ယူနိုက်တက် ဒုတိယနေရာကို ရောက်လာတာဟာ မတော်တဆမဟုတ်ဘူးလို့ ဂိုးသမားဟောင်း သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းအမှတ်ပေးဇယား ဒုတိယနေရာကိုရောက်လာတာဟာ မတော်တ ဆမဟုတ်ဘူးလို့ ကက်ဇက်ခ်က ဖွင့်ဟလိုက်ပြီး ဆိုးလ်ရှားဟာ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ထုတ်ဖော်ပြာကြားလိုက်ပါတယ်။

နော်ဝေသားဟာ နည်းစနစ်ပိုင်းတွေကြောင့် ချီးကျူးခြင်းသိပ်မခံရဘဲ အနိမ့်အမြင့်တွေကြောင့် မေးခွန်းထုတ်ခြင်းကိုသာ ခံခဲ့ရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ အမှတ်ပေးဇယားအဆင့် ၁ နေရာက လီဗာပူးအသင်းနဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က နည်းပြကြီး ဖာဂူဆန်အနားယူပြီးနောက် ယူနိုက်တက်ဟာ ရုန်းကန်နေရပြီး ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။

ချန်ပီယံဆုနဲ့ပတ်သက်ပြီး ကက်ဇက်ခ်က ယူနိုက်တက်ဟာ အကောင်းဆုံးအနေအထားတစ်ရပ်မှာရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ “ဘောလုံးမှာက လိဂ် နဲ့ ဥရောပမှာအောင်မြင်တယ်ဆိုရင် ချီးကျူးမှုတွေရမှာ သေချာပါတယ်။ ဆာအဲလက်စ်က ၂၆ နှစ်အတွင်းမှာ အဲ့လိုဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

သူဟာယူနိုက်တက်ကို အသင်းကောင်းတစ်သင်းဖြစအောင် တည်ထောင်ခဲ့ပြီး ချန်ပီယံဆုတွေရယူပေးခဲ့ပါတယ်။ သူထွက်သွားပြီးနောက် အသင်းက အခြေအနေတော်တော်ဆိုးပါတယ်။ ပရိသတ်တွေကလည်း ယူနိုက်တက်ကို ထိပ်ဆုံးနေရာမှာ မြင်ချင်ကြပါတယ်။ ဒါပေမဲ့ အဲ့လိုမျိုးဖြစ်မလာပါဘူး။ အပြောင်းအလဲကာလတစ်ခုမှာတော့ အချိန်လိုအပ်ပါတယ်။ အိုလီကတော့ အခုဆို ပရိသတ်တွေထံကကော အသင်းပိုင်ရှင်ထံကပါ ယုံကြည်မှုရရှိနေပြီလို့ ထင်ပါတယ်။ သံသယသမားတွေကို အကောင်းဆုံးသက်သေပြနေပါတယ်။ သူယူနိုက်တက်ကို အကောင်းဆုံးဦးဆောင်နေပါတယ်။

ဒုတိယနေရာကိုရောက်လာတာ မတော်တဆမဟုတ်ပါဘူး”လို့ ကက်ဇက်ခ်က ပြောကြားခဲ့ပါတယ်။ “ဒီရာသီကိုကြည့်ရင် အတက်အကျများနေပါတယ်။ အခုဆိုထိပ်ပိုင်းမှာမြင်ရတဲ့အတွက် အရမ်းကျေနပ်ပါတယ်။ အခုဆို ဒုတိယနေရာမှာရောက်နေပါပြီ။ ပွဲတိုင်းကို စိတ်ဓာတ်ပိုင်းအပြည့်နဲ့ကစားမယ်ဆိုရင် ချန်ပီယံဆုတောင် မှန်းလို့ရပါတယ်”လို့ ကက်ဇက်ခ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

“အတိတ်ကာလတုန်းက ယူနိုက်တက်ရဲ့အားသာချက်က တိုက်စစ်တင်မဟုတ်ဘဲ ခံစစ်မှာပါကောင်းတာပါ။ အခုတော့ တိုးတက်လာနေပါတယ်။ ဒါပေမဲ့ လက်စတာနဲ့ပွဲတုန်းကဆို ၂ ဂိုးသွင်းပြီးမှာ ၂ ဂိုးပြန်ပေးလိုက်ရတာပါ။ ပရီးမီးယားလိဂ်ဖလားရချင်တယ်ဆိုရင် ပွဲတွေကို ဘယ်လိုနိုင်အောင်ကစားရမယ်ဆိုတာကို သင်ယူသင့်ပါတယ်။ အရင်တုန်းက ယူနိုက်တက်ဆိုအိမ်ကွင်းအဝေးကွင်းမရွေး ကောင်းခဲ့တာပါ”လို့ ကက်ဇက်ခ်က ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ ဒုတိယေနရာကို ေရာက္လာတာဟာ မေတာ္တဆမဟုတ္ဘူးလို႔ ဂိုးသမားေဟာင္း သံုးသပ္

