ယူနိုက်တက် ဘယ်လိုကစားသွားပြီး…ဘယ်သူတွေညံခဲ့ကြလဲ…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် လိုက်ဇစ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ပြီ အဆုံးသတ်မှာတော့ လိုက်ဇစ်က (၃-၂) နဲ့အနိုင်ယူသွားတာကိုခံခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ညတွေကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ မရဏအုပ်စုမှာ ကျရောက်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ အုပ်စုမဲခွဲစဉ်ကတည်းကနောက်တစ်ဆင့်တက်ဖို့မလွယ်ကူလောက်ဘူးလို့သုံးသပ်ခဲ့ကြပေမယ့် အံသြသင့်ခဲ့ရတဲ့ နိုင်ပွဲတွေနဲ့ အဖွင့်ပွဲစဉ်တွေလှခဲ့ပါတယ်။ ဒါပေမယ့် အစ္စတန်ဘူလ်မြေက ရှုံးပွဲဟာ ထိချက်နာခဲ့သလို အရေးပါဆုံး အချိန်မှာလည်း နှစ်ပွဲဆက်ရှုံးခဲ့တာကြောင့် ဒီည ရှုံးပွဲအပြီးမှာ ယူရိုပါလိဂ်ပြိုင်ပွဲဆီကိုသာ ရောက်ရှိသွားခဲ့ပါတယ်။

ဒီညမှာ ယူနိုက်တက်ဟာ လိုက်ဇစ် ရဲ့ လျင်မြန်တဲ့ တိုက်စစ်အချိတ်အဆက်တွေကို ကြုံခဲ့ရပြီး ပွဲအစ (၂) မိနစ်မှာတင် အန်ဂျလီနိုက အဖွင့်ဂိုးကို စတင်သွင်းယူသွားခဲ့ပါတယ်။

နောက်ထပ် (၁၀)မိနစ်အကြာမှာ အန်ဂျလီနိုရဲ့ ဖန်တီးပေးမှုကနေ ဟိုက်ဒရာက ဒုတိယဂိုးကို ထပ်မံ သွင်းယူ သွားခဲ့တာကြောင့် ယူနိုက်တက်ဟာ ပွဲအစမှာတင် နှစ်ဂိုးပေးခဲ့ရပါတယ်။ လိုက်ပစ်ဇ်ရဲ့ လျင်မြန်တဲ့ ကစားပုံကြောင့် ပထမပိုင်းမှာ ယူနိုက်တက်ဟာ ကစားကွက်တောင် ကောင်းကောင်းမတည်နိုင်ဖြစ်ခဲ့ရပါတယ်။


ဒုတိယပိုင်း ပြန်လည် စတင်ပြီးနောက် ပွဲချိန် (၆၉) မိနစ်မှာ လိုက်ဇစ်အတွက် တတိယမြောက်ဂိုးကို နယ်သာလန်နိုင်ငံသား ဂျက်စတင်းကလွိုက်ဗက်က သွင်းယူခဲ့တာဖြစ်ပြီး ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုရဲ့ လူထိဖြတ်တင်ဘောကို ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားရော ဂိုးသမား ဒီဂီယာပါ မတားဆီးခဲ့ရာကနေ

 

