ယူနိုက်တက် လာမယ့် နှစ် ၃၀ ချန်ပီယံဆုမရလည်း အံ့သြစရာမရှိဘူးလို့ ကလော့ပ် ဒဲ့ပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးနည်းပြ ကလော့ပ်က ယူနိုက်တက်အနေနဲ့နှစ် ၃၀ လောက်အထိ ချန်ပီယံဆုမရလည်း အံ့သြစရာမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကလော့ပ်ရဲ့လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်ကမှ နှစ် (၃၀) ကြာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကလော့ပ်မတိုင်မီလက်ထက်က အင်္ဂလန်ပြည်တွင်း အမှတ်ပေး ချန်ပီယံဆုကို ၁၉၉၀ခုနှစ်မှာ နောက်ဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဲ့သည့်အချိန်က အမှတ်ပေးပြိုင်ပွဲကို First Division လို့သာခေါ်ဆိုခဲ့ပြီး ၁၉၉၂-၉၃ရာသီရောက်မှသာ အခုခေါ်ဆိုနေကြတဲ့ ပရီမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကလော့ပ်ဟာ လီဗာပူးအသင်းရဲ့သမိုင်းမှာ ပရီမီးယားလိဂ်ဖလားရယူပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်နေပါတယ်။

ယူနိုက်တက်တော့ ၂၀၁၃ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး ကလော့ပ်က အဆိုပါအခြေအနေကို မအံ့သြမိဘူးလို့ ဆိုခဲ့ပါတယ်။

“လက်ရှိယူနိုက်တက်အနေအထားက အကောင်းဆုံးဖြစ်နေပါတယ်။ းါပေမဲ့ နောက်နှစ် ၃၀ လောက်အထိ ဘာဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။

ယူနိုက်တက် နောက်ဆုံး ၈ နှစ်ကို ချန်ပီယံမဖြစ်တာ မအံ့သြမိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ထိပ်တန်းအဆင့်မှာရှိမနေလို့ပါ။ အဲ့တာကြောင့် ချန်ပီယံမဖြစ်တာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၇ မှတ်အထိဖြတ်ပြီး ချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိရာသီမှာတော့ ချန်ပီယံဆုကိုစိန်ခေါ်မယ့်အသင်းတွေများပြားလာခဲ့ပြီး ချန်ပီယံဆုကာကွယ်ဖို့ လီဗာပူးအသင်းအနေနဲ့ အသည်းအသန်ကြိုးစားရဖွယ်ရှိနေပါတယ်။ ဂျာမန်သားကတော့ လက်ရှိအနေအထားက ပိုပြီးတော့ ဖျော်ဖြေမှုပေးလာစေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

“လက်ရှိပရီးမီးယားလိဂ်အနေအထားက ပိုစိတ်လှုပ်ရှားဖို့ကောင်းလာပါတယ်။ တစ်သင်းတည်းနှစ်တိုင်းရနေရင် ပျင်းဖို့ကောင်းလာပါတယ်။ အသင်းအလှည့်အပြောင်းလေးဖြစ်မှ စိတ်ဝင်စားဖို့ကောင်းတာပါ။ ဒီရာသီမှာဆို အသင်း ၅ သင်းလောက် ချန်ပီယံဆုအတွက် ရေပန်းစားနေပါတယ်။

ကျွန်တော်တို့လည်း ချန်ပီယံဆုကာကွယ်ဖို့ လုပ်ဆောင်သွားမှာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္ လာမယ့္ ႏွစ္ ၃၀ ခ်န္ပီယံဆုမရလည္း အံ့ၾသစရာမရွိဘူးလို႔ ကေလာ့ပ္ ဒဲ့ေျပာျပီ