ယူႏိုက္တက္အသင္းအမွတ္ေပးဇယား ဒုတိယေနရာကိုေရာက္လာတာဟာ မေတာ္တ ဆမဟုတ္ဘူးလို႔ ကက္ဇက္ခ္က ဖြင့္ဟလိုက္ျပီး ဆိုးလ္ရွားဟာ အေကာင္းဆံုးလုပ္ေဆာင္ေနတယ္လို႔ ထုတ္ေဖာ္ျပာၾကားလိုက္ပါတယ္။ ေနာ္ေ၀သားဟာ နည္းစနစ္ပိုင္းေတြေၾကာင့္ ခ်ီးက်ဴးျခင္းသိပ္မခံရဘဲ အနိမ့္အျမင့္ေတြေၾကာင့္ ေမးခြန္းထုတ္ျခင္းကိုသာ ခံခဲ့ရပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ဟာ စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔အတူ အမွတ္ေပးဇယားအဆင့္ ၁ ေနရာက လီဗာပူးအသင္းနဲ႔ ၃ မွတ္အကြာကို ေရာက္ရွိလာခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္က နည္းျပၾကီး ဖာဂူဆန္အနားယူျပီးေနာက္ ယူႏိုက္တက္ဟာ ရုန္းကန္ေနရျပီး ဆုဖလားေတြနဲ႔ ေ၀းကြာေနခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံဆုနဲ႔ပတ္သက္ျပီး ကက္ဇက္ခ္က ယူႏိုက္တက္ဟာ အေကာင္းဆံုးအေနအထားတစ္ရပ္မွာရွိေနတယ္လုိ႔ ဆိုခဲ့ပါတယ္။ “ေဘာလံုးမွာက လိဂ္ နဲ႔ ဥေရာပမွာေအာင္ျမင္တယ္ဆုိရင္ ခ်ီးက်ဴးမႈေတြရမွာ ေသခ်ာပါတယ္။ ဆာအဲလက္စ္က ၂၆ ႏွစ္အတြင္းမွာ အဲ့လိုျဖစ္ေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။ သူဟာယူႏိုက္တက္ကို အသင္းေကာင္းတစ္သင္းျဖစေအာင္ တည္ေထာင္ခဲ့ျပီး ခ်န္ပီယံဆုေတြရယူေပးခဲ့့ပါတယ္။

သူထြက္သြားျပီးေနာက္ အသင္းက အေျခအေနေတာ္ေတာ္ဆိုးပါတယ္။ ပရိသတ္ေတြကလည္း ယူႏိုက္တက္ကို ထိပ္ဆံုးေနရာမွာ ျမင္ခ်င္ၾကပါတယ္။ ဒါေပမဲ့ အဲ့လိုမ်ိဳးျဖစ္မလာပါဘူး။ အေျပာင္းအလဲကာလတစ္ခုမွာေတာ့ အခ်ိန္လုိအပ္ပါတယ္။ အိုလီကေတာ့ အခုဆို ပရိသတ္ေတြထံကေကာ အသင္းပိုင္ရွင္ထံကပါ ယံုၾကည္မႈရရွိေနျပီလို႔ ထင္ပါတယ္။ သံသယသမားေတြကို အေကာင္းဆံုးသက္ေသျပေနပါတယ္။ သူယူႏုိက္တက္ကို အေကာင္းဆံုးဦးေဆာင္ေနပါတယ္။ ဒုတိယေနရာကိုေရာက္လာတာ မေတာ္တဆမဟုတ္ပါဘူး”လို႔ ကက္ဇက္ခ္က ေျပာၾကားခဲ့ပါတယ္။

“ဒီရာသီကိုၾကည့္ရင္ အတက္အက်မ်ားေနပါတယ္။ အခုဆိုထိပ္ပိုင္းမွာျမင္ရတဲ့အတြက္ အရမ္းေက်နပ္ပါတယ္။ အခုဆုိ ဒုတိယေနရာမွာေရာက္ေနပါျပီ။ ပြဲတိုင္းကို စိတ္ဓာတ္ပိုင္းအျပည့္နဲ႔ကစားမယ္ဆိုရင္ ခ်န္ပီယံဆုေတာင္ မွန္းလို႔ရပါတယ္”လို႔ ကက္ဇက္ခ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ “အတိတ္ကာလတုန္းက ယူႏိုက္တက္ရဲ႕အားသာခ်က္က တိုက္စစ္တင္မဟုတ္ဘဲ ခံစစ္မွာပါေကာင္းတာပါ။ အခုေတာ့ တိုးတက္လာေနပါတယ္။ ဒါေပမဲ့ လက္စတာနဲ႔ပြဲတုန္းကဆို ၂ ဂိုးသြင္းျပီးမွာ ၂ ဂိုးျပန္ေပးလုိက္ရတာပါ။ ပရီးမီးယားလိဂ္ဖလားရခ်င္တယ္ဆုိရင္ ပြဲေတြကုိ ဘယ္လုိႏိုင္ေအာင္ကစားရမယ္ဆိုတာကို သင္ယူသင့္ပါတယ္။အရင္တုန္းက ယူႏုိက္တက္ဆိုအိမ္ကြင္းအေ၀းကြင္းမေရြး ေကာင္းခဲ့တာပါ”လို႔ ကက္ဇက္ခ္က ေျပာၾကားခဲ့ပါတယ္။