ကလွိုက်ဗက်က အသာလေးမတင်ကန်သွင်းသွားခဲ့ပါတာကြောင့် ဒီပွဲစဉ်ဟာ ယူနိုက်တက်အတွက် ပြီးဆုံးသွားခဲ့ပြီလိုယူဆခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံး (၁၀) မိနစ်ကတော့ ယူနိုက်တက်အတွက် နောက်တစ်ဆင့်တက်နိုင်မယ့် မျှော်လင့်ချက်ရောင်နီသန်းခဲ့ပါတယ် မိနစ် (၈၀) မှာ ဘရူနိုရဲ့ ပယ်နယ်တီ၊ နှစ်မိနစ်အကြာမှာ ပေါ့ဘာရဲ့ ခေါင်းတိုက်သွင်းဂိုးတို့တွေကြောင့် comebackပွဲတစ်ပွဲဖြစ်လာမလားဆိုပြီး မျှော်လင့်ချက်ပိုရှိလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းသားတွေကလည်း လိုအပ်နေတဲ့ တစ်ဂိုးအတွက် အသည်းအသန်တိုက်စစ်ဆင်ခဲ့ရာမှာ ပွဲပြီးခါနီးနာကျင်အချိန်ပို(၄)မိနစ်မှာ ပေါ့ဘာရဲ့ ဖြတ်တင်ဘောကနေ လိုက်ပစ်ဇ်တို့ ကိုယ့်ဂိုးကိုယ်သွင်းမိမလို ဖြစ်ခဲ့ပေမယ့် လိုက်ဇစ်ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့တာကြောင့် (၃)ဂိုးစီ သရေကျမယ့်အခွင့်အရေးဆုံးရှုံးသွားခဲ့ရပါတယ်။

ဒီပွဲမှာတော့ စွမ်းဆောင်ရည် အထူးညံ့ခဲ့ကြတာက ယူနိုက်တက် ခံစစ် ကစားသမားတွေ နဲ့ ဂိုးသမား ဒီဂီယာ တို့ပဲ ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ အထူးညံ့ခဲ့ကြသူတွေ

ဒေးဗစ် ဒီဂီယာ (၄.၀)၊ လင်ဒီလော့ဖ် ( ၄.၅ )၊ ရှော ( ၄.၂ )၊ မက်ဂွားယား ( ၄.၀ )
ဒီပွဲမှာ မက်ဂွားယားဟာအသင်းအတွက် ဘာမှ ဦးဆောင်မှုမပေးနိုင်ခဲ့ပါဘူး။

အလယ်အလပ်အဆင့်သာ ကစားနိုင်ခဲ့ကြသူများ

ဝမ်ဘစ်ဆာကာ ( ၃.၅ )၊ မာတစ် ( ၄.၈ )၊ အဲလက်စ် တဲလက်စ် ( ၄.၄ )၊ မက် တော်မီနေး ( ၄.၉ )
တော်မီနေးဟာ ဒီပွဲမှာကစားပုံ အတော်အသင့် ကောင်းမွန်ခဲ့ပြီး ရပ်ရှ်ဖို့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတစ်ချို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးစွမ်းဆောင်ခဲ့သူများ

ဘရူနို ဖာနန်ဒက်စ် ( ၆.၆ )

ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ နိုင်ပွဲ ရရှိဖို့ မခိုမကပ် ကြိုးစား အားထုတ်ခဲ့သလို ပင်နယ်တီ ကနေ သွင်းဂိုးတစ်ဂိုးရယူပေးခဲ့ပါတယ်။ ဖရီးကစ် ကန်ချက် ဂိုးဘား ထိခဲ့တာကတော့ နှမျောစရာပါပဲ ။

ရပ်ရှ်ဖို့ ( ၅.၁ )၊ ဂရင်းဝုဒ် ( ၅.၉ ) ၊ ပေါ့ဂ်ဘာ ( ၆.၈ )

ဒုတိယပိုင်း (၆၁)မိနစ်မှာ လူစားဝင်လာတဲ့ပေါ့ဂ်ဘာကြောင့် ယူနိုက်တက်အသင်းအတွက် မျှော်လင့်ချက်ရောင်နီသန်းစေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ ဘယ္လိုကစားသြားၿပီး…ဘယ္သူေတြညံခဲ့ၾကလဲ…?

