ်ယူခဲ့တဲ့ ယူနိုက်တက်ရဲ့လုပ်ရပ်က ဘယ်လောက်အထိမှန်ကန်လဲဆိုတာ အခုဆို အားလုံးသိပြီးသားဖြစ်လိမ့်မယ်။

နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲမှာ (၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကို အခု ဥရောပထိပ်တန်းစာရင်းဝင် တိုက်စစ်မှူးတွေတောင် မလုပ်ပြနိုင်ခဲ့ဘူး။

ဒါကြောင့်လည်း ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ အာဂျင်တီးနားထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်း ချိတ်နေတဲ့ကြားကနေ

ကာဗာနီကို နောက်ထပ်(၁)နှစ်စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အခုဆိုရင် ကာဗာနီဟာ ၂၀၂၂ ခုနှစ်အထိ ယူနိုက်တက်မှာ ဆက်ရှိနေမှာဖြစ်တယ်။

အသင်းအတွက် ကာဗာနီရဲ့စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင်လည်း ယူနိုက်တက်အသင်းနဲ့ ဆိုးလ်ရှားတို့ ဘာလို့များ ကာဗာနီကို ဆက်ထိန်းဖို့ အသည်းအသန်ကြိုးပမ်းခဲ့ရတာလည်းဆိုတဲ့မေးခွန်းအတွက် အဖြေကို ရှာတွေ့နိုင်မှာပါ။

ဒီရာသီ ပြိုင်ပွဲစုံမှာ ကာဗာနီက အသင်းအတွက်(၃၅)ပွဲကစား၊ (၁၅)ဂိုးသွင်းယူထားပြီး အခုရာသီ ယူနိုက်တက်အသင်းရဲ့ သွင်းဂိုးအများဆုံးစာရင်းမှာ ဘရူနိုဖာနန်ဒက်စ်(၂၇ဂိုး)၊ ရပ်ရှ်ဖို့ဒ်(၂၀ဂိုး)တို့ရဲ့နောက် တတိယအများဆုံးဖြစ်နေတယ်။

ဒါတောင် ကာဗာနီဟာ ဘရူနိုနဲ့ရပ်ရှ်ဖို့ဒ်တို့လောက် အသင်းအတွက်ပွဲကစားချိန် သိပ်မရခဲ့ဘူး။

အပွင့်လင်းဆုံးပြောရရင် မာစီယဲလ် No 9 နေရာမှာကစားတာထက် ကာဗာနီ ပွဲထွက်ကစားတာကမှ ဂိုးရဖို့ပိုနီးစပ်ဦးမယ်။ နောက်ပိုင်းပွဲတွေမှာ ကာဗာနီ ပွဲထွက်ကစားခွင့်ပိုရလာသလို ဂိုးတွေဆက်တိုက်သွင်းနေတာက အကောင်းဆုံးသက်သေပါပဲ။

နောက်ပြီး ကာဗာနီကို လူစားဝင်အဖြစ်သာ အသုံးပြုရင်လည်း သူက ကစားခွင့်ရသလောက်အချိန်အတွင်းမှာ ဂိုးတွေသွင်းနိုင်လေ့ရှိတယ်။ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲတုန်းက လူစားဝင်ပြီး

တစ်ဂိုးသွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လူစားဝင်ကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံးဖြစ်နေတဲ့ ဟာနက်ဒက်ဇ်၊ ဆိုးလ်ရှားတို့ရဲ့ဂိုးအရေအတွက်နဲ့ တူညီခဲ့တာကိုပဲ ကြည့်ပါ။

ယူနိုက်တက်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ပွဲကစားခွင့်ရတဲ့မိနစ်နဲ့ သွင်းဂိုးကို ပျမ်းမျှအချိုးချကြည့်ရင် ကာဗာနီက သွင်းဂိုးတစ်ဂိုးရဖို့ (၁၂၉.၇)မိနစ်သာအချိန်ယူခဲ့ရပြီး စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေတယ်။

