ယူနိုက်တက်အသင်း အမှတ်ပေးချန်ပီယံဖြစ်ဖို့ လုပ်စရာတစ်ခုပဲရှိတော့တယ်လို့ အိုဝင် ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အနေနဲ့ ကြာသပတေးညက ရှက်ဖီးယူနိုက်တက်ကို ၂-၃ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အသင်းဟောင်း ယူနိုက်တက်အသင်း ယခုရာသီပရီးမီးယားလိဂ်မှာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ လုပ်စရာတစ်ခုပဲရှိတော့တယ်လို့ ပြောပါတယ်။


ယူနိုက်တက်ဟာ အစောပိုင်းမှာ ဂိုးသမားဟန်ဒါဆန်ရဲ့အမှားကနေ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ၂-၃ ဂိုးနဲ့အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅ မှတ်အကွာ အဆင့် ၆ နေရာ တက်လှမ်းလာသလို တစ်ပွဲလျော့လည်း ကစားထားပါတယ်။


၂၀၁၁ ခုနှစ်က ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အိုဝင်က ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်ရေးအတွက် နည်းပြဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့အတွဲကို အကောင်းဆုံးတွဲဖက်ကစားစေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။


”ယူနိုက်တက်အသင်း အမှတ်ပေးချန်ပီယံဖြစ်နိုင်ပါတယ်။ ချန်ပီယံဖြစ်နိုင်တဲ့အသင်းက အနည်းငယ်ရှိပါတယ်။ အဲဒီအသင်းတွေအတွက် တစ်ခုတည်းသောနည်းလမ်းကတော့ သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကို ကွင်းထဲမှာ အတူတွဲကစားစေတဲ့အချက်ပါပဲ”

”တကယ်လို့ ကိုယ့်အသင်းမှာ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ရှိနေပြီး သူတို့နှစ်ယောက်က အရန်ခုံမှာ ထိုင်နေရရင် အမှတ်ပေးချန်ပီယံဖြစ်မှာမဟုတ်ပါဘူး။ မယုံနိုင်စရာကောင်းတဲ့ကစားသမားတွေကို ပိုက်ဆံအများကြီးနဲ့ပေးဝယ်ထားပြီး အဲဒီကစားသမားတွေကို ပွဲထုတ်ကစားရင်း ချန်ပီယံဆုဖလားတွေ ရယူနိုင်ပါတယ်”


”ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို အတူတွဲကစားစေဖို့ လိုအပ်ပါတယ်။ သူတို့ကို တွဲကစားခွင့်ပြုလိုက်တာက အရမ်းကောင်းပါတယ်”လို့ လီဗာပူးတိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ အိုဝင်က ပြောပါတယ်။


ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ကစားသမားရွေးချယ်မှုနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုုးကွဲပြားနေပြီး အထူးသဖြင့် ပြင်သစ်သား ပေါ့ဂ်ဘာနဲ့ ပေါ်တူဂီသား ဖာနန်ဒက်စ်တို့ကို တွဲကစားစေတာက အဆင်မပြေဘူးလို့ ဆိုနေပေမယ့် အိုဝင်ကတော့ သူတို့အတွဲက ယူနိုက်တက်အသင်း အမှတ်ပေးချန်ပီယံဖြစ်ရေးကြိုးစားမှုမှာ အဓိကကျလာလိမ့်မယ်လို့ ဟောကိန်းထုတ်ပါတယ်။

ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ ရောက်လာပြီးချိန်ကတည်းက အသင်းရဲ့အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေပေမယ့် ပေါ့ဂ်ဘာကတော့ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာနဲ့ သူ့အေးဂျင့်ရဲ့ မှတ်ချက်တွေကြောင့် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိုဝင်က ချန်ပီယံဖြစ်ရေးအတွက် ယူနိုက်တက်ခံစစ်ပိုင်းကလည်း ဒီထက်ပိုမိုတည်ငြိမ်ဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပြီး နောက်ထပ်ယူနိုက်တက်ဂန္ထဝင်ကြီး ပေါလ်ခစိုးလ်ကလည်း အိုဝင်လိုပဲ ယူနိုက်တက်ကို ချန်ပီယံလောင်းအသင်းတစ်သင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္း အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ လုပ္စရာတစ္ခုပဲရွိေတာ့တယ္လို႔ အိုဝင္ ဖြင့္ဟ
ယူႏိုက္တက္အေနနဲ႔ ၾကာသပေတးညက ရွက္ဖီးယူႏိုက္တက္ကို ၂-၃ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ အဂၤလန္တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က အသင္းေဟာင္း ယူႏိုက္တက္အသင္း ယခုရာသီပရီးမီးယားလိဂ္မွာ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ လုပ္စရာတစ္ခုပဲရွိေတာ့တယ္လို႔ ေျပာပါတယ္။
ယူႏိုက္တက္ဟာ အေစာပိုင္းမွာ ဂိုးသမားဟန္ဒါဆန္ရဲ႕အမွားကေန ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ ၂-၃ ဂိုးနဲ႔အမွတ္ျပည့္ရယူႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၅ မွတ္အကြာ အဆင့္ ၆ ေနရာ တက္လွမ္းလာသလို တစ္ပြဲေလ်ာ့လည္း ကစားထားပါတယ္။
၂၀၁၁ ခုႏွစ္က ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ အိုဝင္က ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆု စိန္ေခၚႏိုင္ေရးအတြက္ နည္းျပဆိုးလ္ရွားအေနနဲ႔ ေပါ့ဂ္ဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔အတြဲကို အေကာင္းဆုံးတြဲဖက္ကစားေစဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။
”ယူႏိုက္တက္အသင္း အမွတ္ေပးခ်န္ပီယံျဖစ္ႏိုင္ပါတယ္။ ခ်န္ပီယံျဖစ္ႏိုင္တဲ့အသင္းက အနည္းငယ္ရွိပါတယ္။ အဲဒီအသင္းေတြအတြက္ တစ္ခုတည္းေသာနည္းလမ္းကေတာ့ သူတို႔ရဲ႕အေကာင္းဆုံးကစားသမားေတြကို ကြင္းထဲမွာ အတူတြဲကစားေစတဲ့အခ်က္ပါပဲ”

