ယူနိုက်တက် တိုက်စစ်က ဘယ်သူမှ မထိန်းနိုင်ဖြစ်စေမယ့် ကစားသမား အတွဲအဖက် ၄ယောက်ကို ပြောပြသွားတဲ့ ပေါလ်စခိုးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါလ်စခိုးလ်က ယူနိုက်တက်တိုက်စစ်က ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ၄ဦးဟာ ဘယ်သူမှ မထိန်းနိုင်တဲ့ ကစားသမားတွေအဖြစ် ယုံကြည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ လက်စတာနဲ့ ၂-၂ သရေကျခဲ့ပြီးနောက် ၁၀ပွဲဆက် အဝေးကွင်း နိုင်ပွဲစံချိန် ရပ်တန့်သွားခဲ့ပါတယ်။


ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဟာဗေး ဘန်းစ်က ပြန်လည် ချေပသွားခဲ့ပါတယ်။

ဖာန်ဒက်စ်က ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပေမဲ့ ဗာဒီရဲ့ နောက်ကျ ကန်ချက်က တွမ်ဇီဘီနဲ့ ထိကာ ဂိုးဝင်သွားခဲ့တာကြောင့် ၂ဂိုးစီ သရေပွဲ ဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ယခုအအချိန်မှာ တိုက်စစ်အစွမ်းပြနေပြီ ဖြစ်ပြီး နောက်ဆုံး ၃ပွဲမှာ ၁၁ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။


ဒါပေမဲ့ စခိုးလ် သုံးသပ်ပြခဲ့တဲ့ ယူနိုက်တက်အတွက် အတောင့်တင်းဆုံး တိုက်စစ်အတွဲအဖက်မှာ ယမန်နေ့ညကလည်း မပါဝင်ခဲ့တဲ့ ဂရင်းဝုဒ်လည်း ပါဝင်နေခဲ့ပါတယ်။

စခိုးလ်က “အကောင်းဆုံး ကစားသမားတွေကို သူ ချန်လှပ်ခဲ့ပြီး သူတို့ထဲမှာ ကာဗာနီကိုတော့ မထည့်ချင်ပါဘူး။ သူက ထိပ်တန်းတိုက်စစ်မှူးဆိုတာ သိပေမဲ့ သူ ရောက်လာတာ ကစားသမားဘ၀ နောက်ဆုံးအချိန်မှာပါ။ ကျွန်တော် ဂရင်းဝုဒ်အကြောင်း ပိုပြီး စဉ်းစားချင်ပါတယ်”

“သူဒီနေ့ပွဲမှာ မပါလာပေမဲ့ ဂရင်းဝုဒ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တွဲပေးပြီး ဖာနန်ဒက်စ်ကို နောက်မှာ ထားလိုက်ရင် ဘယ်သူကမှ ထိန်းနိုင်မယ်မထင်ပါဘူး။ အဲ့ဒါက အရမ်းကောင်းလွန်းပါတယ်။ ကာဗာနီကိုလည်း ရွေးချယ်စရာတစ်ခုအဖြစ် ထားနိုင်တာ ကောင်းပြီး အချို့ပွဲစဉ်တွေကို သူ ကစားနိုင်ပါတယ်”

“အရင်က ကျွန်တော် ပြောခဲ့သလို ယူနိုက်တက်မှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကစားသမား ၁၂ယောက်၊ ၁၃ယောက်၊ ၁၄ယောက်လောက် လိုအပ်ပြီး ခုထိလည်း အဲ့ဒီစကားက မှန်နေတုန်းပါပဲ။ ဒါပေမဲ့ လိဒ်နဲ့ ပွဲမှာ ဒန်နီရယ်ဂျိမ်းစ် ဝင်ကစားသလိုမျိုး သူကတို့ အခွင့်အရေး ရနိုင်ပါတယ်။ သူတို့ ဖလားရနိုင်လားဆိုတာတော့ မသိပါဘူး။ သူတို့ စိန်ခေါ်နိုင်တယ် ထင်ပေမဲ့ လီဗာပူးက ဒီလိဂ်က အခြားအသင်းတွေထက် အရမ်းကောင်းပြနေတာ မြင်တွေ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ တုိက္စစ္က ဘယ္သူမွ မထိန္းႏုိင္ျဖစ္ေစမယ့္ ကစားသမား အတြဲအဖက္ ၄ေယာက္ကို ေျပာျပသြားတဲ့ ေပါလ္စခိုးလ္