ဒါ့အပြင် ပြိုင်ပွဲစုံမှာလည်း ကာဗာနီဟာ သွင်းဂိုးတစ်ဂိုးအတွက် (၁၂၃.၉)မိနစ်သာအချိန်ယူခဲ့ရတာကြောင့် ကျန်တဲ့တိုက်စစ်ကစားသမားတွေထက် သာလွန်နေပြန်တယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၉)ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ကစားသမားတွေထဲမှာ မိနစ်အလိုက် ပျမ်းမျှသွင်းဂိုးအများဆုံးအဖြစ် ကာဗာနီက (၁၂၉.၇)မိနစ်နဲ့ ဂါရတ်ဘေးလ်(၈၇.၈မိနစ်)၊ အီဟီယာနာချို(၁၁၃.၃မိနစ်)၊

လင်ဂတ်(၁၂၈.၃မိနစ်)တို့ရဲ့နောက် စတုတ္ထနေရာမှာ ရပ်တည်နေပြီး တခြားနာမည်ကျော် တိုက်စစ်မှူးတွေဖြစ်တဲ့ ဟယ်ရီကိန်း(၁၃၄.၁မိနစ်)၊ ဆာလာ(၁၃၆မိနစ်)တို့တောင် ကာဗာနီလို မစွမ်းဆောင်နိုင်ခဲ့ဘူး။

လာမယ့်နှစ်၊ ဖေဖော်ဝါရီလမှာ အသက်(၃၅)နှစ်ပြည့်တော့မယ် ကာဗာနီဟာ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် သူ့ရဲ့အတွေ့အကြုံကောင်းတွေက အသင်းအတွက်ကြီးမားတဲ့အကျိုးကျေးဇူးဖြစ်စေသလို ဂရင်းဝုဒ်တို့လို လူငယ်လေးတွေအတွက်လည်း ကာဗာနီဆီကနေ အများကြီးလေ့လာသင်ယူနိုင်ခွင့်ရရှိစေတယ်။

ယူနိုက်တက်အသင်းဟာ အခုလအတွင်းမှာ လက်စတာ၊ လီဗာပူးလ်တို့နဲ့ ပွဲကျပ်ကစားရမှာဖြစ်သလို ဗီလာရီးယဲလ်နဲ့လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲကစားဖို့ရှိနေတယ်။

တကယ်လို့ ယူနိုက်တက်အသင်း ဆိုးလ်ရှားလက်ထက်မှာ ပထမဆုံးဆုဖလားအဖြစ် ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ရင် အဲဒီအောင်ပွဲမှာ ကာဗာနီရဲ့သွင်းဂိုးတွေက အဓိကအခန်းကဏ္ဍက ပါဝင်နေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

Zawgyi

ယူႏိုက္တက္အသင္းအတြက္ ကာဗာနီရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းအခ်က္အလက္မ်ား

၂၀၂၀၊ ေအာက္တိုဘာလတုန္းက PSG နဲ႔ လမ္းခြဲၿပီးအသင္းလက္မဲ့ျဖစ္ေနတဲ့ အသက္(၃၃)ႏွစ္အ႐ြယ္တိုက္စစ္မႉးႀကီး ကာဗာနီကို မန္ခ်က္စတာယူႏိုက္တက္အသင္းက မထင္မွတ္ဘဲေခၚယူလိုက္ခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ား အံ့အားသင့္ခဲ့ရၿပီး ထိပ္တန္းကစားသမားေတြ မေခၚႏိုင္လို႔ ကာဗာနီနဲ႔ ေခြၽးသိပ္ခဲ့တာလားဆိုတဲ့ ေမးခြန္းေတြထြက္ေပၚခဲ့တယ္။

ဒါ့အျပင္ အသင္းရဲ႕ဂႏၴဝင္နံပါတ္လို႔ တင္စားရမွာျဖစ္သလို က်ိန္စာဆိုးလို႔လည္း သတ္မွတ္ႏိုင္တဲ့ ေက်ာနံပါတ္(၇)ကို ဝတ္ဆင္ခြင့္ေပးခဲ့ေတာ့ ကာဗာနီဟာ နံပါတ္(၇)က်ိန္စာသင့္မယ့္ ေနာက္တိုးစာရင္းမွာပါလာဦးမယ္လို႔ ထင္ခဲ့သူေတြ အမ်ားႀကီးပဲ။ ဒါေပမဲ့ (၇)လေလာက္အၾကာမွာ ကာဗာနီကို ေခၚယူခဲ့တဲ့ ယူႏိုက္တက္ရဲ႕လုပ္ရပ္က ဘယ္ေလာက္အထိမွန္ကန္လဲဆိုတာ အခုဆို အားလုံးသိၿပီးသားျဖစ္လိမ့္မယ္။