ယူႏိုက္တက္ အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု ေနာက္ဆုံး ပြဲစဥ္ အျဖစ္ လိုက္ဇစ္ အသင္းနဲ႔ ရင္ဆိုင္ ကစားခဲ့ၿပီ အဆုံးသတ္မွာေတာ့ လိုက္ဇစ္က (၃-၂) နဲ႔အႏိုင္ယူသြားတာကိုခံခဲ့ရပါတယ္။ ယူႏိုက္တက္ရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္ ညေတြကေတာ့ အဆုံးသတ္သြားခဲ့ပါၿပီ။ မရဏအုပ္စုမွာ က်ေရာက္ခဲ့တဲ့ ယူႏိုက္တက္အေနနဲ႔ အုပ္စုမဲခြဲစဥ္ကတည္းကေနာက္တစ္ဆင့္တက္ဖို႔မလြယ္ကူေလာက္ဘူးလို႔သုံးသပ္ခဲ့ၾကေပမယ့္ အံၾသသင့္ခဲ့ရတဲ့ ႏိုင္ပြဲေတြနဲ႔ အဖြင့္ပြဲစဥ္ေတြလွခဲ့ပါတယ္။ ဒါေပမယ့္ အစၥတန္ဘူလ္ေျမက ရႈံးပြဲဟာ ထိခ်က္နာခဲ့သလို အေရးပါဆုံး အခ်ိန္မွာလည္း ႏွစ္ပြဲဆက္ရႈံးခဲ့တာေၾကာင့္ ဒီည ရႈံးပြဲအၿပီးမွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲဆီကိုသာ ေရာက္ရွိသြားခဲ့ပါတယ္။

ဒီညမွာ ယူႏိုက္တက္ဟာ လိုက္ဇစ္ ရဲ႕ လ်င္ျမန္တဲ့ တိုက္စစ္အခ်ိတ္အဆက္ေတြကို ႀကဳံခဲ့ရၿပီး ပြဲအစ (၂) မိနစ္မွာတင္ အန္ဂ်လီႏိုက အဖြင့္ဂိုးကို စတင္သြင္းယူသြားခဲ့ပါတယ္။ ေနာက္ထပ္ (၁၀)မိနစ္အၾကာမွာ အန္ဂ်လီႏိုရဲ႕ ဖန္တီးေပးမႈကေန ဟိုက္ဒရာက ဒုတိယဂိုးကို ထပ္မံ သြင္းယူ သြားခဲ့တာေၾကာင့္ ယူႏိုက္တက္ဟာ ပြဲအစမွာတင္ ႏွစ္ဂိုးေပးခဲ့ရပါတယ္။ လိုက္ပစ္ဇ္ရဲ႕ လ်င္ျမန္တဲ့ ကစားပုံေၾကာင့္ ပထမပိုင္းမွာ ယူႏိုက္တက္ဟာ ကစားကြက္ေတာင္ ေကာင္းေကာင္းမတည္ႏိုင္ျဖစ္ခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္လည္ စတင္ၿပီးေနာက္ ပြဲခ်ိန္ (၆၉) မိနစ္မွာ လိုက္ဇစ္အတြက္ တတိယေျမာက္ဂိုးကို နယ္သာလန္ႏိုင္ငံသား ဂ်က္စတင္းကလြိဳက္ဗက္က သြင္းယူခဲ့တာျဖစ္ၿပီး ဘယ္ေနာက္ခံလူ အိန္ဂ်ယ္လီႏိုရဲ႕ လူထိျဖတ္တင္ေဘာကို ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားေရာ ဂိုးသမား ဒီဂီယာပါ မတားဆီးခဲ့ရာကေန ကလြိဳက္ဗက္က အသာေလးမတင္ကန္သြင္းသြားခဲ့ပါတာေၾကာင့္ ဒီပြဲစဥ္ဟာ ယူႏိုက္တက္အတြက္ ၿပီးဆုံးသြားခဲ့ၿပီလိုယူဆခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံး (၁၀) မိနစ္ကေတာ့ ယူႏိုက္တက္အတြက္ ေနာက္တစ္ဆင့္တက္ႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္ေရာင္နီသန္းခဲ့ပါတယ္ မိနစ္ (၈၀) မွာ ဘ႐ူႏိုရဲ႕ ပယ္နယ္တီ၊ ႏွစ္မိနစ္အၾကာမွာ ေပါ့ဘာရဲ႕ ေခါင္းတိုက္သြင္းဂိုးတို႔ေတြေၾကာင့္ comebackပြဲတစ္ပြဲျဖစ္လာမလားဆိုၿပီး ေမွ်ာ္လင့္ခ်က္ပိုရွိလာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းသားေတြကလည္း လိုအပ္ေနတဲ့ တစ္ဂိုးအတြက္ အသည္းအသန္တိုက္စစ္ဆင္ခဲ့ရာမွာ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပို(၄)မိနစ္မွာ ေပါ့ဘာရဲ႕ ျဖတ္တင္ေဘာကေန လိုက္ပစ္ဇ္တို႔ ကိုယ့္ဂိုးကိုယ္သြင္းမိမလို ျဖစ္ခဲ့ေပမယ့္ လိုက္ဇစ္ဂိုးသမားက ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ (၃)ဂိုးစီ သေရက်မယ့္အခြင့္အေရးဆုံးရႈံးသြားခဲ့ရပါတယ္။ ဒီပြဲမွာေတာ့ စြမ္းေဆာင္ရည္ အထူးညံ့ခဲ့ၾကတာက ယူႏိုက္တက္ ခံစစ္ ကစားသမားေတြ နဲ႔ ဂိုးသမား ဒီဂီယာ တို႔ပဲ ျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာ အထူးညံ့ခဲ့ၾကသူေတြ