ေပါလ္စခိုးလ္က ယူႏုိ္က္တက္တုိက္စစ္က ရက္ရွ္ဖုိ႔ဒ္၊ မာရွယ္၊ ဂရင္း၀ုဒ္နဲ႔ ဘရူႏို ဖာနန္ဒက္စ္တုိ႔ ၄ဦးဟာ ဘယ္သူမွ မထိန္းႏုိင္တဲ့ ကစားသမားေတြအျဖစ္ ယံုၾကည္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ လက္စတာနဲ႔ ၂-၂ သေရက်ခဲ့ျပီးေနာက္ ၁၀ပြဲဆက္ အေ၀းကြင္း ႏိုင္ပြဲစံခ်ိန္ ရပ္တန္႔သြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္က ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုး သြင္းယူခဲ့ျပီး ဟာေဗး ဘန္းစ္က ျပန္လည္ ေခ်ပသြားခဲ့ပါတယ္။ ဖာန္ဒက္စ္က ဦးေဆာင္ဂိုး ထပ္သြင္းခဲ့ေပမဲ့ ဗာဒီရဲ႕ ေနာက္က် ကန္ခ်က္က တြမ္ဇီဘီနဲ႔ ထိကာ ဂိုး၀င္သြားခဲ့တာေၾကာင့္ ၂ဂိုးစီ သေရပြဲ ျဖစ္ခဲ့ရပါတယ္။

ယူႏုိက္တက္အသင္းဟာ ယခုအအခ်ိန္မွာ တုိက္စစ္အစြမ္းျပေနျပီ ျဖစ္ျပီး ေနာက္ဆံုး ၃ပဲြမွာ ၁၁ဂိုး သြင္းယူထားႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ စခိုးလ္ သံုးသပ္ျပခဲ့တဲ့ ယူႏုိက္တက္အတြက္ အေတာင့္တင္းဆံုး တုိက္စစ္အတြဲအဖက္မွာ ယမန္ေန႔ညကလည္း မပါ၀င္ခဲ့တဲ့ ဂရင္း၀ုဒ္လည္း ပါ၀င္ေနခဲ့ပါတယ္။ စခုိးလ္က “အေကာင္းဆံုး ကစားသမားေတြကို သူ ခ်န္လွပ္ခဲ့ျပီး သူတို႔ထဲမွာ ကာဗာနီကိုေတာ့ မထည့္ခ်င္ပါဘူး။ သူက ထိပ္တန္းတုိက္စစ္မွဴးဆုိတာ သိေပမဲ့ သူ ေရာက္လာတာ ကစားသမားဘ၀ ေနာက္ဆံဳးအခ်ိန္မွာပါ။ ကြ်န္ေတာ္ ဂရင္း၀ုဒ္အေၾကာင္း ပိုျပီး စဥ္းစားခ်င္ပါတယ္”

“သူဒီေန႔ပြဲမွာ မပါလာေပမဲ့ ဂရင္း၀ုဒ္၊ မာရွယ္၊ ရက္ရွ္ဖို႔ဒ္တြဲေပးျပီး ဖာနန္ဒက္စ္ကို ေနာက္မွာ ထားလိုက္ရင္ ဘယ္သူကမွ ထိန္းႏိုင္မယ္မထင္ပါဘူး။ အဲ့ဒါက အရမ္းေကာင္းလြန္းပါတယ္။ ကာဗာနီကိုလည္း ေရြးခ်ယ္စရာတစ္ခုအျဖစ္ ထားႏိုင္တာ ေကာင္းျပီး အခ်ိဳ႕ပဲြစဥ္ေတြကို သူ ကစားႏိုင္ပါတယ္”

“အရင္က ကြ်န္ေတာ္ ေျပာခဲ့သလို ယူႏုိက္တက္မွာ ၾကံ႕ခိုင္မႈ ျပည့္၀တဲ့ ကစားသမား ၁၂ေယာက္၊ ၁၃ေယာက္၊ ၁၄ေယာက္ေလာက္ လိုအပ္ျပီး ခုထိလည္း အဲ့ဒီစကားက မွန္ေနတုန္းပါပဲ။ ဒါေပမဲ့ လိဒ္နဲ႔ ပဲြမွာ ဒန္နီရယ္ဂ်ိမ္းစ္ ၀င္ကစားသလိုမ်ိဳး သူကတို႔ အခြင့္အေရး ရႏိုင္ပါတယ္။ သူတို႔ ဖလားရႏိုင္လားဆုိတာေတာ့ မသိပါဘူး။ သူတို႔ စိန္ေခၚႏိုင္တယ္ ထင္ေပမဲ့ လီဗာပူးက ဒီလိဂ္က အျခားအသင္းေတြထက္ အရမ္းေကာင္းျပေနတာ ျမင္ေတြ႕ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။