ယူနိုက်တက် တိုက်စစ်ကို မတူညီတဲ့နေရာကနေ ပြောင်းလဲစေခဲ့တဲ့ ကစားသမားအား ဖွင့်ဟခဲ့တဲ့ ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မားကပ်စ် ရက်ရှ်ဖို့ဒ်က အီဒင်ဆင် ကာဗာနီဟာ တိုက်စစ်ပိုင်းကို မတူညီတဲ့နေရာကနေ လုံးဝပြောင်းလဲစေခဲ့ကာ ယူနိုက်တက်ရဲ့ အကူးအပြောင်းအတွက် ကူညီပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကာဗာနီကို ခေါ်ယူခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


၃၃နှစ်သားဟာ အသင်းဟောင်း ပီအက်စ်ဂျီမှာ စတားတစ်ဦး ဖြစ်ခဲ့ပေမဲ့ လူငယ်ကစားသမားတွေ ရှိနေတဲ့ ယူနိုက်တက် တိုက်စစ်နေရာအတွက် အံဝင်မယ့်ပုံ မပေါ်ခဲ့ပါဘူး။

ကာဗာနီဟာ ပြီးခဲ့တဲ့လ အဲဗာတန်နဲ့ ပွဲစဉ်မှာ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး ဆောက်သမ်တန်ကို Combackနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုး၊ အဲဗာတန်နဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ၁ဂိုး သွင်းယူပေးခဲ့ပါတယ်။


အလားတူ လက်စတာနဲ့ ၂-၂ သရေကျခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာလည်း ဘရူနို ဖာနန်ဒက်စ်အတွက် သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး ရက်ရှ်ဖို့ဒ်က အသင်းဖော်သစ်ရဲ့ ဂိုးတွေမှာ ပါဝင်ပတ်သက်မှုအပေါ် ကျေနပ်နေတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်က “သူက အရည်အချင်း အများကြီးရှိတဲ့ ထိပ်တန်းကစားသမား ၁ဦး ဖြစ်ပြီး သူက အသင်းကို မတူညီတဲ့ထောင့်တစ်ခုကနေ ကူညီပေးခဲ့ပါတယ်။ သူနဲ့ ကစားပြီး ဂိုးတွေသွင်းရတာ၊ ဖန်တီးမှုတွေ ပြုလုပ်ရတာ ကောင်းပြီး ကျွန်တေ်ာတို့ကြား အတွဲအဖက်ကို ဆက်လက် ထိန်းသိမ်းထားဖို့ လိုပါတယ်”


“အဲ့ဒီဂိုးအတွက်တော့ ဘိုင်လီက ဘောလုံးကိုင်ပြီး ခံစစ်လိုင်းတွေကို ကျော်ကာ ပေးပို့ခဲ့တယ်လို့ ထင်ပါတယ်။ အီဒင်ဆင် လှည့်လိုက်တာ တော်တော်ကောင်းပြီး သူဆုံးဖြတ်ရမယ့် အခြေအနေမှာ မကန်တော့ပဲ လူပေးခဲ့ပါတယ်။ အဲ့ဒါက သွင်းဂိုးကောင်း ဖြစ်ခဲ့ပေမဲ့ ဂိုးပြန်ပေးလိုက်ရတာက ခံရခက်ပါတယ်”

“အဲ့ဒါက အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့အတွက် ရှုံးသွားသလို ဖြစ်စေပါတယ်။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပြီး ပွဲကို အနိုင်ရဖို့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဂိုးမရခဲ့ပါဘူး။ အခုတော့ အင်အား ပြန်ဖြည့်ပြီး လာမယ့်ပွဲအတွက် အာရုံစိုက်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ တိုက္စစ္ကို မတူညီတဲ့ေနရာကေန ေျပာင္းလဲေစခဲ့တဲ့ ကစားသမားအား ဖြင့္ဟခဲ့တဲ့ ရက္ရွ္ဖို႔ဒ္
============================

