ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်နိုင်စရာအကြောင်းရင်း ရှာမတွေ့ဖြစ်နေတယ်လို့ ဘရောင်းဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက ယခုရာသီအကုန်မှာ မြို့ခံပြိုင်ဘက် စီးတီးရဲ့အထက်မှာ ယူနိုက်တက်အသင်း ရပ်တည်နိုင်စွမ်းရှိပြီး ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်နိုင်စရာအကြောင်းရင်း ရှာမတွေ့ဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက စပါးနဲ့ တစ်ပွဲလျော့ ၅မှတ်အကွာနဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး စီးတီးထက် ပွဲတူအနေအထားမှာ ၁မှတ်အသာရထားပါတယ်။


ဒီနှစ်သင်းဟာ စနေညမှာ မန်ချက်စတာဒါဘီပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် နည်းပြဆိုးလ်ရှားလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဘရောင်းကတော့ ရာသီအကုန်မှာ ယူနိုက်တက်အသင်း စီးတီးရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။


”ရာသီအကုန်မှာ ယူနိုက်တက်အသင်း စီးတီးရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တာ မမှားနိုင်ပါဘူး။ ချန်ပီယံလုပွဲက ခက်ခဲကြမ်းတမ်းနေဆဲဖြစ်ပြီး ချန်ပီယံဖြစ်နိုင်တာ ၆သင်းအထိရှိပါတယ်။ အာဆင်နယ်တော့ မပါဘူးပေါ့ဗျာ”

”ဒီရာသီပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်း ချန်ပီယံမဖြစ်နိုင်စရာ အကြောင်းရင်း ရှာလို့မတွေ့သေးဘူးဗျာ။ ကျွန်တော်စောစောက ပြောခဲ့သလိုပေါ့။ ဒီရာသီ အသင်းကြီးတွေရဲ့အခြေအနေကို အခြေခံပြီးပြောတာပါ”လို့ ဘရောင်းက ပြောပါတယ်။


အများစုက ပုံစံအသစ်ကနေ အပေါင်းလက္ခဏာဆောင်မှုတွေ တွေးတောထားပေမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲအများစုက ကမောက်ကမဖြစ်ပေါ်ခဲ့ပြီး ဘရောင်းက ပြီးခဲ့တဲ့ရာသီအတွင်း ယူနိုက်တက်အသင်း အံ့အားသင့်ဖွယ်ရလဒ်တွေ စွမ်းဆောင်နိုင်ခဲ့မှုအပေါ် ထောက်ပြခဲ့ပါတယ်။

”ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်း ထိပ်ဆုံး ၄သင်းစာရင်းဝင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူးလေ။ ဒီတော့ တစ်ခါတလေ ကိုယ်က အဲဒါတွေကို အသိအမှတ်ပြုရပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းတစ်သမတ်တည်းရဖို့ အရေးကြီးပြီး အထူးသဖြင့် အိမ်ကွင်းမှာပေါ့”

”အိုးထရက်ဖို့ဒ်မှာ ၆ပွဲ၊ ၇ပွဲလောက် ကောာင်းကောင်းကစားပြလိုက်ရင် ဘယ်သူကမှ ယူနိုက်တက်အသင်း ချန်ပီယံလောင်းစာရင်းဝင်ရဲ့လားလို့ မေးမှာမဟုတ်တောပါဘူး”လို့ ဘရောင်းက ဆက်ပြောပါတယ်။


ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်က ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် အနားယူသွားပြီးချိန်ကတည်းက စီးတီးရဲ့အထက်မှာ တစ်ခါမှ မရပ်တည်နိုင်သေးပေမယ့် ယူနိုက်တက်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဆုဖလား ၅ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ ဘရောင်းကတော့ စနေညမှာ ယူနိုက်တက်အသင်း အခွင့်အရေးရှိနေတယ်လို့ ပြောပါတယ်။

”လာမယ့်ပွဲက ဂိုးတွေအပြန်အလှန်သွင်းမယ့်ပွဲလို့ မှန်းချင်တယ်။ ယူနိုက်တက်အသင်း ၂-၁ ဂိုးနဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်”လို့ ဝက်စ်ဘရောင်းက ခန့်မှန်းပါတယ်။
ဘရောင်းက ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာက တစ်မျိုးကောင်းပြီး လက်ကျန်ပရီးမီးယားလိဂ်ပွဲတွေကို အပြည့်အဝအာရုံစိုက်လို့ရသွားပြီဖြစ်ကြောင်း ရှင်းပြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံမျဖစ္ႏိုင္စရာအေၾကာင္းရင္း ရွာမေတြ႕ျဖစ္ေနတယ္လုိ႔ ဘေရာင္းဖြင့္ဟ
ယူႏုိက္တက္ေနာက္ခံလူေဟာင္း ၀က္စ္ဘေရာင္းက ယခုရာသီအကုန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးရဲ႕အထက္မွာ ယူႏုိက္တက္အသင္း ရပ္တည္ႏိုင္စြမ္းရွိၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံမျဖစ္ႏိုင္စရာအေၾကာင္းရင္း ရွာမေတြ႕ျဖစ္ေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။
ယူႏုိက္တက္ဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးက စပါးနဲ႔ တစ္ပြဲေလ်ာ့ ၅မွတ္အကြာနဲ႔ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနၿပီး စီးတီးထက္ ပြဲတူအေနအထားမွာ ၁မွတ္အသာရထားပါတယ္။
ဒီႏွစ္သင္းဟာ စေနညမွာ မန္ခ်က္စတာဒါဘီပြဲအျဖစ္ အုိးထရက္ဖို႔ဒ္မွာ ရင္ဆုိင္ရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရၿပီးေနာက္ နည္းျပဆုိးလ္ရွားလည္း ဖိအားေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒါေပမဲ့ ဘေရာင္းကေတာ့ ရာသီအကုန္မွာ ယူႏုိက္တက္အသင္း စီးတီးရဲ႕အထက္မွာ ရပ္တည္ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
”ရာသီအကုန္မွာ ယူႏိုက္တက္အသင္း စီးတီးရဲ႕အထက္မွာ ရပ္တည္ႏုိင္လိမ့္မယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္ထင္တာ မမွားႏုိင္ပါဘူး။ ခ်န္ပီယံလုပြဲက ခက္ခဲၾကမ္းတမ္းေနဆဲျဖစ္ၿပီး ခ်န္ပီယံျဖစ္ႏိုင္တာ ၆သင္းအထိရွိပါတယ္။ အာဆင္နယ္ေတာ့ မပါဘူးေပါ့ဗ်ာ”