ေနာက္ဆုံးကစားခဲ့တဲ့ (၇)ပြဲမွာ (၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၃)ႀကိမ္ျပဳလုပ္ခဲ့တယ္ဆိုတဲ့မွတ္တမ္းကို အခု ဥေရာပထိပ္တန္းစာရင္းဝင္ တိုက္စစ္မႉးေတြေတာင္ မလုပ္ျပႏိုင္ခဲ့ဘူး။ ဒါေၾကာင့္လည္း ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ အာဂ်င္တီးနားထိပ္သီးကလပ္ ဘိုကာဂ်ဴနီယာအသင္း ခ်ိတ္ေနတဲ့ၾကားကေန ကာဗာနီကို ေနာက္ထပ္(၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး အခုဆိုရင္ ကာဗာနီဟာ ၂၀၂၂ ခုႏွစ္အထိ ယူႏိုက္တက္မွာ ဆက္ရွိေနမွာျဖစ္တယ္။

အသင္းအတြက္ ကာဗာနီရဲ႕စြမ္းေဆာင္ရည္မွတ္တမ္းကို ၾကည့္ရင္လည္း ယူႏိုက္တက္အသင္းနဲ႔ ဆိုးလ္ရွားတို႔ ဘာလို႔မ်ား ကာဗာနီကို ဆက္ထိန္းဖို႔ အသည္းအသန္ႀကိဳးပမ္းခဲ့ရတာလည္းဆိုတဲ့ေမးခြန္းအတြက္ အေျဖကို ရွာေတြ႕ႏိုင္မွာပါ။

ဒီရာသီ ၿပိဳင္ပြဲစုံမွာ ကာဗာနီက အသင္းအတြက္(၃၅)ပြဲကစား၊ (၁၅)ဂိုးသြင္းယူထားၿပီး အခုရာသီ ယူႏိုက္တက္အသင္းရဲ႕ သြင္းဂိုးအမ်ားဆုံးစာရင္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္(၂၇ဂိုး)၊ ရပ္ရွ္ဖို႔ဒ္(၂၀ဂိုး)တို႔ရဲ႕ေနာက္ တတိယအမ်ားဆုံးျဖစ္ေနတယ္။ ဒါေတာင္ ကာဗာနီဟာ ဘ႐ူႏိုနဲ႔ရပ္ရွ္ဖို႔ဒ္တို႔ေလာက္ အသင္းအတြက္ပြဲကစားခ်ိန္ သိပ္မရခဲ့ဘူး။ အပြင့္လင္းဆုံးေျပာရရင္ မာစီယဲလ္ No 9 ေနရာမွာကစားတာထက္ ကာဗာနီ ပြဲထြက္ကစားတာကမွ ဂိုးရဖို႔ပိုနီးစပ္ဦးမယ္။

ေနာက္ပိုင္းပြဲေတြမွာ ကာဗာနီ ပြဲထြက္ကစားခြင့္ပိုရလာသလို ဂိုးေတြဆက္တိုက္သြင္းေနတာက အေကာင္းဆုံးသက္ေသပါပဲ။ ေနာက္ၿပီး ကာဗာနီကို လူစားဝင္အျဖစ္သာ အသုံးျပဳရင္လည္း သူက ကစားခြင့္ရသေလာက္အခ်ိန္အတြင္းမွာ ဂိုးေတြသြင္းႏိုင္ေလ့ရွိတယ္။ ၿပီးခဲ့တဲ့ ဗီလာနဲ႔ပြဲတုန္းက လူစားဝင္ၿပီး တစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ လူစားဝင္ကစားသမားေတြထဲမွာ သြင္းဂိုးအမ်ားဆုံးျဖစ္ေနတဲ့ ဟာနက္ဒက္ဇ္၊ ဆိုးလ္ရွားတို႔ရဲ႕ဂိုးအေရအတြက္နဲ႔ တူညီခဲ့တာကိုပဲ ၾကည့္ပါ။