မားကပ္စ္ ရက္ရွ္ဖို႔ဒ္က အီဒင္ဆင္ ကာဗာနီဟာ တုိက္စစ္ပုိင္းကို မတူညီတဲ့ေနရာကေန လံုး၀ေျပာင္းလဲေစခဲ့ကာ ယူႏိုက္တက္ရဲ႕ အကူးအေျပာင္းအတြက္ ကူညီေပးခဲ့တယ္လို႔ ယံုၾကည္ေနပါတယ္။
ယူႏိုက္တက္အသင္းဟာ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ ကာဗာနီကို ေခၚယူခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။
၃၃ႏွစ္သားဟာ အသင္းေဟာင္း ပီအက္စ္ဂ်ီမွာ စတားတစ္ဦး ျဖစ္ခဲ့ေပမဲ့ လူငယ္ကစားသမားေတြ ရွိေနတဲ့ ယူႏိုက္တက္ တုိက္စစ္ေနရာအတြက္ အံ၀င္မယ့္ပံု မေပၚခဲ့ပါဘူး။
ကာဗာနီဟာ ျပီးခဲ့တဲ့လ အဲဗာတန္နဲ႔ ပြဲစဥ္မွာ ယူႏိုက္တက္ ကစားသမားဘ၀ ပထမဆံုးဂိုးကို သြင္းယူေပးခဲ့ျပီး ေဆာက္သမ္တန္ကို Combackနဲ႔ အႏုိင္ရခဲ့တဲ့ပြဲမွာ ၂ဂိုး၊ အဲဗာတန္နဲ႔ ကာရာေဘာင္ဖလား ကြာတားဖုိင္နယ္မွာ ၁ဂိုး သြင္းယူေပးခဲ့ပါတယ္။
အလားတူ လက္စတာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ ေဘာက္ဆင္ေဒးပဲြစဥ္မွာလည္း ဘရူႏို ဖာနန္ဒက္စ္အတြက္ သြင္းဂိုးကို ဖန္တီးေပးခဲ့ျပီး ရက္ရွ္ဖို႔ဒ္က အသင္းေဖာ္သစ္ရဲ႕ ဂိုးေတြမွာ ပါ၀င္ပတ္သက္မႈအေပၚ ေက်နပ္ေနတာ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္က “သူက အရည္အခ်င္း အမ်ားၾကီးရွိတဲ့ ထိပ္တန္းကစားသမား ၁ဦး ျဖစ္ျပီး သူက အသင္းကို မတူညီတဲ့ေထာင့္တစ္ခုကေန ကူညီေပးခဲ့ပါတယ္။ သူနဲ႔ ကစားျပီး ဂိုးေတြသြင္းရတာ၊ ဖန္တီးမႈေတြ ျပဳလုပ္ရတာ ေကာင္းျပီး ကြ်န္ေတ္ာတို႔ၾကား အတြဲအဖက္ကို ဆက္လက္ ထိန္းသိမ္းထားဖို႔ လုိပါတယ္”
“အဲ့ဒီဂိုးအတြက္ေတာ့ ဘိုင္လီက ေဘာလံုးကိုင္ျပီး ခံစစ္လိုင္းေတြကို ေက်ာ္ကာ ေပးပုိ႔ခဲ့တယ္လို႔ ထင္ပါတယ္။ အီဒင္ဆင္ လွည့္လိုက္တာ ေတာ္ေတာ္ေကာင္းျပီး သူဆံုးျဖတ္ရမယ့္ အေျခအေနမွာ မကန္ေတာ့ပဲ လူေပးခဲ့ပါတယ္။ အဲ့ဒါက သြင္းဂိုးေကာင္း ျဖစ္ခဲ့ေပမဲ့ ဂိုးျပန္ေပးလိုက္ရတာက ခံရခက္ပါတယ္”
“အဲ့ဒါက အ၀တ္လဲခန္းထဲမွာ ကြ်န္ေတာ္တို႔အတြက္ ရႈံးသြားသလို ျဖစ္ေစပါတယ္။ ကြ်န္ေတာ္တို႔ ဒီပြဲကို အႏိုင္ရဖို႔ ထုိက္တန္တယ္လို႔ ထင္ျပီး ပဲြကို အႏိုင္ရဖို႔ အခြင့္အေရးေတြ ရခဲ့ေပမဲ့ ဂိုးမရခဲ့ပါဘူး။ အခုေတာ့ အင္အား ျပန္ျဖည့္ျပီး လာမယ့္ပဲြအတြက္ အာရုံစိုက္ရပါမယ္”လို႔ ေျပာခဲ့ပါတယ္။