”ဒီရာသီပရီးမီးယားလိဂ္မွာ ယူႏုိက္တက္အသင္း ခ်န္ပီယံမျဖစ္ႏိုင္စရာ အေၾကာင္းရင္း ရွာလုိ႔မေတြ႕ေသးဘူးဗ်ာ။ ကၽြန္ေတာ္ေစာေစာက ေျပာခဲ့သလုိေပါ့။ ဒီရာသီ အသင္းႀကီးေတြရဲ႕အေျခအေနကို အေျခခံၿပီးေျပာတာပါ”လုိ႔ ဘေရာင္းက ေျပာပါတယ္။
အမ်ားစုက ပုံစံအသစ္ကေန အေပါင္းလကၡဏာေဆာင္မႈေတြ ေတြးေတာထားေပမယ့္ ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲအမ်ားစုက ကေမာက္ကမျဖစ္ေပၚခဲ့ၿပီး ဘေရာင္းက ၿပီးခဲ့တဲ့ရာသီအတြင္း ယူႏုိက္တက္အသင္း အ့ံအားသင့္ဖြယ္ရလဒ္ေတြ စြမ္းေဆာင္ႏိုင္ခဲ့မႈအေပၚ ေထာက္ျပခဲ့ပါတယ္။
”ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္အသင္း ထိပ္ဆုံး ၄သင္းစာရင္း၀င္လိမ့္မယ္လုိ႔ ဘယ္သူမွ မထင္ခဲ့ဘူးေလ။ ဒီေတာ့ တစ္ခါတေလ ကိုယ္က အဲဒါေတြကို အသိအမွတ္ျပဳရပါတယ္။ ပရီးမီးယားလိဂ္မွာ ေျခစြမ္းတစ္သမတ္တည္းရဖုိ႔ အေရးႀကီးၿပီး အထူးသျဖင့္ အိမ္ကြင္းမွာေပါ့”
”အုိးထရက္ဖုိ႔ဒ္မွာ ၆ပြဲ၊ ၇ပြဲေလာက္ ေကာာင္းေကာင္းကစားျပလုိက္ရင္ ဘယ္သူကမွ ယူႏုိက္တက္အသင္း ခ်န္ပီယံေလာင္းစာရင္း၀င္ရဲ႕လားလုိ႔ ေမးမွာမဟုတ္ေတာပါဘူး”လုိ႔ ဘေရာင္းက ဆက္ေျပာပါတယ္။
ယူႏုိက္တက္ဟာ ၂၀၁၃ ခုႏွစ္က ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ အနားယူသြားၿပီးခ်ိန္ကတည္းက စီးတီးရဲ႕အထက္မွာ တစ္ခါမွ မရပ္တည္ႏိုင္ေသးေပမယ့္ ယူႏုိက္တက္ကစားသမားဘ၀မွာ ပရီးမီးယားလိဂ္ဆုဖလား ၅ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပားရယူႏို္င္ခဲ့တဲ့ ဘေရာင္းကေတာ့ စေနညမွာ ယူႏုိက္တက္အသင္း အခြင့္အေရးရွိေနတယ္လုိ႔ ေျပာပါတယ္။

”လာမယ့္ပြဲက ဂိုးေတြအျပန္အလွန္သြင္းမယ့္ပြဲလုိ႔ မွန္းခ်င္တယ္။ ယူႏုိက္တက္အသင္း ၂-၁ ဂိုးနဲ႔ အႏိုင္ရမယ္လုိ႔ ထင္ပါတယ္”လုိ႔ ၀က္စ္ဘေရာင္းက ခန္႔မွန္းပါတယ္။
ဘေရာင္းက ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတာက တစ္မ်ိဳးေကာင္းၿပီး လက္က်န္ပရီးမီးယားလိဂ္ပြဲေတြကို အျပည့္အ၀အာ႐ုံစိုက္လုိ႔ရသြားၿပီျဖစ္ေၾကာင္း ရွင္းျပပါတယ္။