ယူႏိုက္တက္ကစားသမားေတြထဲမွာ ပရီးမီးယားလိဂ္ပြဲကစားခြင့္ရတဲ့မိနစ္နဲ႔ သြင္းဂိုးကို ပ်မ္းမွ်အခ်ိဳးခ်ၾကည့္ရင္ ကာဗာနီက သြင္းဂိုးတစ္ဂိုးရဖို႔ (၁၂၉.၇)မိနစ္သာအခ်ိန္ယူခဲ့ရၿပီး စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္ေနတယ္။ ဒါ့အျပင္ ၿပိဳင္ပြဲစုံမွာလည္း ကာဗာနီဟာ သြင္းဂိုးတစ္ဂိုးအတြက္ (၁၂၃.၉)မိနစ္သာအခ်ိန္ယူခဲ့ရတာေၾကာင့္ က်န္တဲ့တိုက္စစ္ကစားသမားေတြထက္ သာလြန္ေနျပန္တယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး(၉)ဂိုးနဲ႔အထက္ သြင္းယူခဲ့တဲ့ကစားသမားေတြထဲမွာ မိနစ္အလိုက္ ပ်မ္းမွ်သြင္းဂိုးအမ်ားဆုံးအျဖစ္ ကာဗာနီက (၁၂၉.၇)မိနစ္နဲ႔ ဂါရတ္ေဘးလ္(၈၇.၈မိနစ္)၊ အီဟီယာနာခ်ိဳ(၁၁၃.၃မိနစ္)၊ လင္ဂတ္(၁၂၈.၃မိနစ္)တို႔ရဲ႕ေနာက္ စတုတၳေနရာမွာ ရပ္တည္ေနၿပီး တျခားနာမည္ေက်ာ္ တိုက္စစ္မႉးေတြျဖစ္တဲ့ ဟယ္ရီကိန္း(၁၃၄.၁မိနစ္)၊ ဆာလာ(၁၃၆မိနစ္)တို႔ေတာင္ ကာဗာနီလို မစြမ္းေဆာင္ႏိုင္ခဲ့ဘူး။

လာမယ့္ႏွစ္၊ ေဖေဖာ္ဝါရီလမွာ အသက္(၃၅)ႏွစ္ျပည့္ေတာ့မယ္ ကာဗာနီဟာ အသက္အ႐ြယ္ရလာၿပီျဖစ္ေပမယ့္ သူ႔ရဲ႕အေတြ႕အႀကဳံေကာင္းေတြက အသင္းအတြက္ႀကီးမားတဲ့အက်ိဳးေက်းဇူးျဖစ္ေစသလို ဂရင္းဝုဒ္တို႔လို လူငယ္ေလးေတြအတြက္လည္း ကာဗာနီဆီကေန အမ်ားႀကီးေလ့လာသင္ယူႏိုင္ခြင့္ရရွိေစတယ္။ ယူႏိုက္တက္အသင္းဟာ အခုလအတြင္းမွာ လက္စတာ၊ လီဗာပူးလ္တို႔နဲ႔ ပြဲက်ပ္ကစားရမွာျဖစ္သလို ဗီလာရီးယဲလ္နဲ႔လည္း ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကစားဖို႔ရွိေနတယ္။

တကယ္လို႔ ယူႏိုက္တက္အသင္း ဆိုးလ္ရွားလက္ထက္မွာ ပထမဆုံးဆုဖလားအျဖစ္ ယူ႐ိုပါလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ရင္ အဲဒီေအာင္ပြဲမွာ ကာဗာနီရဲ႕သြင္းဂိုးေတြက အဓိကအခန္းက႑က ပါဝင္ေနလိမ့္မယ္ဆိုတာ အေသအခ်ာပါပဲ။