လီဗာပူးနည္းျပ ကေလာ့ပ္က ယူႏိုက္တက္အေနနဲ႔ႏွစ္ ၃၀ ေလာက္အထိ ခ်န္ပီယံဆုမရလည္း အံ့ၾသစရာမရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ကေလာ့ပ္ရဲ႕လီဗာပူးဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ ႏွစ္ (၃၀) ၾကာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ေဝးကြာေနမႈကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ ကေလာ့ပ္မတိုင္မီလက္ထက္က အဂၤလန္ျပည္တြင္း အမွတ္ေပး ခ်န္ပီယံဆုကို ၁၉၉၀ခုႏွစ္မွာ ေနာက္ဆံုးရရွိခဲ့တာလည္းျဖစ္ပါတယ္။ အဲ့သည့္အခ်ိန္က အမွတ္ေပးျပိုင္ပြဲကို First Division လို႕သာေခၚဆိုခဲ့ၿပီး ၁၉၉၂-၉၃ရာသီေရာက္မွသာ အခုေခၚဆိုေနၾကတဲ့ ပရီမီးယားလိဂ္လို႔ အမည္ေျပာင္းလဲခဲ့တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလာ့ပ္ဟာ လီဗာပူးအသင္းရဲ႕သမိုင္းမွာ ပရီမီးယားလိဂ္ဖလားရယူေပးႏိုင္တဲ့ ပထမဆံုးနည္းျပအျဖစ္မွတ္တမ္းဝင္ေနပါတယ္။ ယူႏိုက္တက္ေတာ့ ၂၀၁၃ ခုႏွစ္ကတည္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ေ၀းကြာေနခဲ့တာျဖစ္ျပီး ကေလာ့ပ္က အဆိုပါအေျခအေနကို မအံ့ၾသမိဘူးလို႔ ဆိုခဲ့ပါတယ္။

“လက္ရွိယူႏုိက္တက္အေနအထားက အေကာင္းဆံုးျဖစ္ေနပါတယ္။ းါေပမဲ့ ေနာက္ႏွစ္ ၃၀ ေလာက္အထိ ဘာျဖစ္မလဲဆုိတာ ကြ်န္ေတာ္မသိပါဘူး။ ယူႏိုက္တက္ ေနာက္ဆံုး ၈ ႏွစ္ကို ခ်န္ပီယံမျဖစ္တာ မအံ့ၾသမိပါဘူး။ ဘာလုိ႔လဲဆုိေတာ့ သူတို႔က ထိပ္တန္းအဆင့္မွာရွိမေနလို႔ပါ။ အဲ့တာေၾကာင့္ ခ်န္ပီယံမျဖစ္တာပါ”လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။ ကေလာ့ပ္ရဲ႕လီဗာပူးအသင္းဟာ ျပီးခဲဲ့တဲ့ရာသီတုန္းက ၁၇ မွတ္အထိျဖတ္ျပီး ခ်န္ပီယံဆုရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ လက္ရွိရာသီမွာေတာ့ ခ်န္ပီယံဆုကိုစိန္ေခၚမယ့္အသင္းေတြမ်ားျပားလာခဲ့ျပီး ခ်န္ပီယံဆုကာကြယ္ဖို႔ လီဗာပူးအသင္းအေနနဲ႔ အသည္းအသန္ၾကိဳးစားရဖြယ္ရွိေနပါတယ္။ ဂ်ာမန္သားကေတာ့ လက္ရွိအေနအထားက ပိုျပီးေတာ့ ေဖ်ာ္ေျဖမႈေပးလာေစတယ္လုိ႔ ၀န္ခံေျပာၾကားလိုက္ပါတယ္။ “လက္ရွိပရီးမီးယားလိဂ္အေနအထားက ပိုစိတ္လႈပ္ရွားဖို႔ေကာင္းလာပါတယ္။ တစ္သင္းတည္းႏွစ္တိုင္းရေနရင္ ပ်င္းဖို႔ေကာင္းလာပါတယ္။

အသင္းအလွည့္အေျပာင္းေလးျဖစ္မွ စိတ္၀င္စားဖို႔ေကာင္းတာပါ။ ဒီရာသီမွာဆို အသင္း ၅ သင္းေလာက္ ခ်န္ပီယံဆုအတြက္ ေရပန္းစားေနပါတယ္။ ကြ်န္ေတာ္တို႔လည္း ခ်န္ပီယံဆုကာကြယ္ဖို႔ လုပ္ေဆာင္သြားမွာပါ”လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။