”တကယ္လို႔ ကိုယ့္အသင္းမွာ ေပါ့ဂ္ဘာနဲ႔ ဖာနန္ဒက္စ္တို႔ရွိေနၿပီး သူတို႔ႏွစ္ေယာက္က အရန္ခုံမွာ ထိုင္ေနရရင္ အမွတ္ေပးခ်န္ပီယံျဖစ္မွာမဟုတ္ပါဘူး။ မယုံႏိုင္စရာေကာင္းတဲ့ကစားသမားေတြကို ပိုက္ဆံအမ်ားႀကီးနဲ႔ေပးဝယ္ထားၿပီး အဲဒီကစားသမားေတြကို ပြဲထုတ္ကစားရင္း ခ်န္ပီယံဆုဖလားေတြ ရယူႏိုင္ပါတယ္”
”ဆိုးလ္ရွားအေနနဲ႔ ေပါ့ဂ္ဘာ၊ ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို အတူတြဲကစားေစဖို႔ လိုအပ္ပါတယ္။ သူတို႔ကို တြဲကစားခြင့္ျပဳလိုက္တာက အရမ္းေကာင္းပါတယ္”လို႔ လီဗာပူးတိုက္စစ္မႉးေဟာင္းလည္းျဖစ္တဲ့ အိုဝင္က ေျပာပါတယ္။
ယူႏိုက္တက္တိုက္စစ္ပိုင္းမွာ ကစားသမားေ႐ြးခ်ယ္မႈနဲ႔ပတ္သက္လို႔ အျမင္အမ်ိဳးမ်ိဳုးကြဲျပားေနၿပီး အထူးသျဖင့္ ျပင္သစ္သား ေပါ့ဂ္ဘာနဲ႔ ေပၚတူဂီသား ဖာနန္ဒက္စ္တို႔ကို တြဲကစားေစတာက အဆင္မေျပဘူးလို႔ ဆိုေနေပမယ့္ အိုဝင္ကေတာ့ သူတို႔အတြဲက ယူႏိုက္တက္အသင္း အမွတ္ေပးခ်န္ပီယံျဖစ္ေရးႀကိဳးစားမႈမွာ အဓိကက်လာလိမ့္မယ္လို႔ ေဟာကိန္းထုတ္ပါတယ္။
ဖာနန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းကေန ေရာက္လာၿပီးခ်ိန္ကတည္းက အသင္းရဲ႕အဓိကကစားသမားအျဖစ္ ေျခစြမ္းျပေနေပမယ့္ ေပါ့ဂ္ဘာကေတာ့ ဒီရာသီမွာလည္း ဒဏ္ရာျပႆနာနဲ႔ သူ႔ေအးဂ်င့္ရဲ႕ မွတ္ခ်က္ေတြေၾကာင့္ အဆင္မေျပမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
အိုဝင္က ခ်န္ပီယံျဖစ္ေရးအတြက္ ယူႏိုက္တက္ခံစစ္ပိုင္းကလည္း ဒီထက္ပိုမိုတည္ၿငိမ္ဖို႔ လိုအပ္တယ္လို႔ ေထာက္ျပခဲ့ၿပီး ေနာက္ထပ္ယူႏိုက္တက္ဂႏၴဝင္ႀကီး ေပါလ္ခစိုးလ္ကလည္း အိုဝင္လိုပဲ ယူႏိုက္တက္ကို ခ်န္ပီယံေလာင္းအသင္းတစ္သင္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။