ယူနိုက်တက် တစ်သင်းတည်းသာ ချန်ပီယံဆု ပြိုင်ဘက်မဟုတ်ကြောင်း ဖာဘင်ဟို ပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူး ကွင်းလယ် ကစားသမား ဖာဘင်ဟိုက ပရီးမီးယားလိဂ် အမှတ္ပေးဇယားရဲ့ ဦးဆောင်သူ အသစ်ဖြစ်တဲ့ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ( ၄ ) သင်းထဲက တစ်သင်းသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘန်လေ အသင်းကို တစ်ဂိုး – ဂိုးမရှိ အနိုင်ရရှိခဲ့တဲ့အတွက် အမှတ်ပေးဇယားမှာ လီဗာပူးအသင်းရဲ့ အပေါ်ကို ရောက်ရှိသွားပြီး ( ၂၀၁၃ ) ခုနှစ် ဆာအဲလက် ဖာဂူဆန် အနားယူပြီးနောက် ပထမဆုံး အကြိမ် ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်နေပါတယ်။

လီဗာပူးလ်အသင်းကလည်း လာမယ့် တနင်္ဂနွေနေ့ အန်ဖီးလ်ကွင်းမှာ ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲစဉ်ကို အနိုင်ရရှိပါက အမှတ်ပေးဇယားထိပ်ကို ပြန်လည် ဦးဆောင်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

ဖာဘင်ဟိုက ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ အင်တာဗျူးမှာ ” ယူနိုက်တက်က ဒီရာသီ ပရီမီးယားလိဂ်မှာ အရှိန်အဟုန်နဲ့ ရလာဒ်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ယခင်နှစ်က အနိုင်မရရှိခဲ့တဲ့ ပွဲစဉ်တချို့ကိုတောင် အနိုင်ကစားထားပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့လက ဝုဗ်ကို ( 1 – 0 ) အနိုင်ရခဲ့တဲ့ ပွဲစဉ်လိုမျိုးတွေပါ ။ ” ဟု ပြောကြားခဲ့ပါတယ်။

” ဒါပေမယ့် ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် တစ်သင်းတည်းကိုပဲ အာရုံစိုက်ထားတာ မဟုတ်ပါဘူး။ အဓိကကတော့ ပွဲစဉ်တွေကို အကောင်းဆုံး ကစားပြီး အနိုင်ရရှိဖို့ ပါပဲ ။ ” ဖာဘင်ဟိုက ပြီးခဲ့တဲ့လတွေကစပြီး ပုံစံကောင်းတွေ ပြန်လည် ပြသနေတဲ့ မန်စီးတီး ကိုလည်း ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် သတ်မှတ်ခဲ့ပြီး လန်ဒန်ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး နှင့် မော်ရင်ဟိုရဲ့ စပါးကိုလည်း မေ့ထားလို့ မရကြောင်း ပြောကြားခဲ့ပါတယ်။ Source : AP

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူး ကြင္းလယ္ ကစားသမား ဖာဘင္ဟိုက ပရီးမီးယားလိဂ္ အမွန္ေပးဇယားရဲ႕ ဦးေဆာင္သူ အသစ္ျဖစ္တဲ့ ယူႏိုက္တက္ဟာ ဒီရာသီ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့ အသင္း ( ၄ ) သင္းထဲက တစ္သင္းသာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ဘန္ေလ အသင္းကို တစ္ဂိုး – ဂိုးမရွိ အႏိုင္ရရွိခဲ့တဲ့အတြက္ အမွတ္ေပးဇယားမွာ လီဗာပူးအသင္းရဲ႕ အေပၚကို ေရာက္ရွိသြားၿပီး ( ၂၀၁၃ ) ခုႏွစ္ ဆာအဲလက္ ဖာဂူဆန္ အနားယူၿပီးေနာက္ ပထမဆုံး အႀကိမ္ ခ်န္ပီယံဆုကို ျပန္လည္သိမ္းပိုက္ဖို႔ ျပင္ဆင္ေနပါတယ္။ လီဗာပူးလ္အသင္းကလည္း လာမယ့္ တနဂၤေႏြေန႔ အန္ဖီးလ္ကြင္းမွာ ယူႏိုက္တက္နဲ႔ ကစားရမယ့္ ပြဲစဥ္ကို အႏိုင္ရရွိပါက အမွတ္ေပးဇယားထိပ္ကို ျပန္လည္ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရး ရွိေနပါတယ္။

ဖာဘင္ဟိုက ၿပီးခဲ့တဲ့ အဂၤါေန႔က ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ” ယူႏိုက္တက္က ဒီရာသီ ပရီမီးယားလိဂ္မွာ အရွိန္အဟုန္နဲ႔ ရလာဒ္ေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ ယခင္ႏွစ္က အႏိုင္မရရွိခဲ့တဲ့ ပြဲစဥ္တခ်ိဳ႕ကိုေတာင္ အႏိုင္ကစားထားပါတယ္။ ဥပမာအေနနဲ႔ ၿပီးခဲ့တဲ့လက ဝုဗ္ကို ( 1 – 0 ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္လိုမ်ိဳးေတြပါ ။ ” ဟု ေျပာၾကားခဲ့ပါတယ္။ ” ဒါေပမယ့္ ကြၽန္ေတာ္တို႔က မန္ခ်က္စတာ ယူႏိုက္တက္ တစ္သင္းတည္းကိုပဲ အာ႐ုံစိုက္ထားတာ မဟုတ္ပါဘူး။ အဓိကကေတာ့ ပြဲစဥ္ေတြကို အေကာင္းဆုံး ကစားၿပီး အႏိုင္ရရွိဖို႔ ပါပဲ ။ ”

ဖာဘင္ဟိုက ၿပီးခဲ့တဲ့လေတြကစၿပီး ပုံစံေကာင္းေတြ ျပန္လည္ ျပသေနတဲ့ မန္စီးတီး ကိုလည္း ခ်န္ပီယံဆု စိန္ေခၚႏိုင္တဲ့ အသင္းအျဖစ္ သတ္မွတ္ခဲ့ၿပီး လန္ဒန္ကလပ္ေတြ ျဖစ္တဲ့ ခ်ဲလ္ဆီး ႏွင့္ ေမာ္ရင္ဟိုရဲ႕ စပါးကိုလည္း ေမ့ထားလို႔ မရေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Source : AP