ေဒးဗစ္ ဒီဂီယာ (၄.၀)၊ လင္ဒီေလာ့ဖ္ ( ၄.၅ )၊ ေရွာ ( ၄.၂ )၊ မက္ဂြားယား ( ၄.၀ )
ဒီပြဲမွာ မက္ဂြားယားဟာအသင္းအတြက္ ဘာမွ ဦးေဆာင္မႈမေပးႏိုင္ခဲ့ပါဘူး။

အလယ္အလပ္အဆင့္သာ ကစားႏိုင္ခဲ့ၾကသူမ်ား

ဝမ္ဘစ္ဆာကာ ( ၃.၅ )၊ မာတစ္ ( ၄.၈ )၊ အဲလက္စ္ တဲလက္စ္ ( ၄.၄ )၊ မက္ ေတာ္မီေနး ( ၄.၉ )
ေတာ္မီေနးဟာ ဒီပြဲမွာကစားပုံ အေတာ္အသင့္ ေကာင္းမြန္ခဲ့ၿပီး ရပ္ရွ္ဖို႔ ဂိုးသြင္းႏိုင္မယ့္ အခြင့္အေရးတစ္ခ်ိဳ႕ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ရႈံးနိမ့္ခဲ့ေပမယ့္ အေကာင္းဆုံးစြမ္းေဆာင္ခဲ့သူမ်ား

ဘ႐ူႏို ဖာနန္ဒက္စ္ ( ၆.၆ )
ယူႏိုက္တက္ အသင္းရဲ႕ အေကာင္းဆုံး ကစားသမားပါပဲ။ ႏိုင္ပြဲ ရရွိဖို႔ မခိုမကပ္ ႀကိဳးစား အားထုတ္ခဲ့သလို ပင္နယ္တီ ကေန သြင္းဂိုးတစ္ဂိုးရယူေပးခဲ့ပါတယ္။ ဖရီးကစ္ ကန္ခ်က္ ဂိုးဘား ထိခဲ့တာကေတာ့ ႏွေမ်ာစရာပါပဲ ။

ရပ္ရွ္ဖို႔ ( ၅.၁ )၊ ဂရင္းဝုဒ္ ( ၅.၉ ) ၊ ေပါ့ဂ္ဘာ ( ၆.၈ )
ဒုတိယပိုင္း (၆၁)မိနစ္မွာ လူစားဝင္လာတဲ့ေပါ့ဂ္ဘာေၾကာင့္ ယူႏိုက္တက္အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္နီသန္းေစခဲ့ပါတယ္။